CRP

CRP ဆိုတာ အရှည်အားဖြင့် C reactive protein ပါ။ သူကို အသည်းကထုတ်ပါတယ်။ ကိုယ်တွင်းမှာ infalmmation (ရောင်ရမ်းခြင်း) ရှိတဲ့ အချိန်မှာထုတ်ပါတယ်။

ရောင်ရမ်းခြင်းဟာ အဆိုးချည်းသက်သက်တော့ မဟုတ်ပါ။ ရောင်ရမ်းခြင်းဟာ ကိုယ်ခန္ဓာ ကိုပြုပြင်ဖို့လိုအပ်တဲ့ဖြစ်စဉ်တစ်ခုပါ။ နာကျင်ခြင်၊ရောင်ရမ်းခြင်း၊အဖုထခြင်းစတာတွေဟာ ကာလတိုရောင်ရမ်းခြင်း(acute inflammation )ရဲ့ လက္ခဏာတွေဖြစ်ပြီး ကိုယ်ခန္ဓာဟာ မိမိကိုယ်ကိုပြုပြင်ဖို့ လုပ်ဆောင်တာရဲ့ ရလဒ်လို့မှတ်ယူထားလို့ရပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေမပြပဲ ကာလကြာရှည်ရောင်ရမ်းခြင်း(chronic inflammation)ဖြစ်နိုင်ပါတယ်။ ဒါဟာ ဆီးချို၊သွေးတိုး၊နှလုံး၊ကင်ဆာ တွေရဲ့ အစပါ။ ရောင်ရမ်းခြင်းဖြစ်စဉ်မှာ အသည်းက CRP ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးကို ထုတ်ပေးပါသည်။

CRP တက်နေရင် ရောင်ရမ်းခြင်းဖြစ်စဉ်ရှိပါသည်။CRP ကိုလျော့ချဖို့ ဘာလုပ်လို့ရမလဲ။

၁။အိပ်ပါ။2008 နောက်ပိုင်းမှာ အသေအချာပြောလာတာက တစ်နေ့အိပ်ချိန် ၈ နာရီလိုအပ်ပါတယ်။

၂။စိတ်ဖိစီးမှုဖြေလျော့ပါ။စိတ်ဖိစီးရင် cortisol ဆိုတဲ့ ဟိုမုန်းထွက်ပါသည်။သည်ဟိုမုန်းဟာ ရောင်ရမ်းခြင်း ပိုဆိုးစေပါတယ်။

၃။နနွင်း၊ကြက်သွန်ဖြူ၊ဂျင်းတွေက အရောင်ကျစေတဲ့ ဂုဏ်သတ္တိရှိပါသည်။ဒါကို anti inflammatory ဂုဏ်သတ္တိလို့ခေါ်ပါတယ်။

၎။အိုမီဂါ 3 အများအပြားပါဝင်တဲ့ ကောင်းမွန်တဲ့အဆီဖြစ်တဲ့ ဆာမွန်ငါး၊ ချီးယားစေ့၊  နှမ်းကြတ်စေ့ နှင့် ထောပတ်သီးတို့စားပေးပါ။

၅။မပြင်းလွန်း မလွယ်လွန်းသော လမ်းလျှောက်ခြင်း၊နှေးနှေးပြေးခြင်း လုပ်ပေးပါက ရောင်ရမ်းတာကို ကာကွယ်ပေးတဲ့ ဓာတုဖြစ်စဉ်တွေ ကိုယ်ခန္ဓာမှာ ဖြစ်လာပါတယ်။

၆။Antioxidants နဲ့ phenols ပါတဲ့ပန်းစိမ်း၊ကိုက်လန်တွေများများစားပေးပါ။

၇။ ဗိုက်တာမင်  D ဟာ CRP ကိုလျော့ချတယ်လို့ပြောလာပါတယ်။  သုသေတနကို အသက်အရွယ်တူ အုပ်စုနှစ်စုခွဲလို့  တစ်စုကို အဆီများတဲ့အစာနဲ့ ဗိုက်တာမင် D3 ပေးပြီး ကျန်တစ်စုကို အဆီများတဲ့အစာနဲ့ ဆေးတုပေးလို့ ရလဒ်တွေ နှိုင်းယှဉ်တဲ့အခါ D ပေးထားတဲ့ အဖို့က CRP ပိုကျနေတာတွေ့ရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest