Lupus erythematosus ( အရေပြား လေးဖက်နာ ) ( အပိုင်း -၂ )

Lupus အတွက်အသုံးဝင်နိုင်မဲ့ သဘာဝနည်းတွေက

၁။ မပြုပြင်ထားတဲ့ သဘာဝ အစားအစာတွေက lupus ရောဂါသည်တွေအတွက်ကောင်း၏။ ထိုအစာတွေမှာ ဆိုးဆေး နှင့် ပိုးသတ်ဆေးမပါတာကြောင့် lupus ရောဂါ နှင့်သင့်တော်ပါတယ်။ အသီးအရွက်တွေကို အစိမ်းတိုင်းစားပါ။ အရွက်ရည်ကြိတ်သောက်တာ သိပ်ကောင်းပါတယ်။ ပိုးသတ်ဆေးတော့ သတိထားပါ။ သဘာဝ အတိုင်း ဖမ်းလို့ရတဲ့ ငါးတွေစားပါ။ High-antioxidant  အစားအတွေဖြစ်တဲ့ အရွက်စိမ်းစိမ်းတွေ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကညွတ်၊ ထောပတ်သီး၊ ဘယ်ရီသီးတွေစားပါ။ အရိုးတွေ ပြုတ်သောက်ပါ။ တစ်ရက် ၁၆ အောင်စလောက်သောက်ပေးသင့်တယ်။ ဒါတွေကို Eat Dirt စာအုပ်မှာ အကျယ်ရေးထားပါတယ်။ ထောပတ်သီး၊ သစ်အယ်သီး၊ အုန်းဆီ၊ သံလွင်ဆီ နှင့် green tea တွေက အရေပြားတွေ အတွက်ကောင်းတယ်လို့ ဆိုပါတယ်။

၂။ လေ့ကျင့်ခန်း လုပ်ပါ။  တစ်ရက် မိနစ် ၃၀  လောက် လမ်းလျှောက်၊ ရေကူး၊ စက်ဘီးစီးလို့ရတယ်။ ယောဂ ၊ ထိုက်ကျိ ကစားလို့ရပါတယ်။

၃။ စိတ်ဖိစီးမှုက ရောဂါကိုပိုဆိုးစေလို့ တရားထိုင်တာ၊ အနှိပ်ခံတာတွေ လုပ်လို့ရပါတယ်။

၎။ ကောင်းကောင်းအိပ်၊ ကောင်းကောင်း အနားယူပါ။ 

၅။ နေရောင်ရှောင်ပါ။ မနက် ၉ နာရီကနေ ညနေ ၃ နာရီနေကိုတော့ အဓိကရှောင်ပါ။ နေရောင်ထဲမှာ မျက်မှန်၊ဦးထုပ်သုံးပါ။ 

၆။ သဘာဝ အလှကုန်တွေသာ သုံးပါ။

၇။ ရေနွေး နှင့် ရေမချိုးသင့်ပါ။

၈။ ရေမွှေး၊ ချွေးနံပျောက်ဆေး တွေလို အနံပါတဲ့ ဓာတုပစ္စည်းတွေ မသုံးသင့်ပါ။

၉။ Supplements တွေသောက်မည်ဆိုလျှင်

•Omega-3 fish oil (2,000 milligrams daily): ငါးကြီးဆီမှာပါတဲ့  EPA/DHA က ရောင်ရမ်းခြင်းကိုသက်သာစေတယ်။ 2016 မှာ လုပ်ထားတဲ့ ကြွက်တွေရဲ့ စမ်းသပ်ချက်အရ lupus ရောဂါ လက္ခဏာ ၉၆% လောက်သက်သာတယ်ပြောပါတယ်။

•DHEA (200 milligrams daily): တတ်ကျွမ်းသူကိုမေးပြီးမှသုံးပါ။

•Vitamin D3 (2,000–5,000 IU daily): ကိုယ်ခံစွမ်းအား၊နှင့်အရိုးကျန်းမာရေးအတွက်ကောင်းပါတယ်။

•MSM (2,000–8,000 milligrams daily): သဘာဝအရောင်ကျဆေးဖြစ်ပြီးအစာခြေစနစ်ကောင်းမွန်စေတယ်။

•Green superfood supplement: chlorella or spirulina လိုအစိမ်းရောင်အစားအစာတွေက lupus ရောဂါအတွက်သိပ်ကောင်းတယ်။ 

•Turmeric:နနွင်း။သူ့အကြောင်းရေးပေးထားပါတယ်။

၁၀။ Essential oils and aromatherapy ကို lupus ဝေဒနာရှင်တွေအတွက် သုံးနိုင်တယ်ဆိုပါတယ်။ ဖတ်ထားတာကိုပြန်ရေးပြတာပါ။ ဘယ်လိုသုံးမလဲဆိုတာတော့ကျွမ်းကျင်သူမေးရပါလိမ့်မည်။

  • frankincense essential oil  ကို ရောင်ရမ်းတာလျော့ချဖို့သုံးပါတယ်။
  • helichrysum oil – အာရုံကြောအတွက်ကောင်းပါတယ်။ ဂုတ်ကို လိမ်းရတယ်လို့ ဆိုပါတယ်။
  • lavender and geranium oils – အရေပြားအတွက် သုံးပါတယ်။
  • ginger oil – အစာခြေစနစ်ကောင်းမွန်ဖို့ သုံးပါတယ်။

၁၁။ ယောဂကစားခြင်းက အရိုးအဆစ် နာကျင်မှုကို သက်သာစေပြီး ပိုမိုနိုးကြားစေပါတယ်။” ယောဂကစားခြင်းအားဖြင့် CRP နှင့် interleukin – 6 အပါဝင် ရောင်ရမ်းစေတဲ့ ဓာတုပစ္စည်းတွေလျော့နည်း သွားတယ်။ ” လို့ John Hopkin’s University, ရေးပါတယ်။ 

 ၁၂။ Epson salts ရေစိမ်ချိုးတာ lupus ဝေဒနာရှင်တွေအတွက် သိပ်ကောင်းပါတယ်။

၁၃။ အပ်စိုက်ခြင်းကလည်း နာတာရှည် နာကျင်မှုကို သက်သာစေပါတယ်။

၁၄။ အနှိပ်ခံခြင်းက စိတ်ဖိစီးမှု၊ ကြွက်သားတောင့်တင်းခြင်း၊ ရောင်ရမ်းခြင်းတွေကို ပျောက်တယ်ပြောပါတယ်။ နှိပ်တဲ့သူက ကျွမ်းကျင်သူဖြစ်ဖို့တော့ လိုပါတယ်။

Lupus က ခက်ခဲပြင်းထန်တဲ့ ရောဂါဖြစ်ပြီး မကုသဖူးဆိုလျှင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဝေဒနာတွေက သိပ်ဆိုးပါတယ်။

  • အဆုတ်ပျက်စီးနိုင်ပါတယ်။ ထိုအခြေအနေကို vanishing (or shrinking) lung syndrome လို့ခေါ်ပါတယ်။ ကိုယ်တွင်းက ကန့်လန့်ကာကြွက်သားအားနည်းသွားလို့ပါ။ အသက်ရှု မဝတာ၊ အဆုတ်ထဲ ခဏခဏပိုးဝင်တာတွေ ဖြစ်ပါတယ်။ SLE ရောဂါသည် ၂၀၀ မှာ တစ်ယောက်ဖြစ်ပါတယ်။
  • ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ အဓိက အဆိပ်တွေမထုတ်နိုင်လို့ ကျောက်ကပ်ရောင်တာပါ။ သွေးတိုးမည်။ ဖောယောင်မည်။ ဆီးအမည်းတွေသွားမည်။ 
  • Thyroid ရောဂါရနိုင်တယ်။ ၆% လောက်က hypothyroidism ဖြစ်တတ်ပြီး ၁% က hyperthyroidism ဖြစ်တတ်တယ်။
  • ဦးနှောက် နှင့် အာရုံကြောလည်း ပျက်စီးတတ်တယ်။
  • နှလုံးရောဂါရတတ်တယ်။

 အဆုံးသတ်ပြောလျှင် Lupus ဆိုတာ နာတာရှည်ရောဂါပါ။ မရေမတွက်နိုင်တဲ့ ရောဂါလက္ခတွေက ပေါ်လိုက် ပျောက်လိုက်နဲ့ အတော်စိတ်ညစ်ဖို့ကောင်းပါတယ်။ အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်ပါတယ်။ ဘယ်လိုကုမလဲ ဆရာဝန်နဲ့ မေးကိုမေးရမည်။ တတ်ကျွမ်းသူ ( သမားတော်များ) မပါပဲ ဆေးဖြတ်ဖို့ ဆေးရပ်ဖို့ မတွေးပါနဲ့။ ဆေးတွေသောက်နေရင်း အပေါ်က အကြံပေးထားတဲ့ အတိုင်းလိုက်နာကြည့်ပါ။ ကုသရေးအတွက် တစ်ဖက်တစ်လမ်းက အကူအညီပေးပါလိမ့်မည်။

PHYO MAUNG

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest