Lupus erythematosus ( အရေပြား လေးဖက်နာ )( အပိုင်း -၁ )

Lupus erythematosus ကို မြန်မာလို အရေပြားလေးဘက်နာလို့ ခေါ်မယ်ထင်တယ်။ မြန်မာအခေါ်အဝေါ်တွေသိပ်ရှုပ်လို Lupus erythematosus ဆောင်းပါးတွေမှာ Lupus လို့သာသုံးပါမည်။

Lupus ဆိုတာဘာလဲ။?

Lupus ဆိုတာနာတာရှည်ရောဂါပါ။ အော်တိုအင်မြူးလို့ ခေါ်တဲ့ မိမိကိုယ်ခံအားစနစ်က မိမိကို ရန်သူထင်မှတ်ပြီး အပြုတ်ဆော်နေတဲ့ အခြေအနေပါ။တစ်ကိုယ်လုံးမှာရှိတဲ့ ကိုယ်ခန္ဓာအစိတ်ပိုင်းတိုင်း အတိုက်ခံရနိုင်ပါတယ်။ ကိုယ်ခံအားကျအောင် လုပ်ထားလျှင် ရောဂါသက်သာပေမယ့် ကိုယ်ခံအားမကောင်းလို့ ဖြစ်နိုင်တဲ့ ဗိုင်းရပ်ကူးစက်ခြင်း၊ ကင်ဆာတို့ ဖြစ်နိုင်ချေ မြင့်လာပါတယ်။

အဖုအပိမ့်ထွက်ခြင်း၊ စိတ်အခြေအနေပြောင်းလဲခြင်း၊ နာတာရှည် နွမ်းနယ်နေခြင်း၊ ခေါင်းကိုက်ခြင်း၊ နှင့် တစ်ကိုယ်လုံး ကိုက်ခဲခြင်းတွေက Lupus ရဲ့ လက္ခဏာတွေလို့ဆိုပါတယ်။ မိန်းမတွေမှာ Lupus ပိုဖြစ်ပါတယ်။  ဓာတ်မတည့်ခြင်း၊ ဗိုင်းရပ်ပိုးများ၊ စိတ်ဖိစီးမှု၊ ကိုယ်ဝန်ဆောင်ခြင်း၊ အစာခြေစနစ်မကောင်းခြင်း၊ ဟိုမုန်းမမှန်ခြင်း နှင့် သတ္ထုဆိပ်သင့်ခြင်းတို့ကြောင့်Lupus ဖြစ်နိုင်ချေရှိတယ်ပြောပါတယ်။

Risk ဖြစ်နိုင်တဲ့ အခြေအနေကို လေ့လာစမ်းစစ်ကြည့်လျှင်

  • မျိုးရိုးရှိလျှင် ပိုဖြစ်နိုင်ပါတယ်။
  • Lupus ရောဂါသည် ၉၀% က အမျိုးသမီးတွေပါ။ ( ကျွန်တော်တို့ ယောက်ျားတွေ ကံကောင်းတယ် ပြောနိုင်ပါတယ်) 
  • အသက် ၁၅ -၄၅ ကြား ကိုယ်ဝန်ဆောင်နိုင်ချိန်မှာ ပိုဖြစ်တယ်။
  • အဟာရပြည့်အောင် မစားတဲ့လူတွေမှာ ပိုဖြစ်တယ်။ 
  • Leaky gut syndrome ရလျှင် ပိုဖြစ်တယ်။

Lupus ဖြစ်တယ်လို့ နာမည်တပ်ဖို့ အတော်အလုပ်ရှုပ်တယ်လို့ ပြောပါတယ်။Lupus က တစ်ယောက် နှင့် တစ်ယောက်တောင် ရောဂါလက္ခဏာ မတူတတ်ပါ။SLE ( systemic lupus erythematosus ) ရှိသလို discoid lupus erythematosus (DLE) လည်းရှိပါတယ်။ DLE က အရေပြားမှာ ဖြစ်တဲ့ lupus ရောဂါပါ။ DLE ကကိုယ်တွင်း အင်္ဂါတွေ မထိခိုက်တတ်ပါ။ SLE ကတော့ တစ်ကိုယ်လုံးထိခိုက်ပါတယ်။ drug-induced lupus (DILE) လို့ခေါ်တဲ့ ဆေးကြောင့်ဖြစ်တဲ့ lupus လည်း ရှိတယ်။ DILE ကတော့ ဖြစ်စေသော ဆေးဖြတ်လိုက်လျှင် ပြန်ကောင်းသွားတတ်တယ်။ 

 Lupus ရဲ့ အချို့သော ရောဂါလက္ခဏာတွေက သိပ်မကြာတတ်ပါ။ တစ်ချို့သောရောဂါလက္ခဏာတွေက နာတာရှည်ဖြစ်ပြီး ပျောက်လိုက်ပြန်ဖြစ်လိုက်နဲ့ တအားစိတ်ညစ်စရာကောင်းပါတယ်။ ပဲပင်ပေါက် နည်းနည်းလောက်စားလိုက်တာနဲ့ သေမတတ်ခံရတဲ့သူတွေလည်း တွေ့ဖူးပါတယ်။ 

Lupus ဖောင်ဒေးရှင်း,ကပြောတဲ့ Lupus ရဲ့ရောဂါလက္ခဏာတွေက

  • အရမ်း ပင်ပန်းနွမ်းနယ်နေတတ်တယ်။ Lupus ရောဂါသည် 90 % လောက်က မောပန်းနွမ်းနယ်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းတွေရှိတယ်လို့ Johns Hopkins Lupus Center ကဆိုပါတယ်။
  • Lupus ရောဂါရဲ့ အစောဆုံးရောဂါလက္ခဏာက 99–101 degrees Fahrenheit သာရှိတဲ့ တငွေ့ငွေ့ ပြန်ပြန်ဖျားတတ်ပါတယ်။ 
  • အရိုးအဆစ် နှင့် ကြွက်သားတွေ နီရဲနာကျင် တောင့်တင်းခြင်းတွေက လှုပ်ရှားတဲ့အခါ ပိုဆိုးတတ်ပါတယ်။
  • ခြေဖျား၊ လက်ဖျားတွေမှာ သွေးလှည့်ပတ်မှု မမှန်တာကြောင့် ခြေဖျား၊ လက်ဖျားတွေ အချိန်ခဏလောက် ဖြူတာပြာတာ ဖြစ်တတ်ပါတယ်။ ဒါကို  ဆေးပညာအရ Raynaud’s phenomenon လို့ခေါ်ပါတယ်။
  • lupus ရဲ့ ထင်ရှားတဲ့ အရေပြားလက္ခဏာပါ။ lupus ရောဂါသည် တစ်ဝက်လောက်မှာ မျက်နှာပေါ်မှာ လိပ်ပြာပုံ အရေပြား အဖုအပိမ့်ရှိတတ်ပါတယ်။ နေရောင်နဲ့ ထိလျှင် ပိုဆိုးပါတယ်။
  • နေရောင် နဲ့ မတည့်ပါ။
  • Lupus ရောဂါသည်တွေမှာ အသက်ရှုမဝတာ၊ ရင်ဘတ်အောင့်တာတွေ ဖြစ်နိုင်ပါတယ်။
  • သွေးအားနည်ရောဂါကြောင့် မောပန်းတာလည်း ဖြစ်နိုင်ပါတယ်။
  • ခြေ၊လက်၊နှင့် မျက်နှာတွေ ဖောရောင်တတ်ပါတယ်။
  • Sjögren’s syndrome လို့ခေါ်တဲ့ မျက်ရည် မထွက်တာ၊ တံတွေးမထွက်တာ၊ မိန်းမကိုယ် ခြောက်သွေ့မှုတွေလည်း ဖြစ်ပါတယ်။
  • စိတ်ဖိအားများချိန်မှာ အစားအသောက် မစားချင်ခြင်း၊ ရင်ပူခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတွေ ဖြစ်ပါတယ်။
  • ညဘက်အိပ်ပျော်ဖို့ ခက်ပါတယ်။
  • ဆံပင်၊ မျက်ခုံးမွေး၊ မျက်တောင်မွေး ကျွတ်ပါတယ်။ 
  • ဟိုမုန်းပြောင်းလဲမှု၊ မိန်းမကိုယ်ခြောက်သွေ့မှု ၊ ပင်ပန်ူနွမ်းနယ်မှုတွေကြောင့် အိမ်ထောင်ရေး အပေါ်စိတ်ကုန်တတ်ပါတယ်။
  • ခေါင်းကိုက်ခြင်း
  • နှာခေါင်း နှင့် ပါးစပ်အတွင်းပြည်တည်နာ
  • စိတ်ရှုပ်ထွေးတာ ၊ အာရုံစိုက်လို့မရတာ နှင့် သတိမေ့တာတွေ ဖြစ်နိုင်ပါတယ်။

Lupus ရောဂါသည်တွေအတွက် ဆေးရုံ၊ဆေးခန်းတွေမှာ အသုံးပြုတဲ့ ကုသနည်းကို Conventional Lupus Treatment လို့ခေါ်ပါတယ်။ နေထိုင်စားသောက်မှု ပြင်ခိုင်းတာအပြင် Lupus ဝေဒနာသည်တွေကို ပေးတဲ့ဆေးတွေက

၁။ Immunosuppressive medications: လို့ခေါ်တဲ့ ကိုယ်ခန္ဓာရဲ့ ခုခံအားကို လျော့ချပေးတဲ့ ဆေးတွေပေးပါတယ်။ Cytoxan လို့ခေါ်တဲ့ cyclophosphamide ၊ Rheumatrex လို့ခေါ်တဲ့ methotrexate ၊ Benlysta လို့ခေါ်တဲ့ belimumab ဆေးတွေပါ။ သူတို့ ဦးတည်ချက်ကတော့ ထင်ရာစိုင်းနေတဲ့ ကိုယ်ခံအားကိုအားပျော့အောင်ထိုးနှက်လိုက်ပြီး ရောင်ရမ်းတာကို အဆုံးသတ်ဖို့ပါ။ ဆိုးတာက ဘေးထွက်ဆိုးကျိုးသိပ်များပါတယ်။ ခုခံအားကျသွားတာနဲ့ ရောဂါပိုးကူးစက်ဖို့ လွယ်လာလိမ့်မည်။ ကင်ဆာဖြစ်နိုင်ချေတက်လာမည်။ ကျောက်ကပ်ထိတာ၊ ဆီးအိတ်ထိတာ၊ ဆံပင်ကျွတ်တာ၊ ရာသီမမှန်တာ၊ အဆုတ်ထိတာတွေအပြင် အတော်လေးများတဲ့ ဆိုးကျိးတွေရနိုင်ပါတယ်။

၂။ Anti-rheumatic drug: Plaquenil ( hydroxychloroquine )လို့ခေါ်တဲ့ သွေးလေးဖက်နာမှာသုံးတဲ့ဆေးတွေ အရေပြားလေဖက်နာ lupus မှာ သုံးနိုင်ပါတယ်။ 

၃။ NSAID လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကတော့ နာကျင်ကိုက်ခဲတာတွေကို ပျောက်စေပေမည့် အသည်း နှင့် ကျောက်ကပ်ထိတတ်တယ်။

၎။ Steroids: စတီးရိုက်လို့ခေါ်တဲ့ prednisone , hydrocortisone, တွေလည်း သုံးပါတယ်။ ရောင်ရမ်းတာ၊ နာကျင်တာ ၊ အဖုအပိမ့်ထတာတွေကို သက်သာစေပေမည့် ကိုယ်အလေးချိန်တိုးပြီး အရိုးကျိုးလွယ်လာတတ်တယ်။

၅။သွေးကျဆေး နှင့် သွေးကျဲဆေးတွေလည်း သုံးပါတယ်။

၆။ ဟိုမုန်းဆေး နှင့် သန္ဓေသားဆေးတွေလည်း ပေးတတ်တယ်။

၇။ အစားရှောင်ဖို့လည်း လုပ်ရပါတယ်။ ရှောင်ရမည့် အစာတွေကိုတော့ conventional medicine ဘက်ကသာမက functional medicine ဘက်နဲ့ပါ ညှိုနှိုင်းရေးပေးထားပါတယ်။ 

  • ဂျုံပါတဲ့ ပစ္စည်းတွေ ရှောင်ပါ။
  • အဓိကကတော့ အသင့်စားအစားအစာတွေမှာပါတဲ့ trans fat ပါ။ ချိပ်၊ အနီရောင်များတဲ့အသား တွေလည်း ရှောင်ရပါမည်။
  • ချိုအောင်လုပ်ထားတဲ့ သကြားရှောင်ပါ။
  • ဆိုဒီယမ်များတဲ့အစာရှောင်ပါ။ 
  • အရက် နှင့် ကော်ဖီ မတည့်ပါ။
  • ပဲတွေရှောင်ပါ။ တစ်ချို့လူတွေမှာ ပဲပင်ပေါက်တွေလည်း စားလို့မရပါ။ 

၈။ အရေးကြီးဆုံးက ဆေးလိပ်ဖြတ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest