Enzymes

အခုတေလာ Ezymes ( အင္ဇိုင္း ) အေၾကာင္း သိပ္ေျပာေနၾကသလို ေၾကျငာေတြကလည္း နတ္ေဆးလိုေျပာေနၾကတာလဲရွိပါတယ္။

အင္ဇိုင္းဆိုတာ အမွန္တကယ္ေတာ့ ဓာတ္ကူပစၥည္းပါ။ ဓာတ္ကူဆိုတဲ့ သေဘာသဘာဝက လုပ္ငန္းေဆာင္ရြက္မႈ ျမန္ေအာင္လုပ္ေပးတာပါ။ လမ္းေလွ်ာက္သြားမည့္ အစား ကားနဲ႔သြားသလို အခ်ိန္ ႏွင့္ စြမ္းအင္ကို ေခၽြတာေပးတာပါ။ အင္ဇိုင္းဆိုတာ ဇီဝဓာတ္ကူပါ။ ကိုယ္ခႏၶာထဲက ဇီဝျဖစ္စဥ္ေတြကို စြမ္းအင္နည္းနည္း ႏွင့္ ခပ္ျမန္ျမန္ၿပီးေအာင္လုပ္ေပးတာပါ။ အစာမေၾကတဲ့အခါ အစာေျခအင္ဇိုင္းေသာက္လိုက္လွ်င္ အစာေခ်လုပ္ငန္းျမန္ျမန္ၿပီးလို႔ အစာျမန္ျမန္ ေၾကသြားတာ နားလည္ႏိုင္တဲ့ ဥပမာတစ္ခုပါ။

အင္ဇိုင္းေတြကို အမ်ိဳးအစားခြဲလွ်င္ ၁။ အစာေျခ အင္ဇိုင္း ( Digestive enzymes ) ႏွင့္ ၂။ ဇီဝျဖစ္စဥ္လုပ္ေပးေသာ အင္ဇိုင္း ( Metabolic enzymes ) တို႔ျဖစ္ပါတယ္။

အစာေျခ အင္ဇိုင္း , က အစာေခ်လုပ္ငန္းမွာ ကူညီပါတယ္။ အစာကို ေခ်ဖ်က္ဖို႔ နဲ႔ စုပ္ယူဖို႔လုပ္ေဆာင္တယ္။ အစာေခ်အင္ဇိုင္းေတြက ဆဲလ္ေတြရဲ႕အျပင္ဘက္ ( extra-cellular ) မွာေနပါတယ္။ အစာေျခ အင္ဇိုင္းအခ်ိဳ႕ကို ေတြးၾကည့္ရေအာင္

၁။ Protease: ပ႐ိုတိန္းကို ေခ်ဖ်က္ပါတယ္။

၂။ Maltase: ဆန္၊ဂ်ဳံတို႔ကရတဲ့ complex sugars ကို glucose ေျပာင္းေပးပါတယ္။

၃။ Amylase: ကာဗြန္ဟိုက္ဒရိတ္ေခ်ဖ်က္ရာမွာ ကူညီတယ္။

၄။ Lactase: ႏို႔မွာပါတဲ့ သၾကား (lactose) ကို ေခ်ဖ်က္ေပးတယ္။

၅။ Lipase: အဆီကို ေခ်ဖ်က္ေပးတယ္။ အိုင္ဘီအက္စ္ ေရာဂါ၊ celiac disease ႏွင့္ သည္းေျခမေကာင္းသူ၊ အဝလြန္သူေတြအတြက္ lipase မ်ားမ်ားေသာက္ေပးလွ်င္ အက်ိဳးရွိတယ္။ ေသာက္ေရမွာ fluorine ခပ္ထားလွ်င္ lipase ႏွင့္ protease ထုတ္လုပ္မႈ က်ဆင္းတတ္တယ္။

၆။ Phytase: အစာေခ်ျခင္းျဖစ္စဥ္ အားလုံးနီးပါးမွာပါတယ္။ B ဗိုက္တာမင္ကို လည္း ထုတ္ေပးတယ္။

၇။ Cellulase:  အစာမွာပါတဲ့ အမွ်င္ေတြကို ေခ်ေပးတာပါ။

၈။ Sucrase: သၾကားကို ေခ်ဖ်က္ေပးတာပါ။

Metabolic enzymes, ကေတာ့ စြမ္းအင္ထုတ္ျခင္း ႏွင့္ ကိုယ္တြင္းက အဆိပ္ေတြအျပင္ကိုထုတ္ေပးျခင္းတို႔မွာကူညီေပးပါတယ္။ Metabolic အင္ဇိုင္းက ဆဲလ္အတြင္းပိုင္း ( intra-cellular ) မွာ ေနတာပါ။ ဆဲလ္ေတြအသစ္ပြားဖို႔ ကူညီေပးပါတယ္။

အင္ဇိုင္းေတြကို ေစ်းကြက္မွာ supplements အေနနဲ႔ ေရာင္းတယ္။ အမ်ားသိၾကတာေတာ့ Enzyplex ပါ။ သူက digestive enzyme ပါ။ Life extension ကထုတ္တဲ့ Super Digestive Enzymes လည္း ေသာက္ဖူးပါတယ္။ အေတာ္ေလးေကာင္းပါတယ္။ 

ဘာလို႔ေသာက္လဲ။?

လူငယ္ေတြရဲ႕ တံေတြးမွာရွိတဲ့ amylase အင္ဇိုင္းက အသက္ ၆၉ ႏွစ္အရြယ္ေတြထက္ အဆ ၃၀ ပိုမ်ားပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္မွာရွိတဲ့ lipase ပမာဏက အသက္ ၇၇ ႏွစ္အရြယ္ထက္ ႏွစ္ဆပိုမ်ားပါတယ္။ အသက္ႀကီးလွ်င္ အင္ဇိုင္းေတြနည္းသြားတတ္လို႔ လူႀကီးမ်ားအစာသိပ္မေၾကၾကပါ။ အစာမ်ားတဲ့ သူေတြမွာ အစာျမန္ျမန္ေၾကေအာင္ အင္ဇိုင္းလိုပါတယ္။ ဒါေၾကာင့္ အင္ဇိုင္းေသာက္ၾကပါတယ္။

တိရစၧာန္နဲ႔ ျပဳလုပ္တဲ့ စမ္းသပ္မႈတစ္ခုမွာေတာ့ NMN လို႔ေခၚတဲ့ nicotinamide mononucleotide အင္ဇိုင္းက စြမ္းအင္ထုတ္လုပ္မႈမွာပါဝင္ၿပီး အိုမင္သြားတဲ့ဆဲလ္ေတြေနရာမွာ ဆဲလ္သစ္ေတြနဲ႔ အစားထိုးေပးတယ္ဆိုပါတယ္။ NMN ကို ပန္းစိမ္း၊ သခြားသီး ႏွင့္ ေဂၚဖီထုပ္ေတြမွာ ေတြ႕ႏိုင္ပါတယ္။ 

အင္ဇိုင္းလုပ္ေပးတဲ့ လုပ္ငန္းေတြက 

၁။ ဆဲလ္ထဲကို အဟာရပို႔ေဆာင္ျခင္း

၂။ အိုမင္းမႈကို ေႏွးသြားေစျခင္း။

၃။ အာ႐ုံေၾကာလုပ္ငန္းေကာင္းမြန္ေစျခင္း။

၄။ DNA ႏွင့္ RNA လုပ္ငန္းကို ကူညီျခင္း

၅။ ဟိုမုန္းကို မွ်တေစျခင္း

၆။ ေရာင္ရမ္းျခင္းကို ေလ်ာ့ခ်ေပးျခင္း

၇။ ေရာဂါပိုးကို တိုက္ခိုက္ႏိုင္ျခင္း ႏွင့္ အနာက်က္ျမန္ေစျခင္း

၈။ အစာေခ်ေပးျခင္း

၉။ ေအာက္ဆီဂ်င္ သယ္ေဆာင္ေသာလုပ္ငန္းမွာ ပါဝင္ျခင္း

၁၀။ ေသြးခဲျခင္းကို တားေပးျခင္း

၁၁။ ကိုယ္တြင္းအညစ္အေၾကးကို ထုတ္ေပးျခင္း

၁၂။ စြမ္းအင္ထုတ္ေပးျခင္း

အင္ဇိုင္းတစ္ခုတည္းႏွင့္ ဇီဝလုပ္ငန္းေတြကို မလုပ္ႏိုင္ပါ။ သူကိုကူညီေပးဖို႔ ဗိုက္တာမင္ေတြ ႏွင့္ သတၳဳဓာတ္ေတြလိုပါတယ္။ သူတို႔ကို coenzymes လို႔ေခၚပါတယ္။ နာမည္ႀကီး coenzyme ကေတာ့ coenzyme Q ပါ။ အသက္ႏွစ္ဆယ္ေနာက္ပိုင္း အင္ဇိုင္းထုတ္လုပ္မႈက်ဆင္းလာပါတယ္။ အစိမ္းစားလို႔ ရတဲ့ သဘာဝဟင္းသီးဟင္းရြက္ေတြမွာ အင္ဇိုင္းပါပါတယ္။ ေခတ္ကိုက အသင့္စားေတြနဲ႔ ေနရတဲ့ ေခတ္မို႔ အင္ဇိုင္းနည္းတတ္ပါတယ္။ ဒါေၾကာင့္ အစာမေၾကျခင္းက ကပ္ေရာဂါအသြင္ေဆာင္ေနတာပါ။ ဒါေၾကာင့္ အသင့္စားေတြေရွာင္ပါ။ အစိမ္းစားလို႔ရတဲ့ ဟင္းသီးဟင္းရြက္စားပါ။ Fasting လုပ္ပါ။ Fasting လုပ္ျခင္းအားျဖင့္ အင္ဇိုင္းေတြ ေခၽြတာၿပီးျဖစ္လို႔ က်န္းမာေရးအတြက္ေကာင္းပါတယ္။ တတ္ႏိုင္လွ်င္ အင္ဇိုင္း supplements ဝယ္ေသာက္ပါ။

Dr. PHYO MAUNG

 unicode >>>>

အခုတလော Ezymes ( အင်ဇိုင်း ) အကြောင်း သိပ်ပြောနေကြသလို ကြေငြာတွေကလည်း နတ်ဆေးလိုပြောနေကြတာလဲရှိပါတယ်။

အင်ဇိုင်းဆိုတာ အမှန်တကယ်တော့ ဓာတ်ကူပစ္စည်းပါ။ ဓာတ်ကူဆိုတဲ့ သဘောသဘာဝက လုပ်ငန်းဆောင်ရွက်မှု မြန်အောင်လုပ်ပေးတာပါ။ လမ်းလျှောက်သွားမည့် အစား ကားနဲ့သွားသလို အချိန် နှင့် စွမ်းအင်ကို ချွေတာပေးတာပါ။ အင်ဇိုင်းဆိုတာ ဇီဝဓာတ်ကူပါ။ ကိုယ်ခန္ဓာထဲက ဇီဝဖြစ်စဉ်တွေကို စွမ်းအင်နည်းနည်း နှင့် ခပ်မြန်မြန်ပြီးအောင်လုပ်ပေးတာပါ။ အစာမကြေတဲ့အခါ အစာခြေအင်ဇိုင်းသောက်လိုက်လျှင် အစာချေလုပ်ငန်းမြန်မြန်ပြီးလို့ အစာမြန်မြန် ကြေသွားတာ နားလည်နိုင်တဲ့ ဥပမာတစ်ခုပါ။

အင်ဇိုင်းတွေကို အမျိုးအစားခွဲလျှင် ၁။ အစာခြေ အင်ဇိုင်း ( Digestive enzymes ) နှင့် ၂။ ဇီဝဖြစ်စဉ်လုပ်ပေးသော အင်ဇိုင်း ( Metabolic enzymes ) တို့ဖြစ်ပါတယ်။

အစာခြေ အင်ဇိုင်း , က အစာချေလုပ်ငန်းမှာ ကူညီပါတယ်။ အစာကို ချေဖျက်ဖို့ နဲ့ စုပ်ယူဖို့လုပ်ဆောင်တယ်။ အစာချေအင်ဇိုင်းတွေက ဆဲလ်တွေရဲ့အပြင်ဘက် ( extra-cellular ) မှာနေပါတယ်။ အစာခြေ အင်ဇိုင်းအချို့ကို တွေးကြည့်ရအောင်

၁။ Protease: ပရိုတိန်းကို ချေဖျက်ပါတယ်။

၂။ Maltase: ဆန်၊ဂျုံတို့ကရတဲ့ complex sugars ကို glucose ပြောင်းပေးပါတယ်။

၃။ Amylase: ကာဗွန်ဟိုက်ဒရိတ်ချေဖျက်ရာမှာ ကူညီတယ်။

၄။ Lactase: နို့မှာပါတဲ့ သကြား (lactose) ကို ချေဖျက်ပေးတယ်။

၅။ Lipase: အဆီကို ချေဖျက်ပေးတယ်။ အိုင်ဘီအက်စ် ရောဂါ၊ celiac disease နှင့် သည်းခြေမကောင်းသူ၊ အဝလွန်သူတွေအတွက် lipase များများသောက်ပေးလျှင် အကျိုးရှိတယ်။ သောက်ရေမှာ fluorine ခပ်ထားလျှင် lipase နှင့် protease ထုတ်လုပ်မှု ကျဆင်းတတ်တယ်။

၆။ Phytase: အစာချေခြင်းဖြစ်စဉ် အားလုံးနီးပါးမှာပါတယ်။ B ဗိုက်တာမင်ကို လည်း ထုတ်ပေးတယ်။

၇။ Cellulase:  အစာမှာပါတဲ့ အမျှင်တွေကို ချေပေးတာပါ။

၈။ Sucrase: သကြားကို ချေဖျက်ပေးတာပါ။

Metabolic enzymes, ကတော့ စွမ်းအင်ထုတ်ခြင်း နှင့် ကိုယ်တွင်းက အဆိပ်တွေအပြင်ကိုထုတ်ပေးခြင်းတို့မှာကူညီပေးပါတယ်။ Metabolic အင်ဇိုင်းက ဆဲလ်အတွင်းပိုင်း ( intra-cellular ) မှာ နေတာပါ။ ဆဲလ်တွေအသစ်ပွားဖို့ ကူညီပေးပါတယ်။

အင်ဇိုင်းတွေကို ဈေးကွက်မှာ supplements အနေနဲ့ ရောင်းတယ်။ အများသိကြတာတော့ Enzyplex ပါ။ သူက digestive enzyme ပါ။ Life extension ကထုတ်တဲ့ Super Digestive Enzymes လည်း သောက်ဖူးပါတယ်။ အတော်လေးကောင်းပါတယ်။ 

ဘာလို့သောက်လဲ။?

လူငယ်တွေရဲ့ တံတွေးမှာရှိတဲ့ amylase အင်ဇိုင်းက အသက် ၆၉ နှစ်အရွယ်တွေထက် အဆ ၃၀ ပိုများပါတယ်။ အသက် ၂၇ နှစ်အရွယ်မှာရှိတဲ့ lipase ပမာဏက အသက် ၇၇ နှစ်အရွယ်ထက် နှစ်ဆပိုများပါတယ်။ အသက်ကြီးလျှင် အင်ဇိုင်းတွေနည်းသွားတတ်လို့ လူကြီးများအစာသိပ်မကြေကြပါ။ အစာများတဲ့ သူတွေမှာ အစာမြန်မြန်ကြေအောင် အင်ဇိုင်းလိုပါတယ်။ ဒါကြောင့် အင်ဇိုင်းသောက်ကြပါတယ်။

တိရစ္ဆာန်နဲ့ ပြုလုပ်တဲ့ စမ်းသပ်မှုတစ်ခုမှာတော့ NMN လို့ခေါ်တဲ့ nicotinamide mononucleotide အင်ဇိုင်းက စွမ်းအင်ထုတ်လုပ်မှုမှာပါဝင်ပြီး အိုမင်သွားတဲ့ဆဲလ်တွေနေရာမှာ ဆဲလ်သစ်တွေနဲ့ အစားထိုးပေးတယ်ဆိုပါတယ်။ NMN ကို ပန်းစိမ်း၊ သခွားသီး နှင့် ဂေါ်ဖီထုပ်တွေမှာ တွေ့နိုင်ပါတယ်။ 

အင်ဇိုင်းလုပ်ပေးတဲ့ လုပ်ငန်းတွေက 

၁။ ဆဲလ်ထဲကို အဟာရပို့ဆောင်ခြင်း

၂။ အိုမင်းမှုကို နှေးသွားစေခြင်း။

၃။ အာရုံကြောလုပ်ငန်းကောင်းမွန်စေခြင်း။

၄။ DNA နှင့် RNA လုပ်ငန်းကို ကူညီခြင်း

၅။ ဟိုမုန်းကို မျှတစေခြင်း

၆။ ရောင်ရမ်းခြင်းကို လျော့ချပေးခြင်း

၇။ ရောဂါပိုးကို တိုက်ခိုက်နိုင်ခြင်း နှင့် အနာကျက်မြန်စေခြင်း

၈။ အစာချေပေးခြင်း

၉။ အောက်ဆီဂျင် သယ်ဆောင်သောလုပ်ငန်းမှာ ပါဝင်ခြင်း

၁၀။ သွေးခဲခြင်းကို တားပေးခြင်း

၁၁။ ကိုယ်တွင်းအညစ်အကြေးကို ထုတ်ပေးခြင်း

၁၂။ စွမ်းအင်ထုတ်ပေးခြင်း

အင်ဇိုင်းတစ်ခုတည်းနှင့် ဇီဝလုပ်ငန်းတွေကို မလုပ်နိုင်ပါ။ သူကိုကူညီပေးဖို့ ဗိုက်တာမင်တွေ နှင့် သတ္ထုဓာတ်တွေလိုပါတယ်။ သူတို့ကို coenzymes လို့ခေါ်ပါတယ်။ နာမည်ကြီး coenzyme ကတော့ coenzyme Q ပါ။ အသက်နှစ်ဆယ်နောက်ပိုင်း အင်ဇိုင်းထုတ်လုပ်မှုကျဆင်းလာပါတယ်။ အစိမ်းစားလို့ ရတဲ့ သဘာဝဟင်းသီးဟင်းရွက်တွေမှာ အင်ဇိုင်းပါပါတယ်။ ခေတ်ကိုက အသင့်စားတွေနဲ့ နေရတဲ့ ခေတ်မို့ အင်ဇိုင်းနည်းတတ်ပါတယ်။ ဒါကြောင့် အစာမကြေခြင်းက ကပ်ရောဂါအသွင်ဆောင်နေတာပါ။ ဒါကြောင့် အသင့်စားတွေရှောင်ပါ။ အစိမ်းစားလို့ရတဲ့ ဟင်းသီးဟင်းရွက်စားပါ။ Fasting လုပ်ပါ။ Fasting လုပ်ခြင်းအားဖြင့် အင်ဇိုင်းတွေ ချွေတာပြီးဖြစ်လို့ ကျန်းမာရေးအတွက်ကောင်းပါတယ်။ တတ်နိုင်လျှင် အင်ဇိုင်း supplements ဝယ်သောက်ပါ။

Dr. PHYO MAUNG

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest