သိုင္းရြိဳက္အက်ိဳးျပဳ ပရေဆးပင္မ်ား

Herbal adaptogens လို႔ေခၚတဲ့ ပရေဆးပင္အမ်ားစုက ဟိုမုန္းပမာဏကို ညီၫြတ္မွ်တေစပါတယ္။ Cortisol ပမာဏ ကိုေလ်ာ့နည္းေစၿပီး သိုင္းရြိဳက္ဟိုမုန္းကိုမွ်တေစပါတယ္။

•Ashwaganda ကိုပရေဆးပင္ကထုတ္ယူထားတာျဖစ္ၿပီးဟိုမုန္းထိန္းညွိႏိုင္တဲ့အစြမ္းရွိပါတယ္။ Stess ဒဏ္ခံႏိုင္ၿပီးခံႏိုင္ရည္စြမ္းအားျမင့္လာပါတယ္။သိုင္းရြိဳက္ဟိုမုန္းကိုသဘာဝအတိုင္းထြက္လာေစတယ္လို႔သုေသတနစာတမ္းေတြမွာေရးပါတယ္။ေလ့လာမႈတစ္ခုမွာ Ashwagandha extract ( 500 mg ) ေသာက္ေပးျခင္းျဖင့္သိုင္းရြိဳက္ဟိုမုန္း T4 ပိုမိုထြက္လာတယ္လို႔ေရးပါတယ္။

•Eleuthero ဆိုတာဆိုက္ေဘရီးယားဂ်င္စင္းတစ္မ်ိဳးျဖစ္ၿပီး stress ေၾကာင့္သိုင္းရြိက္ဟိုမုန္း T4 ကေန reverse T3 (rT3)  ေျပာင္းလဲျခင္းကို တားဆီးေပးၿပီး သိုင္းရြိဳက္ဟိုမုန္း T3, T4 ကို မွ်တေစပါတယ္။

•Licorice လို႔ေခၚတဲ့ႏြယ္ခ်ိဳကသိုင္းရြိဳက္ဂရင္းကို free radicals ဒဏ္ကကာကြယ္ေပးပါတယ္။ Cortisol ပမာဏကိုက်ေစပါတယ္။

IMG_0415.jpeg

•Turmeric ( နႏြင္း ) မွာ curcumin ပါဝင္ၿပီးေရာင္ရမ္းျခင္းကိုေလ်ာ့ခ်ေပးပါတယ္။သိုင္းရြိဳက္အတိုက္အခိုက္ခံရျခင္းကိုလည္းေလ်ာ့က်ေစပါတယ္။

IMG_0416.jpeg

•Ginger ( ဂ်င္း ) မွာအေရာင္ေလ်ာ့က်ေစေသာအစြမ္းေတြရွိၿပီးသိုင္းရြိဳက္ဟိုမုန္းကိုတည္ၿငိမ္ေစပါတယ္။ Hashimoto’s thyroid disease ႏွင့္ Grave’s disease ျဖစ္ပြားႏႈန္းကိုက်ဆင္းေစတယ္လို႔ဆိုပါတယ္။

IMG_0418.jpeg

•Guggul ဆိုတာအိႏၵိယႏိုင္ငံေျမာက္ပိုင္းမွာေပါက္တဲ့ Mukul Myrrh ပရေဆးပင္ကထုတ္ယူထားတဲ့အဆီအႏွစ္ျဖစ္ၿပီးသိုင္းရြိဳက္ဟိုမုန္း T4 ကို T3 ေျပာင္းေပးတဲ့ဇီဝဓာတ္ကူအင္ဇိုင္းေတြရဲ႕လုပ္ငန္းကိုျမႇင့္တင္ေပးပါတယ္။

ပရေဆးပင္ေတြ၊ ဗိုက္တာမင္ေတြ ႏွင့္ အျခားလိုအပ္တဲ့ အဟာရေတြေပါင္းၿပီး herbal thyroid supplement ဆိုၿပီးေရာင္းပါတယ္။ တံဆိပ္မ်ိဳးစုံ ႏွင့္ ေစ်းကလည္းမ်ိဳးစုံပါ။ Herbal ဆိုတဲ့အတိုင္း ပရေဆးပင္က အဆီအႏွစ္ေတြ ႏွင့္ သိုင္းရြိဳက္အတြက္လိုအပ္တဲ့ အဟာရေတြေပါင္းထုတ္ထားတာပါ။ ဟိုမုန္းေဆးမဟုတ္ပဲ သိုင္းရြိဳက္ဂရင္းက သိုင္းရြိဳက္ဟိုမုန္းထြက္လာေအာင္၊ သိုင္းရြိဳက္ဟိုမုန္းလုပ္ငန္းေကာင္းေကာင္းလုပ္ႏိုင္ေအာင္ ကူညီဖို႔ေပးပါတယ္။သိုင္းရြိဳက္ဂရင္း ထုတ္ထားသူမ်ားအတြက္ အက်ိဳးမျပဳႏိုင္ပါ။ Herbal thyroid supplement   ကို ေအာ္တိုအင္ျမဴး သိုင္းရြိဳက္ေရာဂါေတြမွာ မသုံးဖို႔ တစ္ခ်ိဳ႕ဆရာဝန္မ်ားကေျပာပာပါတယ္။ တစ္ခ်ိဳ႕ဆရာဝန္ေတြကလည္း တိက်တဲ့ စမ္းသပ္မႈ မရွိဘူးဆိုၿပီး မသုံးဖို႔ေျပာပါတယ္။

အခုတေလာ ျမန္မာျပည္မွာ စသုံးလာတဲ့ Triple Action Thyroid အေၾကာင္း နည္းနည္းေျပာပါရေစ။ Life Extension ေဆးကုမၸဏီက ပရေဆးပင္ေတြျဖစ္တဲ့ Ashwagandha ၊ Guggul ၊ဂ်င္စင္း ေတြ ႏွင့္ အိုင္အိုဒင္း၊ အမိုင္ႏိုအက္ဆစ္  tyrosine ၊ ဗိုက္တာမင္ B12 ၊ ဗိုက္တာမင္  A ေတြကို ေပါင္းၿပီး Triple Action Thyroid, ဆိုတဲ့ သိုင္းရြိဳက္ဂရင္း ႏွင့္ သိုင္းရြိဳက္ဟိုမုန္းကို ေထာက္ပံ့ေပးမည့္ ျဖည့္စြက္စာတစ္မ်ိဳးကို ထုတ္ထားပါတယ္။ သိုင္းရြိဳက္ဂရင္း ေကာင္းမြန္ၿပီး သိုင္းရြိဳက္ဟိုမုန္း ေကာင္းေကာင္းအလုပ္လုပ္မလုပ္ႏိုင္သူေတြ သုံးႏိုင္ပါတယ္။ Triple Action Thyroid, ျဖည့္စြက္စာက ဟိုမုန္းေဆးမဟုတ္ပါ။ Triple Action Thyroid,  ကို စြမ္းအင္ျမႇင့္တင္ဖို႔၊ ဇီဝလုပ္ငန္းေကာင္းမြန္ဖို႔၊ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ဖို႔ သုံးႏိုင္တယ္လို႔  Life Extension က ၫႊန္းဆိုေရာင္းခ်ပါတယ္။

Triple Action Thyroid ျဖည့္စြက္စာကို တစ္ခါေသာက္ တစ္လုံး ႏွင့္ တစ္ေန႔ ႏွစ္ႀကိမ္အမ်ားဆုံးေသာက္ႏိုင္ပါတယ္။ Triple Action Thyroid ျဖည့္စြက္စာ မွာ သိုင္းရြိဳက္ဟိုမုန္း အတြက္လိုအပ္တဲ့ selenium ႏွင့္ zinc မပါဝင္တာေၾကာင့္ အစားအေသာက္ သို႔မဟုတ္ ျဖည့္စြက္စာ ႏွင့္ ျဖည့္ေပးဖို႔လိုပါလိမ့္မည္။ သိုင္းရြိဳက္ဂရင္း ပ်က္စီးေနလွ်င္ သို႔မဟုတ္ သိုင္းရြိဳင္းဂရင္း ထုတ္ထားလွ်င္ ေသာက္သင့္၊ မေသာက္သင့္ နားလည္သူထံ အၾကံဉာဏ္ယူရပါမည္။

unicode >>>

Herbal adaptogens လို့ခေါ်တဲ့ ပရဆေးပင်အများစုက ဟိုမုန်းပမာဏကို ညီညွတ်မျှတစေပါတယ်။ Cortisol ပမာဏ ကိုလျော့နည်းစေပြီး သိုင်းရွိုက်ဟိုမုန်းကိုမျှတစေပါတယ်။

•Ashwaganda ကိုပရဆေးပင်ကထုတ်ယူထားတာဖြစ်ပြီးဟိုမုန်းထိန်းညှိနိုင်တဲ့အစွမ်းရှိပါတယ်။ Stess ဒဏ်ခံနိုင်ပြီးခံနိုင်ရည်စွမ်းအားမြင့်လာပါတယ်။သိုင်းရွိုက်ဟိုမုန်းကိုသဘာဝအတိုင်းထွက်လာစေတယ်လို့သုသေတနစာတမ်းတွေမှာရေးပါတယ်။လေ့လာမှုတစ်ခုမှာ Ashwagandha extract ( 500 mg ) သောက်ပေးခြင်းဖြင့်သိုင်းရွိုက်ဟိုမုန်း T4 ပိုမိုထွက်လာတယ်လို့ရေးပါတယ်။

•Eleuthero ဆိုတာဆိုက်ဘေရီးယားဂျင်စင်းတစ်မျိုးဖြစ်ပြီး stress ကြောင့်သိုင်းရွိက်ဟိုမုန်း T4 ကနေ reverse T3 (rT3)  ပြောင်းလဲခြင်းကို တားဆီးပေးပြီး သိုင်းရွိုက်ဟိုမုန်း T3, T4 ကို မျှတစေပါတယ်။

•Licorice လို့ခေါ်တဲ့နွယ်ချိုကသိုင်းရွိုက်ဂရင်းကို free radicals ဒဏ်ကကာကွယ်ပေးပါတယ်။ Cortisol ပမာဏကိုကျစေပါတယ်။

IMG_0415.jpeg

•Turmeric ( နနွင်း ) မှာ curcumin ပါဝင်ပြီးရောင်ရမ်းခြင်းကိုလျော့ချပေးပါတယ်။သိုင်းရွိုက်အတိုက်အခိုက်ခံရခြင်းကိုလည်းလျော့ကျစေပါတယ်။

IMG_0416.jpeg

•Ginger ( ဂျင်း ) မှာအရောင်လျော့ကျစေသောအစွမ်းတွေရှိပြီးသိုင်းရွိုက်ဟိုမုန်းကိုတည်ငြိမ်စေပါတယ်။ Hashimoto’s thyroid disease နှင့် Grave’s disease ဖြစ်ပွားနှုန်းကိုကျဆင်းစေတယ်လို့ဆိုပါတယ်။

IMG_0418.jpeg

•Guggul ဆိုတာအိန္ဒိယနိုင်ငံမြောက်ပိုင်းမှာပေါက်တဲ့ Mukul Myrrh ပရဆေးပင်ကထုတ်ယူထားတဲ့အဆီအနှစ်ဖြစ်ပြီးသိုင်းရွိုက်ဟိုမုန်း T4 ကို T3 ပြောင်းပေးတဲ့ဇီဝဓာတ်ကူအင်ဇိုင်းတွေရဲ့လုပ်ငန်းကိုမြှင့်တင်ပေးပါတယ်။

ပရဆေးပင်တွေ၊ ဗိုက်တာမင်တွေ နှင့် အခြားလိုအပ်တဲ့ အဟာရတွေပေါင်းပြီး herbal thyroid supplement ဆိုပြီးရောင်းပါတယ်။ တံဆိပ်မျိုးစုံ နှင့် ဈေးကလည်းမျိုးစုံပါ။ Herbal ဆိုတဲ့အတိုင်း ပရဆေးပင်က အဆီအနှစ်တွေ နှင့် သိုင်းရွိုက်အတွက်လိုအပ်တဲ့ အဟာရတွေပေါင်းထုတ်ထားတာပါ။ ဟိုမုန်းဆေးမဟုတ်ပဲ သိုင်းရွိုက်ဂရင်းက သိုင်းရွိုက်ဟိုမုန်းထွက်လာအောင်၊ သိုင်းရွိုက်ဟိုမုန်းလုပ်ငန်းကောင်းကောင်းလုပ်နိုင်အောင် ကူညီဖို့ပေးပါတယ်။သိုင်းရွိုက်ဂရင်း ထုတ်ထားသူများအတွက် အကျိုးမပြုနိုင်ပါ။ Herbal thyroid supplement   ကို အော်တိုအင်မြူး သိုင်းရွိုက်ရောဂါတွေမှာ မသုံးဖို့ တစ်ချို့ဆရာဝန်များကပြောပာပါတယ်။ တစ်ချို့ဆရာဝန်တွေကလည်း တိကျတဲ့ စမ်းသပ်မှု မရှိဘူးဆိုပြီး မသုံးဖို့ပြောပါတယ်။

အခုတလော မြန်မာပြည်မှာ စသုံးလာတဲ့ Triple Action Thyroid အကြောင်း နည်းနည်းပြောပါရစေ။ Life Extension ဆေးကုမ္ပဏီက ပရဆေးပင်တွေဖြစ်တဲ့ Ashwagandha ၊ Guggul ၊ဂျင်စင်း တွေ နှင့် အိုင်အိုဒင်း၊ အမိုင်နိုအက်ဆစ်  tyrosine ၊ ဗိုက်တာမင် B12 ၊ ဗိုက်တာမင်  A တွေကို ပေါင်းပြီး Triple Action Thyroid, ဆိုတဲ့ သိုင်းရွိုက်ဂရင်း နှင့် သိုင်းရွိုက်ဟိုမုန်းကို ထောက်ပံ့ပေးမည့် ဖြည့်စွက်စာတစ်မျိုးကို ထုတ်ထားပါတယ်။ သိုင်းရွိုက်ဂရင်း ကောင်းမွန်ပြီး သိုင်းရွိုက်ဟိုမုန်း ကောင်းကောင်းအလုပ်လုပ်မလုပ်နိုင်သူတွေ သုံးနိုင်ပါတယ်။ Triple Action Thyroid, ဖြည့်စွက်စာက ဟိုမုန်းဆေးမဟုတ်ပါ။ Triple Action Thyroid,  ကို စွမ်းအင်မြှင့်တင်ဖို့၊ ဇီဝလုပ်ငန်းကောင်းမွန်ဖို့၊ ကိုယ်အလေးချိန်လျော့ချဖို့ သုံးနိုင်တယ်လို့  Life Extension က ညွှန်းဆိုရောင်းချပါတယ်။

Triple Action Thyroid ဖြည့်စွက်စာကို တစ်ခါသောက် တစ်လုံး နှင့် တစ်နေ့ နှစ်ကြိမ်အများဆုံးသောက်နိုင်ပါတယ်။ Triple Action Thyroid ဖြည့်စွက်စာ မှာ သိုင်းရွိုက်ဟိုမုန်း အတွက်လိုအပ်တဲ့ selenium နှင့် zinc မပါဝင်တာကြောင့် အစားအသောက် သို့မဟုတ် ဖြည့်စွက်စာ နှင့် ဖြည့်ပေးဖို့လိုပါလိမ့်မည်။ သိုင်းရွိုက်ဂရင်း ပျက်စီးနေလျှင် သို့မဟုတ် သိုင်းရွိုင်းဂရင်း ထုတ်ထားလျှင် သောက်သင့်၊ မသောက်သင့် နားလည်သူထံ အကြံဉာဏ်ယူရပါမည်။

references 

1. J Ayurveda Integr Med. 2014 Oct-Dec;5(4):241-5.

2. Phytother Res. 2005 Jan;19(1):78-80.

3. Zhongguo Zhong Xi Yi Jie He Za Zhi. 1999 Apr;19(4):209-11.

4. Available at:  http://fitsweb.uchc.edu/student/selectives/Luzietti/Thyroid_hormones.htm. Accessed October 6, 2015.

5. Am J Med Sci. 2006 Sep;332(3):119-22.

6. J Am Coll Nutr. 2012 Aug;31(4):268-74.

7. J Endocrinol. 1989 Apr;121(1):75-9.

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest