အုန်းဆီ

အုန်းဆီက  ဝိတ်ချချင်သူတွေအတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံး အဆီပါ။ ပါဝင်တဲ့အဆီပေါင်းစပ်မှုက ဇီဝလုပ်ငန်း ( metabolism ) ပေါ်မှာ အကျိုးသက်ရောက်မှုများပါတယ်။ များစွာသောသုသေတနတွေက အုန်းဆီစားလျှင် ဝမ်းဗိုက်က အဆီတွေကျစေတယ်ဆိုပါတယ်။

အုန်းဆီမှာ အများဆုံးပါတဲ့ အဆီအမျိုးအစားကို Medium Chain Triglycerides, လို့ခေါ်ပါတယ်။သူက metabolism ကို မြှင့်ပေးပါတယ်။ အစားအစာ အများစုမှာပါတာက long-chain fatty acids ပါ။ Medium Chain Triglycerides တွေက စွမ်းအင်ထုတ်ဖို့ နဲ့ ketone bodies ( ကီတုန်းဘော်ဒီ ) ဖြစ်ဖို့ အသည်းဆီ တိုက်ရိုက်သွားပါတယ်။ဒါပြင် အခြားအဆီတွေထက် ကိုယ်တွင်းသိုလှောင်မှု နည်းတယ်ဆိုပါတယ်။ ကြွက်တွေကို medium chain fats ကျွေးတဲ့အခါ ၂၀ % လောက် ဝိတ်ကျသွားပြီး ၂၃ % လောက်အဆီကျသွားတယ်ဆိုပါတယ်။

စားလိုက်တဲ့ ကယ်လိုရီတိုင်းက စွမ်းအင်ကယ်လိုရီအဖြစ် မပြောင်းတတ်ပါ။ အစားအစာအမျိုးစုံသလောက် စားပြီးတဲ့ အခါ သူတို့ဖြတ်သန်းရမဲ့ ဇီဝဖြစ်စဉ်တွေလည်း မတူကြပါ။ တစ်ချို့အစားအသောက်တွေကချေဖျက်ဖို့ နဲ့ ဇီဝလုပ်ငန်းလည်ပတ်ဖို့ စွမ်းအင်အများကြီးလိုပါတယ်။ အုန်းဆီကလည်း ဒီလိုစွမ်းအင်မျိုးပိုင်ဆိုင်ပါတယ်။ဒါကို “thermogenic” လို့ခေါ်ပါတယ်။အဆီလောင်ကျွမ်းမှု များသွားစေတယ်လို့ နားလည်နိုင်ပါတယ်။ တစ်နေ့ 15-30 grams (1 to 2 tablespoons) လောက်သောက်ပေးရုံနဲ့ တစ်ရက် 120 calories ပိုလောင်ကျွမ်းစေပါတယ်။ အုန်းဆီက စားချင်စိတ်ကိုလျော့ပေးပြီး အစာစားတာနည်းသွားစေပါတယ်။ အုန်းဆီက ဇီဝလုပ်ငန်းကို မြင့်စေပြီး စားချင်စိတ်ကိုလည်းလျော့ချပေးတာကြောင့် ရေရှည်စားသုံးလျှင် အဆီကျစေပါတယ်။

အစားလျော့စားပြီး နေ့စဉ်လမ်းလျှောက်နေတဲ့ အမျိုးသမီး လေးဆယ်ကို နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့ကို အုန်းဆီနှစ်စွန်း၊တစ်ဖွဲ့ကို ပဲဆီနှစ်စွန်းနေ့စဉ် တိုက်ပေးပြီး ၂၈ ရက်စောင့်ကြည့်တဲ့အခါ  နှစ်ဖွဲ့လုံး 2 ပေါင် ကျသွားပါတယ်။ အုန်းဆီစားတဲ့ဘက်က ခါးဆိုဒ်ပိုကျပါတယ်။ပဲဆီစားတဲ့ဘက်က ခါးပိုတုတ်လာပါတယ်။ အုန်းဆီစားတဲ့ဘက်က HDL မြင့်လာပြီး ပဲဆီစားတဲ့ဘက်က HDL ကျပြီး LDL တက်လာပါတယ်။ ကောက်ချက်ချမည်ဆိုလျှင် အုန်းဆီက ဝိတ်ကျစေတာထက် အဆီပိုကျစေပါတယ်။

နောက်လေ့လာမှုတစ်ခုမှာ ယောက်ျားဝဝကြီးတွေကို အုန်းဆီ 30 grams တစ်လကျွေးကြည့်တဲ့အခါ ခါးဆိုဒ် 2.86 cm, or 1.1 inches လောက်ကျသွားတယ်ဆိုပါတယ်။ အုန်းဆီက ဝိတ်ကျစေတယ်လို့ပြောတာထက် ဝမ်းဗိုက်ဆီကျစေတယ်လို့ ပြောမှ ပိုမှန်ပါလိမ့်မည်။

အုန်းဆီဆိုတာ အဆီပါ။ အဆီ 1 g စားတိုင်း 9 calories ရပါတယ်။အုန်းဆီလည်းအတူတူပါပဲ။ ကယ်လိုရီ အတိအကျစားနေလျှင် အုန်းဆီစားလို့ရမဲ့ ကယ်လိုရီကို အရင်ထွက်ထားဖို့ လိုပါလိမ့်မည်။ဒါမှမဟုတ်လျှင် ပိုစားမိပြီး ဝလာပါလိမ့်မည်။

နောက်တစ်ချက်က အုန်းဆီမှာ အဓိကပါတဲ့lauric acid ပဲဖြစ်ပါတယ်။ အုန်းဆီမှာပါတဲ့ lauric acid ဟာ ကင်ဆာဆဲလ်ကိုသေစေတယ်။တစ်ချိန်တည်းမှာပဲ ဆဲလ်တွေရဲ့ oxidative stress ဖြစ်စဉ်ကို နှိုးဆော်လိုက်ပြီး အဆိပ်တွေကို ကိုယ်တွင်းကထုတ်ပေးပါတယ်။ကင်ဆာဆဲလ်တွေရဲ့ glutathione ပမာဏကိုလျော့နည်းသွားစေပါတယ်။Glutathione ဆိုတာ lauric acid ကြောင့် oxidative stress ဖြစ်လာလျှင် ဆဲလ်ရဲ့ ခံနိုင်ရည်အားကို တင်ပေးတဲ့ ပစ္စည်းပါ။ဒီသုသေတနကို Adelaide တက္ကသိုလ်ရဲ့ သုသေတနပညာရှင်တွေက Cancer Research journal (ကင်ဆာသုသေတနဂျာနယ်) မှာ  ၄၈ နာရီအတွင်း ကင်ဆာဆဲလ်တွေ ကိုယ်ခန္ဓာအတွင်း မှာသာမက ကိုယ်ခန္ဓာပြင်ပမှာပါ ဘယ်လိုသေဆုံးသွားလဲဆိုတာ ရေးသားထုတ်ဝေခဲ့ပါတယ်။

ကင်ဆာကို သတ်နိုင်တယ်ဆိုတဲ့ Lauric acid ကို မိခင်နို့မှာလည်းတွေ့နိုင်ပါတယ်။ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး ရောဂါပိုးသတ်နိုင်တဲ့ အစွမ်းလည်းရှိပါတယ်။ဒီလို အကျိုးရလဒ်တွေကြောင့် raw, virgin, or organic  coconut oil ကို အကောင်းဆုံးအစားအစာလို့ပြောတာပါ။အုန်းဆီရဲ့ အခြားအသုံးဝင်တာတွေက

  • အုန်းဆီမှာပါတဲ့ အဆီတွေက ဆီးချိုရောဂါ၊အသဲရောင် စီ ပိုး၊အရိုးပွရောဂါ၊herpes တွေကို ကုနိုင်ပါတယ်။
  • ကင်ဆာဆေးသွင်းနေတဲ့ ကင်ဆာဝေဒနာရှင်တွေအတွက်တော့ ကင်ဆာဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို လျော့နည်းစေပြီး ဘဝအရည်အသွေးတိုးတက်စေပါတယ်။
  • အုန်းဆီမှာပါတဲ့ lauric acid, capric acid, နဲ့ caprylic acid တွေက သိုင်းရွိုက်အတွက်ကောင်းပါတယ်။သိုင်းရွိုက် လုပ်ဆောင်ချက်မူမမှန်ခြင်းကို ကာကွယ်ပေးပြီး ရောင်ရမ်းခြင်း နဲ့ အော်တိုအင်မြူးရောဂါတွေကို မဖြစ်အောင်တားပေးပါတယ်။

အုန်းဆီမှာ အဆီများလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မသုံးဖို့ နှစ်ပေါင်းများစွာ တားမြစ်ခဲ့ပါတယ်။ဒါပေမယ့် မြောက်များစွာသော စမ်းသပ်မှု အပြီးမှာ အုန်းဆီစားသင့်မစားသင့် ပြန်တွေးရပါမည်။

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest