သကြားစားသုံးခြင်း နှင့် ဗီဇစိတ်

စိုက်ပျိုးရေးမစတင်မီ ကမ္ဘာဦးခေတ်ရဲ့ သဘာဝရာသီဥတုက ယနေ့ခေတ်နဲ့ ခြားနားပါတယ်။ထိုခေတ်တုန်းက ဆောင်းဦးကာလတွေမှာ အသီးတွေ သိပ်ပေါတယ်။အသီးတွေမှာ fructose သကြားတွေသိပ်များပြီး။စားလို့မဝနိုင် အများကြီးစားမိပြီး ပိုလျှံတဲ့ သကြားတွေကို အဆီအနေနဲ့သိုလှောင်လိုက်ပါတယ်။အသီးလှိုင်လှိုင်ပေါချိန်ဆို မျောက်ကလေးတွေ ဝလာတာ ဒီဖြစ်စဉ်ပါပဲ။

ဆောင်းတွင်းကာလ အသီးတွေမရှိတော့တဲ့အခါ အစာရေစာရှားသွားလျှင် ဆောင်ဦးကသိုလှောင်ထားတဲ့ အဆီတွေဖြိုခွဲအသုံးချပါတယ်။တိရစ္ဆာန်တွေဆို ဆောင်းတွင်းတစ်ခုလုံး အိပ်နေတတ်တယ်။လူတွေဆို တောကောင်လေးတွေဖမ်းပြီး ဆောင်းဘက်ပေါက်တဲ့ အရွက်လေးတွေစားပြီး အစာပြတ်လတ်မှုကိုတောင့်ခံကြတယ် ဆောင်းဦးကာလတုန်းက ပိုနေတဲ့အဆီလည်း ပျောက်သွားပြီး ပုံမှန်ကိုယ်အလေးချိန်ပြန်ရလာတယ်။ ဒီလို ဖြစ်စဉ်မျိုးတွေ လူတွေရဲ့ ဗီဇ (gene )လို့ခေါ်တဲ့ ဆဲလ်ရဲ့ မှတ်ဉာဏ်တွေထဲသိမ်းလိုက်ကြပါတယ်။ ဗီဇအားဖြင့် နားလည်တာက fructose သကြားသိပ်စားပြီး အဆီစုလာလျှင် ဆောင်းရာသီလာတော့မည်လို့ပါ။

ယနေ့ခေတ်လူတွေက fructose သကြားသိပ်စားတဲ့အခါ ဗီဇတွေအတွက် တစ်ချိန်လုံးဆောင်းတွင်းရောက်နေသလိုပါပဲ။ စာအုပ်တွေမှာ သုံးလိုက်တဲ့ အသုံးအနှုန်းက သွေးတွင်း fructose သကြားတွေ အစဉ်အမြဲမြင့်တက်နေတဲ့အခါ killer gene ကိုနှိုးဆော်လိုက်သလိုဖြစ်သွားတယ်ဆိုပါတယ်။ဗီဇစိတ်က ဆောင်ဦးတွေထပ်ခါထပ်ခါရောက်ပြီး လူတွေအသက်ကြီးသွားတယ်ထင်သွားပုံပါပဲ။ဒါကြောင့် အသက်ပိုကြီးနေတဲ့ ဗီဇစိတ်က လူတွေကို သတ်ဖို့ကြံစည်ပြီး သတ်ပစ်ဖို့ အစီအစဉ်စပုံရပါတယ်။

မိန်းကလေးတွေ စောစီးစွာ ရာသီပန်း ပေါ်လာတဲ့ဖြစ်စဉ်တွေဟာ fructose သကြားကြောင့် gene တွေမြန်မြန်ကြီးရင့်လာတာကို ပြနေတယ်လို့ ဆိုပါတယ်။နောက်တစ်ခုက fructose သကြားသိပ်စားတဲ့သူဟာ ရောဂါလည်း အလွန်ထူပြီး အသက်လည်းတိုတာ killer gene တွေကြောင့်လို့ဆိုပါတယ်။အရောင်းရဆုံးစာအုပ်ဖြစ်တဲ့ Gundry diet evolution မှာ ရောဂါဖြစ်နေသူတွေကို ပထမ ခြောက်ပတ် အချိုလုံးဝမကျွေးပဲ အသား နဲ့ အရွက်ပဲကျွေးကုသတဲ့အခါ ခွဲစိတ်ရမဲ့သူတွေ ခွဲစရာမလိုလောက်အောင် သက်သာသွားကြတယ်လို့ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest