Nightshade Vegetables

Nightshade အသီးအရွက်တွေအကြောင်း ရေးပေးဖို့ပြောကြတာတော့ အတော်ကြာပါပြီ။ မျက်နှာများတဲ့ thyroid ကို ရေးဖို့တွန့်နေသလို သိပ်မသေချာသေးတဲ့ nightshade အကြောင်းရေးဖို့ အတော်ကြိုးစားလိုက်ရပါတယ်။ ဒီဆောင်းပါးမှာ nightshade အကြောင်း ကြိုက်ခြင်း၊ မကြိုက်ခြင်းဘေးဖယ်ထားပြီး ဖတ်ထားတာတွေ ပြန်သုံးသပ်ကြည့်ပါမည်။

ခရမ်းချဉ်သီး၊ ငရုတ်သီး၊ အာလူး ၊ ခရမ်းကြွတ်သီး တွေပါဝင်တဲ့ nightshade vegetables က Solanaceae မျိုးနွယ်စုဝင်ပါ။ တစ်ချို့အပင်တွေက ညဘက်မှာ ပန်းပွင့်လို့ ( night )၊ တစ်ချို့အပင်တွေက အရိပ်ထဲမှာပေါက်လို့( shade ) လို့သုံးတယ်လို့ ဖတ်ရတာပဲ။ ဟုတ်မဟုတ်တော့မသိပါ။

Online မှာတွေ့ရတဲ့ research တွေအရတော့ nightshade vegetables က ကျီးပေါင်းရောဂါ နှင့်ခေါင်းတစ်ခြမ်းကိုက်တာ အပြင် ရောဂါတော်တော်များများနဲ့ ပတ်သတ်တယ်လို့ရေးကြတယ်။ သဘာဝရောဂါပညာရှင်တွေက အဆစ်အမြစ်ကိုက်တဲ့လူနာကို nightshades ရှောင်ခိုင်းကြတယ်။ မင်းသမီး Gwyneth Paltrow နဲ့ မော်ဒယ် Kate Moss တို့ကောင်းပါတယ်၊ ဖတ်သင့်ပါတယ်လို့ ပြောဆိုထောက်ခံထားတဲ့ Dr. Joshi’s Holistic Detox စာအုပ်မှာ nightshades ကိုအဆိပ်လို့ရေးပါတယ်။ ပါးစပ်ရာဇာဝင်တွေမှာလည်း nightshades ကို အောက်လမ်းနဲ့ ဆိုင်တယ်လို့ ပြောကြတယ်။

Guelph တက္ကသိုလ်က အပင်ဆိုင်ရာဇီဝဓာတုပညာရှင် Barry Micallef, ကတော့ nightshades မှာ အဆိပ်လို ဒုက္ခပေးတဲ့အရာမရှိဘူးပြောပါတယ်။ Atrope belladonna, လို့ခေါ်တဲ့ nightshade မျိုးစုဝင် အပင်တစ်မျိုးကတော့ သေစေနိုင်လို့စားလို့မရပါ။ ဒါကြောင့် nightshade တိုင်းစားမရဘူး ထင်သွားပုံရပါတယ်လို့ Micallef ကရှင်းပြပါတယ်။ 

၁။ Nightshades တွေက အရိုးပွစေတယ်။ ဒါ online မှာတွေ့နေကြအရေးအသားပါ။ အူလမ်းကြောင်းမကောင်းဘူး။ သေစေလောက်သောရောဂါရနေလျှင် nightshade ရှောင်ကို ရှောင်ရမည်။ ကျန်းမာသူတွေအတွက် တစ်ခါတစ်ရံစားတာ ပြသနာမဟုတ်ဘူးလို့ Kushi Institute က အတိုင်ပင်ခံ Judy MacKenney, ကပြောပါတယ်။ Nightshades မှာ oxalic acid ပါပါတယ်။ ဒီအက်ဆစ်က calcium စုပ်ယူမှုကိုတားလို့ အရိုးပွစေတယ်လို့ ရေးကြတယ်။ ကနေဒါနိုင်ငံ အရိုးပွရောဂါဆိုင်ရာ ကော်မတီရဲ့ သိပ္ပံအကြံပေး Stephanie Atkinson က calcium စုပ်ယူမှုတားတယ်ဆိုတာက စားတဲ့အစားအစာထဲ calcium နည်းပြီး oxalic acid အများကြီးစားမှ ဖြစ်တာပါ။ Nightshades မှာ oxalic acid ပါတာနည်းလို့ကိစ္စမရှိဘူးလို့ ပြန်ရှင်းထားပါတယ်။ 

၂။ Nightshades မှာ အဆိပ်ရှိတဲ့ အယ်ကာလွိုက် ပါတယ်။ ဒါကလည်း nightshade နဲ့ပတ်သတ်လို့ အပြောများတဲ့အချက်ပါ။ Alternate medicine websites တော်တော်များများက nightshade မှာ solanine လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုးပါပြီး လူတွေအတွက်အန္တရာယ်ရှိတယ်ပြောပါတယ်။ အပင်ကထွက်တဲ့ solanine က အင်းဆက်တွေကာကွယ်ဖို့ Solanaceae မျိုးစိတ်ဝင်အပင်တွေက ထုတ်ပေးတဲ့ ဒြပ်ပေါင်းပါ။ အာလူးမှာလည်းပါပါတယ်။ ဒါကြောင့် အာလူးရဲ့ တစ်ချို့နေရာတွေက စိမ်းနေတာပါ။ ဒါကြောင့် အစိမ်းရောင်ဖြစ်နေတဲ့အာလူးအစိတ်အပိုင်းမစားသင့်ဘူးလို့ Micallef ကပြောပါတယ်။ ခရမ်းချဉ်သီး၊ ငရုတ်သီးတွေမှာ အစိမ်းရောင်ရှိလျှင်တောင် solanine မပါဘူးလို့ပြောပါတယ်။

၃။ အဆစ်တွေနာတာ ပိုဆိုးစေတယ်။ ဒါလည်းစဉ်းစားစရာပါ။ သိပ္ပံဆိုင်ရာ စမ်းသပ်ချက်တွေက ဒါနဲ့ပတ်သတ်လို့သက်သေမပြထားပါဘူးလို့ Toronto တက္ကသိုလ်က အရိုးအထူးကု Mark Erwin ကပြောပါတယ်။ ဒီအမြင်တွေက anecdotal လို့ခေါ်တဲ့ ကိုယ်တွေ့တွေအခြေခံတယ်ပြောပါတယ်။ Pamela Piotrowski,လို့ခေါ်တဲ့ အဟာရပညာရှင်က အဆစ်ရောင်သမားတွေတောင် စားလို့ရတယ်ရေးပါတယ်။ဒါပေမယ့် ကျွန်တော်က Dr.Gundry အယူအဆတိုင်း အဆစ်ရောင်သမားတွေကို ရှောင်စေချင်ပါတယ်။ သူက Lectin တွေပါလို့ ထိုလူနာတွေအတွက် မကောင်းပါ။

၎။ Nightshades က ခေါင်းတစ်ခြမ်းကိုက်စေတယ်ဆိုတာတော့ မဟုတ်ဘူးလို့  Cleveland Clinic ဆေးခန်းက ဦးနှောက်နှင့် အာရုံကြောပညာရှင် Jonathan Gladstone, က ပြောပါတယ်။ ခရမ်းချဉ်သီးလို အသီးမျိုးက သိပ်ကောင်းတဲ့ အဟာရပါဝင်လို့ စားသင့်တယ်ပြောပါတယ်။ ကျွန်တော်ကတော့ lectin ကြောက်လို့ အစေ့ထုတ်စားစေချင်ပါတယ်။ ပိုးသတ်ဆေးကြောက်လို့ အခွံခွာစားစေချင်ပါတယ်။

ကျွန်တော် ကျန်းမာရေး နဲ့ ဆိုင်တဲ့စာတွေရေးတဲ့အခါ လူနှစ်မျိုးတွေ့ပါတယ်။ တစ်မျိုးက သိတယ် သိလျက်နဲ့ မတည့်တာတွေ မရှောင်တာပါ။ ဒါလည်း မကောင်းပါ။ နောက်တစ်မျိုးက စာတွေအကုန်ဖတ်ပြီး ကြောက်လန့်ပြီး ဘာမှမစားရဲတဲ့လူတွေပါ။ ဒါလည်းမကောင်းပါ။ တကယ်ဖြစ်သင့်တာက ဘယ်အချိန်မှာ စားသင့်တယ်၊ ဘယ်အချိန်မှာ မစားသင့်ဘူးလဲ ကွဲကွဲပြားပြားသိဖို့ပါ။ ကျွန်တော်လည်း သိသလောက်ဝေမျှပါ့မည်။ ကျန်းမာရေးကောင်းဖို့ အတူတူကြိုးစားစေချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest