ဆားဆော်ဒါ

ဆားဆော်ဒါကိုcity mart တွေမှာနာမည်ပြောပြီးဝယ်လို့ရပါတယ်။သိပ်ဈေးမကြီးပေမည့်ကျန်းမာရေးအတွက်နဲ့အလှအပရေးရာတွေအတွက်အတော်ကောင်းပါတယ်။

၁။အနံပျောက်ဆေးအနေနဲ့သုံးလို့ရပါတယ်။ဆားဆော်ဒါတစ်စွန်းကိုရေအနေတော်ထည့်ပြီးဖော်ပါ။ဂျိုင်းနဲ့ခြေထောက်တွေလိမ်းပေးလျှင်အနံဆိုးထွက်တာသက်သာစေတယ်။

၂။ဆားဆော်ဒါကိုရေနဲ့ဖျော်ပြီးလက်တွေ၊ခြေထောက်တွေလိမ်းပေးလျှင်သန့်ရှင်း၊နူးညံ့လာစေပါတယ်။

၃။နေရောင်ဒဏ်ရာ၊ဓာတ်မတည့်တာကြောင့်ဖြစ်တဲ့အစက်အပြောက်တွေကိုဆားဆော်ဒါကိုရေနဲ့ပြစ်ပြစ်ဖျော်ပြီးလိမ်းပေးလို့ရပါတယ်။

၎။ဆူးစူးပြီးနှုတ်လို့မရလျှင်ဆားဆော်ဒါကိုရေနွေးနဲ့ဖျော်ပြီးတစ်နေ့နှစ်ကြိမ်ဖန်ရေဆေးပေးပါ။

၅။တစ်ကိုယ်လုံးနေလောင်ခံထားရတယ်ဆိုလျှင်ရေချိုးဇလုံထဲဆားဆော်ဒါထည့်ပြီးရေချိုးပေးပါ။နေလောင်ဒဏ်ရာလျှင်မြန်စွာပျောက်စေပါတယ်။Body lotion ထဲဆားဆော်ဒါထည့်ပြီးလည်းလူးလို့ရပါတယ်။

၆။ခေါင်းလျှော်ရည်ထဲဆားဆော်ဒါထည့်လျှော်ရင်ဆံသားပေါ်ကအညစ်အကြေးနဲ့မကောင်းတဲ့အဆီကိုဖယ်ရှားနိုင်ပါတယ်။

၇။သွားကြေးချွတ်လို့ရတယ်ပြောပါတယ်။သတိထားရမှာကတစ်ပတ်ကိုနှစ်ကြိမ်းသုံးကြိမ်ပဲလူပ်ပါ။ဒါကသွားကကြွေတွေကိုပါစားသွားတတ်ပါတယ်။

၈။ဆားဆော်ဒါကိုရေနဲ့ပျစ်ပျစ်ဖျော်သွားပေါ်ငါးမိနစ်လောက်ထားပြီးရေဆေးချပါ။သွားများကိုဖြူဝင်းစေပါတယ်။တစ်ပတ်တစ်ကြိမ်သာလုပ်ပါ။

ဆားဆော်ဒါကိုသန့်ရှင်းရေးနှင့်အစွန်းချွတ်တဲ့နေရာမှာသုံးကြပါတယ်။

ကျန်းမာရေးအတွက်လည်းဆားဆော်ဒါကို

၁။အစာအိမ်နာခြင်း

၂။အစာမကြေလေပွခြင်း။

၃။အစာအိမ်အက်ဆစ်လွန်ကဲခြင်း

၎။လည်ချောင်းနာ၊ချောင်းဆိုး။

၅။တုတ်ကွေးအအေးမိခြင်း

၆။ဂေါက်ရောဂါ

၇။ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့်ကြွက်သားနာကျင်ခြင်းတို့မှာသုံးနိုင်တယ်လို့ဆိုပါတယ်။

ဆားဆော်ဒါသုံးပုံကိုဖတ်မိသလောက်လေးပြန်ရေးမည်ဆိုလျှင်

၁။ဆားဆော်ဒါကရင်ပူတာနှင့်အစာမကြေတာကိုသက်သာစေပါတယ်။ဆားဆော်ဒါလက်ဖက်ရည်ဖျော်ဇွန်းတစ်ဝက်ကိုရေနှစ်ခွက်လောက်နဲ့အစာစားပြီးတစ်နာရီအကြာမှာဖျော်သောက်ပါ။

၂။ဆားဆော်ဒါကအက်ဆစ်ဓာတ်များတဲ့ကင်ဆာကျိတ်တွေရဲ့အက်ဆစ်ကိုလျော့ချပေးပါတယ်။သွေးနှင့်အခြားကျန်းမာသောဆဲလ်တွေမှာအပြောင်းအလဲမဖြစ်ဖူးဆိုပါတယ်။ဆားဆော်ဒါအသုံးပြုခြင်းကကင်ဆာသမားတွေအတွက်အဟာရနှင့်ကိုယ်ခံစွမ်းအားအတွက်အထောက်အကူဖြစ်ပါတယ်။

၃။ဆားဆော်ဒါကလေ့ကျင့်ခန်းလုပ်နေသူအတွက်ကောင်းပါတယ်။ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်လျှင်ကြွက်သားတွေမှာလတ်တစ်အက်ဆစ်တွေစုပုံလာပြီးနာကျင်ပင်ပန်းလာစေပါတဆားဆော်ဒါတစ်စွန်းကိုရေတစ်ခွက်နဲ့ဖျော်သောက်လျှင်သက်သာတယ်ပြောပါတယ်။

၎။အယ်ကာလီဓာတ်ဖြစ်တာကြောင့်ဆားဆော်ဒါကကိုယ်ခန္ဓာရဲ့pH ကိုမှန်ကန်စေပါတယ်။ကျောက်ကပ်မကောင်းလျှင်ကျောက်ကပ်ကအက်ဆစ်ကိုထုတ်ဖို့ခက်တာကြောင့်ဆားဆော်ဒါစားပေးလျှင်ကောင်းနိုင်တယ်ဆိုတဲ့ယူဆချက်ရှိပါတယ်။

၅။ဆားဆော်ဒါတစ်စွန်း၊နှစ်စွန်းကိုရေဖျော်သောက်လျှင်အစာအိမ်နာသက်သာပါတယ်။ရှေးလူကြီးတွေလုပ်လေ့ရှိပါတယ်။

ဆားဆော်ဒါဆိုးကျိုးများ

တစ်နေ့ကို5g လောက်ကိုနှစ်ပတ်လောက်အိမ်သုံးဆေးအနေနဲ့သုံးနိုင်ပါတယ်။နှစ်ပတ်ထက်ပိုသုံးဖို့ကဆရာဝန်နဲ့တိုင်ပင်ပါ။ကင်ဆာအတွက်ကောင်းတယ်ဆိုတာထင်ကြေးပဲရှိပြီးဖြစ်နိုင်မဖြစ်နိုင်စမ်းသပ်ဖို့လိုပါအုန်းမည်။ဆားဆော်ဒါကိုအရေပြားမှာသုံးတာဘေးကင်းပါတယ်။သောက်လျှင်တော့5g ထက်မပိုသင့်ပါ။

ဘေးထွက်ဆိုးကျိုးအနေနဲ့ပျို့အန်ခြင်း၊ဝမ်းသွားခြင်း၊အစာအိမ်အောင့်ခြင်း၊ရေငတ်ခြင်းတွေဖြစ်တတ်ပါတယ်။  ဆိုဒါမှာဆိုဒီယမ်များတာကြောင့်အများကြီးသောက်လျှင်ဆိုးကျိုးရှိပါတယ်။သွေးပေါင်တက်ပြီး၊ဖောရောင်တတ်တယ်။အရမ်းဆိုးလျှင်နှလုံးရောဂါရနိုင်ပါတယ်။အသည်းမကောင်းသူ၊ကျောက်ကပ်မကောင်းသူ၊သွေးတိုးရှိသူ၊နို့တိုက်မိခင်၊အသက်ငါးနှစ်အောက်ကလေးများနှင့်ကိုယ်ဝန်ဆောင်တွေဆိုဒါအလွန်အကျွံသောက်ခြင်းကရှောင်ရပါတယ်။လိမ်းတာနဲ့အပေါ်ယံအသုံးအတွက်တော့အဆင်ပြေတယ်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest