ကင်ဆာဖြစ်စေနိုင်သော တစ်ချို့အချက်အချက်များ

အဝလွန်ခြင်း၊ အဟာရမပြည့်ခြင်း၊ ဟိုမုန်းတွေမူမမှန်ခြင်း နှင့် နာတာရှည် ရောင်ရမ်းခြင်းတွေက ကင်ဆာဖြစ်တတ်တယ်ဆိုတာ သိကြပါတယ်။သတိမထားမိပေမည့် ကင်ဆာဖြစ်စေနိုင်သော တစ်ချို့ အချက်အချက်တွေရှိနေပါသေးတယ်။

၁။ ဘယ်မှာနေလဲဆိုတာ သိပ်အရေးကြီးပါတယ်။လေထုညစ်ညမ်းတာဟာ ကင်ဆာဖြစ်စေသောအကြောင်းအချက်တစ်ခုပါလို့ ၂၀၁၇ ထုတ် အမေရိကန်ကင်ဆာဂျာနယ်က ရေးသားထုတ်ဝေထားပါတယ်။ငွေရှာဖို့ မြို့ကြီးတွေမှာ နေမည်ဆိုလျှင်တော့ ဒီလိုဆိုးကျိုးတော့တွေ့ရမှာပါ။လေထုညစ်ညမ်းတာနဲ့ ပတ်သတ်ပြီး ကာကွယ်ရမဲ့နည်းတွေ ဒီစာအုပ်မှာရေးပေးထားပါတယ်။

၂။ အနံတုတွေထုတ်ပေးတဲ့ ဖယောင်းတိုင်တွေနဲ့ လေသန့်ဆေးတွေက ကင်ဆာဖြစ်စေပါတယ်။ လေသန့်ဆေးဗူး ( air fresher ) မှာပါတဲ့ limonene လို့ခေါ်တဲ့ ဓာတုပစ္စည်းက အိုဇုန်းနဲ့ပေါင်းပြီး formaldehyde ( ဖော်မဲဒီဟိုက် ) လို့ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ အရာတွေကို ထုတ်ပေးပါတ ဖော်မဲဒီဟိုက်က လည်ချောင်းကင်ဆာ နဲ့ သွေးကင်ဆာတွေဖြစ်စေနိုင်ပါတယ်။

၃။ လွှာစာမှုန့်တွေက ကင်ဆာဖြစ်စေနိုင်တယ်လို့  IARC (နိုင်ငံတကာ ကင်ဆာသုသေတန အေဂျင်စီ) က ထုတ်ဖော်ရေးသားထားပါတယ်။အမေရိကန်မှာတော့ NIOSH ( နိုင်ငံတကာ လုပ်ငန်းခွင်လုံခြုံမှု နှင့် ကျန်းမာရေးအဖွဲ့အစည်း ) က ပရိဘောဂ စက်ရုံတွေရဲ့ လေဝင်လေထွက်ကောင်းအောင်လုပ်ခိုင်းပြီး အလုပ်သမားတွေရဲ့ကျန်းမာရေးကို စောင့်ရှောက်ပေးပါတယ်။မြန်မာနိုင်ငံအတွက်တော့ မသိပါ။

၎။ အသင့်စားအစာတွေကင်ဆာဖြစ်တာ လူသိပါတယ်။အသင့်စားအစာတွေသာမက အသင့်စားအစာတွေကို ထုတ်ထားတဲ့ ဖော့ဖူးတွေ၊ကော်ဗူးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေကလည်း ကင်ဆာဖြစ်စေပါတယ်။

၅။ နေရောင်ခြည်က အရေပြားကင်ဆာဖြစ်စေပါတယ်။ထို့အတူပဲ တစ်ချို့သောနေရောင်ခံဆေးတွေက ကင်ဆာဖြစ်စေနိုင်တယ်။

၆။ ကယ်လဖိုးနီးယာနိုင်ငံ Moores ကင်ဆာဗဟိုစင်တာက ခန့်မှန်းတာက 250,000 သော အူမကြီးကင်ဆာတွေ နဲ့ 350,000 သော ရင်သားကင်ဆာတွေကို သွေးတွင်း ဗိုက်တာမင် D မြင့်တက်စေခြင်းအားဖြင့်ကာကွယ်နိုင်တယ်ဆိုပါတယ်။ ဗိုက်တာမင် D ရအောင်နေပူဆာလှုံပါ။မဟုတ်လျှင် ဗိုက်တာမင် D ဖြည့်စွက်စာဝယ်သောက်ပါ။

၇။ ညဘက် အလုပ်လုပ်ရသူတွေမှာ ကင်ဆာဖြစ်နိုင်ချေများတယ်ဆိုပါတယ်။

၈။ ၂၀၁၄ လောက်မှာ ဂျာမနီနိုင်ငံ Regensburg တက္ကသိုလ်က တီဗီထိုင်ကြည့်ချိန်များခြင်း၊ထိုင်အလုပ်လုပ်ချိန်များခြင်းက ကင်ဆာဖြစ်စေတယ်ဆိုပါတယ်။၂ နာရီအထက်ပိုထိုင်လျှင်ကင်ဆာဖြစ်နှုန်းမြင့်လာတယ်ဆိုပါတယ်။အထိုင်လျော့ ပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ အမေရိကန်ကင်ဆာအဖွဲ့ကအကြံပေးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest