Pressure cooker ဖြင့်ချက်ပြုတ်ခြင်း

သဘာဝကြီးက သိပ်အံ့သြဖို့ကောင်းပါတယ် မစားသင့်သေးတဲ့ အသီးဟာ အရောင်အားဖြင့် အပင်စားတဲ့ အကောင်တွေကို မတွေ့အောင်လုပ်ထားပါတယ်။အသီးတစ်ခုကို မစားသင့်သေးဘူးဆို အရောင်ကလည်းစိမ်းတယ်။အနံကလည်း မမွှေးဘူး။စားလိုက်လျှင်လည်း သိပ်မကောင်းလှဘူး။အရသာလည်း မကောင်းသလို ကျန်းမာရေးအတွက်လည်း မကောင်းဘူး။မမှည့်သေးတဲ့ အသီးတွေမှာ လပ်စ်တင် (lectin) ဆိုတဲ့ ပရိုတိန်းတစ်မျိုးရှိတယ်။သူက ဂလူတန်နဲ့ အမွှာညီအစ်ကို ဆဲလ်တွေထဲက ကဆီဓာတ်နဲ့လုပ်ထားတဲ့ အရာတွေပေါ်ကပ်သွားပြီး ရောင်ရမ်းခြင်းကိုဖြစ်စေတယ်။အသီးတွေ ရင့်မှည့်သွားလျှင်တော့ လပ်စ်တင် တွေ ပျောက်သွားပြီး အသီးက အရောင် နှင့် အနံအရသာပြည့်လာတယ်။

ကမ္ဘာမှာ သက်ရှိတွေ အနေနဲ့ အပင်တွေစပေါက်တယ်။ကမ္ဘာဦးကာလက အပင်တွေ အတွက်နိဗ္ဗာန်ဘုံပါ။နောက်တော့ အပင်စားတဲ့ အင်းဆက်တွေပေါ်လာတယ်။အင်းဆက်တွေ ပေါ်လာတည်းက တိရစ္ဆာန် နဲ့ အပင်တွေ ရန်ပွဲစလိုက်တာ။အခုကာလ အထိပဲ။အပင်တွေက အကောင်တွေသူတို့စားမှာကို ကာကွယ်ဖို့ လပ်စ်တင် ထုတ်ပြီးကာကွယ်တယ်။ လပ်စ်တင် ဆိုတာ သဘာဝအားဖြင့် အဟာရဆန့်ကျင်ပစ္စည်းပါ။စားတဲ့ အင်းဆက်တွေကို ဆိုးကျိုးဖြစ်စေတယ်။လူတွေလည်း လပ်စ်တင် စားလျှင် ကျန်းမာရေးထိခိုက်ပါတယ်။တစ်ခုဆိုးတာက အင်းဆက်တွေက လပ်စ်တင် ကို ယဉ်ပါးနိုင်ပေမည့် လူတွေရဲ့ အစာခြေစနစ်က သည်လိုမျိုးမလုပ်နိုင်ဘူး။ဒါကြောင့် တစ်ချို့ မမှည့်တဲ့ အသီးတွေစားလျှင် အစာမကြေတာပါ။တညင်းသီး အစိမ်းစားတဲ့သူတွေ တောက်တယ်ဆိုတာ လပ်စ်တင် နဲ့ မတည့်တာပါ။အခုခေတ်မှာ လုပ်ထားတဲ့ GMO ဆိုတဲ့အသီးကို အင်းဆက်တောင် ကြေအောင်မချေနိုင်တာ လူတွေအတွက်ဘယ်လောက်ဆိုးမလဲ စဉ်းစားကြည့်ပါ။

ရင့်မှည့်ချိန်ပဲဖြစ်ဖြစ်၊အချဉ်ဖောက်လိုက်လျှင်ပဲဖြစ်ဖြစ် လပ်စ်တင် နည်းသွားပါတယ်။ဒါပေမယ့် ethylene oxide ထည့်ပြီးမှည့်စေတာက လပ်စ်တင် ကို မလျော့သွားစေပါ။ဒါကြောင့် ဆေးစိမ်ပြီး မှည့်ထားတဲ့ အသီးဟာ စိမ်းထားတဲ့ ဆေးရဲ့ ဆိုးကျိုးအပြင် လပ်စ်တင် ဆိုးကျိုးပါပါနေလို့ မစားသင့်ပါ။

အူလမ်းကြောင်း ကျန်းမာဖို့ တစ်ချို့ပညာရှင်တွေက ဂလူတန် (gluten)နှင့် လပ်စ်တင် ရှောင်ခိုင်းပါတယ်။ သူတို့ဟာ အူလမ်းကြောင်းကျန်းမာရေးကို ပျက်စီးစေပါတယ်။သူတို့က အပင်ထွက်ပစ္စည်းတွေမှာ အဓိကပါပါတယ်။တစ်ခြားအပင်စား သတ္တဝါတွေက လပ်စ်တင် ကို ကြေအောင်ချေနိုင်ပေမယ့်။လူရဲ့အစာအိမ်အူလမ်းကြောင်းက မလုပ်နိုင်ပါ။ဂျုံဆန်တွေ၊ပြောင်းတွေ၊ခရမ်းချည်သီးတွေ၊ပဲတွေမှာပါပါတယ်။သူတို့စားလိုက်လျှင် ဆူးတွေစားရသလို အူနံရံတွေပေါက်စေတယ်။ဂျုံ၊ဆန်တွေပြောင်းတွေ ရှောင်လိုက်လျှင် စားစရာအကုန်ကုန်သလောက်ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် လပ်စ်တင် ပါတဲ့ အစားအစာတွေကို အချဉ်ဖောက်စားမည်၊pressure cooker နဲ့သေချာချက်စားမည်ဆို လပ်စ်တင် တွေ ပျက်စီးသွားလို့ စားလို့ရပါတယ်။

မီးဖိုပေါ်တင်ချက်တဲ့ pressure cooker နဲ့ပဲချက်ချက် လျှပ်စစ်နဲ့ သုံးရတဲ့ pressure cooker နဲ့ပဲချက်ချက် အကျိုးရလဒ်ကအတူတူပါပဲ။မြန်မြန် ချက်ပြုတ်တဲ့ နည်းလည်းဖြစ်ပါတယ်။ကောင်းကောင်းလည်းကျက်သလို ကျန်းမာရေးအတွက်လည်း အကျိုးရှိတယ်။ခပ်မြန်မြန်ချက်နိုင်လို့ အသင့်စားတွေ ဝယ်စားမဲ့အစား pressure cooker  နဲ့ချက်စားလျှင် ကျန်းမာရေးအတွက်ပိုကောင်းပါတယ်။

Pressure cooker နဲ့ချက်တာက မြန်မြန်ကျက်တဲ့အပြင် ကျန်းမာရေးအတွက်ကောင်းတာက

၁။အသီးအရွက်တွေကို pressure cooker  နဲ့ချက်တာက အဟာရတွေ သိပ်မပျက်သွားလို့ ကျန်းမာရေးအတွက်ကောင်းတယ်။ပြုတ်စားတာက အစာထဲက အဟာရဓာတ်တွေ ပြုတ်ထားတဲ့အရည်ထဲမှာ ဆုံးရှုးံသွားနိုင်တယ်။အစာကို pressure cooker နဲ့ချက်ပြုတ်ခြင်းက အစာထဲမှာ antioxidant ပါဝင်မှုပိုသိပ်သည်းသွားတယ်။North Dakota ပြည်နယ်က တက္ကသိုလ်တစ်ခုက ရေနဲ့ပြုတ်ချက်ခြင်း နဲ့ ရေနွေးငွေ့နဲ့ချက်ပြုတ်ခြင်းသည် အစာထဲက ကျန်းမာရေးအတွက် အသုံးဝင်တဲ့ phenolic ပမာဏနည်းသွားပါတယ်လို့ 2008 စက်တင်ဘာလထုတ် အစားအစာဓာတုဗေဒဂျာနယ်မှာ ရေးခဲ့ပါတယ်။2007  မတ်လထုတ် အစားအစာသိပ္ပံဂျာနယ်မှာဖော်ပြတာက ပန်းစိမ်းကို pressure cooker ချက်စားလျှင် ပန်းစိမ်းမှာ ဗိုက်တာမင် စီ ကိုးဆယ်ရာခိုင်နှုန်းကျော် ကျန်ပါတယ်။ဒါပြင် ပန်းစိမ်းရဲ့ sulforaphane ဓာတ်ပေါင်းလည်း မဆုံးရှုံးသွားပါ။sulforaphane ဟာ ကျန်းမာရေးမြှင့်တင်ပေးပြီး ကင်ဆာကာကွယ်တဲ့ စွမ်းအားကြီးသော အပင်ထွက် ပစ္စည်းတစ်ခုပါ။

၂။Acrylamide ဆိုတာ စေးပြစ်တဲ့ အစာတွေကို ချက်ပြုတ်လျှင်ထွက်လာပါတယ်။သူကိုအများကြီးစားမိလျှင် အန္တရာယ်ရှိတယ်။ကင်ဆာရောဂါ၊မျိုးမအောင်ခြင်း နဲ့ အာရုံကြောရောဂါတွေ ဖြစ်တတ်တယ်။pressure cooker နဲ့ချက်လိုက်လျှင်တော့ acrylamide တွေ မပါသလောက်နည်းသွားပါတယ်။အစာကို မီးဖုတ်စားတာပဲဖြစ်ဖြစ် ကင်စားတာပဲဖြစ်ဖြစ် acrylamide ပါဝင်မှုများလာပြီး ကင်ဆာဖြစ်စေပါတယ်။

၃။1996 မေလထုတ် အစားအစာ နှင့် စိုက်ပျိုးရေးသိပ္ပံဂျာနယ်အဆိုအရ pressure cooker နဲ့ချက်စားခြင်းသည် အချဉ်ဖောက်ခြင်းကဲ့သို့ လူကို အန္တရာယ်ပေးတဲ့ လပ်စ်တင် ကို လျော့နည်းစေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest