သိုင္း႐ြိဳက္က်န္းမာေရး အတြက္ လိုအပ္ေသာ အဟာရမ်ား

1. Iodine

သိုင္းရြိဳက္ဂရင္း က သိုင္းရြိဳက္ဟိုမုန္း ထုတ္ဖို႔ အိုင္အိုဒင္း လိုအပ္ပါတယ္။ ဒါေၾကာင့္ ခႏၶာကိုယ္မွာ အိုင္အိုဒင္း ပုံမွန္ရွိဖို႔ အေတာ္အေရးႀကီးတယ္။ အိုင္အိုဒင္း နည္းတာျဖစ္ျဖစ္၊ အိုင္အိုဒင္းမ်ားသြားလွ်င္ျဖစ္ျဖစ္ သိုင္းရြိဳက္လုပ္ေဆာင္ခ်က္ ခ်ိဳ႕ယြင္းသြားတတ္ပါတယ္။ အိုင္အိုဒင္း အေျမာက္အျမားပါတာက ပင္လယ္ထြက္ စားစရာေတြပါ။

2. Selenium

Selenium က 5-deiodinase အင္ဇိုင္းကို ထိန္းခ်ဳပ္ၿပီး သိုက္းရြိဳက္ဟိုမုန္း T 4 ကို T3 ေျပာင္းေပးတယ္။ သိပ္အသုံးမဝင္တဲ့ rT3 ျဖစ္တာကို တားႏိုင္တယ္။ သိုင္းရြိဳက္ anti-bodies ေတြကို နည္းသြားေစတယ္။ Selenium ခ်ိဳ႕တဲ့တဲ့အခါ ခုခံစြမ္းအား က်ဆင္းသြားၿပီး ကင္ဆာ ႏွင့္ ေအာ္တိုအင္ျမဴးေရာဂါေတြ ျဖစ္ႏိုင္တယ္။ Selenium ႂကြယ္ဝတဲ့ အစားအစာေတြစားေပးျခင္းျဖင့္ သိုင္းရြိဳက္ဟိုမုန္းလုပ္ငန္း ပိုမိုေကာင္းလာႏိုင္တယ္။ သိုင္းရြိဳက္ ေရာင္ရမ္းျခင္း ေလ်ာ့နည္းသြားႏိုင္တယ္။သိုင္းရြိဳက္ဆဲလ္ ပ်က္စီးတာကို ျပဳျပင္ေပးႏိုင္တယ္။ Brazil nuts၊ ၾကက္ဆင္၊ ဆာဒင္း ႏွင့္ ဥအမ်ိဳးမ်ိဳးမွာ selenium ေတြပါပါတယ္။ အစားအစာကေန selenium လုံေလာက္ေအာင္ မရႏိုင္ဘူးဆိုလွ်င္ selenium supplements  ေသာက္ဖို႔လိုပါလိမ့္မည္။

3. Zinc

ဥအမ်ိဳးမ်ိဳး၊ ႀကက္သား၊ ေဆာ္လမြန္ငါး ၊ အမဲသား၊ ဖ႐ုံေစ့ ႏွင့္ ဟင္းႏုႏြယ္ေတြမွာ zinc ပါဝင္ပါတယ္။ သိုင္းရြိဳက္ဟိုမုန္း ထုတ္လုပ္မႈမွာ zinc ပါဝင္ၿပီး zinc ခ်ိဳတဲ့ တဲ့အခါ hypothyroidism ေဝဒနာ ခံစာရၿပီး အေရျပားေျခာက္ေသြ႕ျခင္း၊ ဆံပင္ ကၽြတ္ျခင္း ၊ အားနည္းျခင္း၊ အရသာပ်က္ျခင္း၊ စိတ္ဓာတ္က်ျခင္းေတြ ျဖစ္ႏိုင္ပါတယ္။ Zinc supplement ေသာက္လိုက္လွ်င္ ေရာဂါလကၡဏာေတြ သက္သာသြားတတ္ပါတယ္။

4. အဆီမွာ ေပ်ာ္ဝင္ေသာ ဗိုက္တာမင္မ်ား

သိုင္းရြိဳက္ဟိုမုန္း လုပ္ငန္းေတြမွာ ဗိုက္တာမင္ A, E, D ႏွင့္  K2 က အေတာ္ေလး အေရးပါပါတယ္။

သိုင္းရြိဳက္ဟိုမုန္း တည္ေဆာက္ျခင္း ႏွင့္ ျဖန္႔ျဖဴးျခင္းမွာ ဗိုက္တာမင္ A ပါဝင္လုပ္ကိုင္ရပါတယ္။ TSH ပမာဏကိုထိန္းေပးျခင္း ႏွင့္ သိုင္းရြိဳက္ဟိုမုန္း T4 ကို T3 ေျပာင္းလဲေပးျခင္း မွာလည္း ဗိုက္တာမင္ A ပါဝင္ပတ္သတ္ပါတယ္။ သိုင္းရြိဳက္ဂရင္းက အိုင္အိုဒင္းစုပ္ယူမႈကို ဗိုက္တာမင္ A က ကူညီေပးပါတယ္။ ဝါေသာ အသီး ႏွင့္ စိမ္းေသာအရြက္ေတြမွာ ဗိုက္တာမင္ A ႂကြယ္ဝစြာပါဝင္ပါတယ္။

Hyperthyroid ေၾကာင့္ျဖစ္တဲ့ အ႐ိုးပြျခင္းကို ဗိုက္တာမင္ D ႏွင့္ K2 က သက္သာေပ်ာက္ကင္းေစပါတယ္။ 

ဗိုက္တာမင္ E မွာ antioxidant အစြမ္းရွိၿပီး ေအာ္တိုအင္ျမဴး သိုင္းရြိဳက္ေရာဂါေတြအတြက္အက်ိဳးရွိပါတယ္။

5. Iron

rT3 လို႔လူသိမ်ားတဲ့ reverse T3 မ်ားမ်ားမထြက္ေအာင္ သံဓာတ္က တားဆီးေပးပါတယ္။ သံဓာတ္ခ်ိဳ႕တဲ့ တဲ့ လူနာေတြမွာ T3, T4 အထြက္နည္းသြားသလို T4 ကေန T3 လည္း သိပ္မေျပာင္းႏိုင္ေတာ့ပါ။ဒါေၾကာင့္ သံဓာတ္ခ်ိဳ႕တဲ့ တဲ့ လူနာေတြမွာ hypothyroid  အျဖစ္မ်ားပါတယ္။

6. ဗိုက္တာမင္ B-Complex

ဗိုက္တာမင္ B6 က သိုင္းရြိဳက္ဟိုမုန္း ထုတ္လုပ္ျခင္းကို ကူညီေပးၿပီး hypothyroid ေရာဂါကို သက္သာေစပါတယ္။ဗိုက္တာမင္ B12 ႏွင့္ B2 ခ်ိဳ႕တဲ့မႈက သိုင္းရြိဳက္ေရာဂါေတြ ပိုျဖစ္ေစတယ္ဆိုပါတယ္။

7. အမိုင္ႏိုအက္ဆစ္ tyrosine

အမိုင္ႏိုအက္ဆစ္ tyrosine ခ်ိဳ႕တဲ့ တဲ့အခါ သိုင္းရြိဳက္ဟိုမုန္း သာမက dopamine ပါနည္းသြားတတ္ပါတယ္။ သိပ္ပင္ပန္းတဲ့အခါ အမိုင္ႏိုအက္ဆစ္ tyrosine ခ်ိဳ႕တဲ့ တဲ့သူဟာ အာ႐ုံစိုက္လို႔မရေတာ့သလို လႈပ္ရွားမႈေႏွးသြားၿပီး ခႏၶာကိုယ္က်န္းမာေရးက်ဆင္းလာတတ္ပါတယ္။ အမိုင္ႏိုအက္ဆစ္ tyrosine ခ်ိဳ႕တဲ့ တဲ့အခါ သိုင္းရြိဳက္က်န္းမာေရးပါ က်ဆင္းလာတတ္ပါတယ္။

8. ဗိုက္တာမင္ C

ဗိုက္တာမင္ C က သိုင္းရြိဳက္ဟိုမုန္းမ်ားျခင္းေၾကာင့္ျဖစ္တဲ့ ဆဲလ္ေတြရဲ႕ ဒဏ္ရာကို ကုသေပးႏိုင္တဲ့ အျပင္ adrenal ဂရင္း က်န္းမာေရးကို ေကာင္းေစတယ္။ Adrenal  ဂရင္း က်န္းမာေရးေကာင္းလာလွ်င္ သိုင္းရြိဳက္ဂရင္းပါက်န္းမာေရးေကာင္းလာပါတယ္။ ဗိုက္တာမင္ C ကို ေျခာက္လေလာက္ ေသာက္ေပးလွ်င္ T3, T4 ႏွင့္ TSH ပမာဏေတြ တိုးတက္လာတယ္ဆိုတဲ့ သုေသတနတစ္ခုရွိပါတယ္။ ( ref – https://www.ncbi.nlm.nih.gov/pubmed/24601693 )

9. Omega-3 

Omega 3 က ဆဲလ္နံရံေတြ ခိုင္မာေစလို႔ ေအာ္တိုအင္ျမဴးေၾကာင့္ သိုင္းရြိဳက္ဆဲလ္ပ်က္စီးတာကို သက္သာေစတယ္ဆိုပါတယ္။

Dr. PHYO MAUNG

unicode >>>

1. Iodine

သိုင်းရွိုက်ဂရင်း က သိုင်းရွိုက်ဟိုမုန်း ထုတ်ဖို့ အိုင်အိုဒင်း လိုအပ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ အိုင်အိုဒင်း ပုံမှန်ရှိဖို့ အတော်အရေးကြီးတယ်။ အိုင်အိုဒင်း နည်းတာဖြစ်ဖြစ်၊ အိုင်အိုဒင်းများသွားလျှင်ဖြစ်ဖြစ် သိုင်းရွိုက်လုပ်ဆောင်ချက် ချို့ယွင်းသွားတတ်ပါတယ်။ အိုင်အိုဒင်း အမြောက်အမြားပါတာက ပင်လယ်ထွက် စားစရာတွေပါ။

2. Selenium

Selenium က 5-deiodinase အင်ဇိုင်းကို ထိန်းချုပ်ပြီး သိုက်းရွိုက်ဟိုမုန်း T 4 ကို T3 ပြောင်းပေးတယ်။ သိပ်အသုံးမဝင်တဲ့ rT3 ဖြစ်တာကို တားနိုင်တယ်။ သိုင်းရွိုက် anti-bodies တွေကို နည်းသွားစေတယ်။ Selenium ချို့တဲ့တဲ့အခါ ခုခံစွမ်းအား ကျဆင်းသွားပြီး ကင်ဆာ နှင့် အော်တိုအင်မြူးရောဂါတွေ ဖြစ်နိုင်တယ်။ Selenium ကြွယ်ဝတဲ့ အစားအစာတွေစားပေးခြင်းဖြင့် သိုင်းရွိုက်ဟိုမုန်းလုပ်ငန်း ပိုမိုကောင်းလာနိုင်တယ်။ သိုင်းရွိုက် ရောင်ရမ်းခြင်း လျော့နည်းသွားနိုင်တယ်။သိုင်းရွိုက်ဆဲလ် ပျက်စီးတာကို ပြုပြင်ပေးနိုင်တယ်။ Brazil nuts၊ ကြက်ဆင်၊ ဆာဒင်း နှင့် ဥအမျိုးမျိုးမှာ selenium တွေပါပါတယ်။ အစားအစာကနေ selenium လုံလောက်အောင် မရနိုင်ဘူးဆိုလျှင် selenium supplements  သောက်ဖို့လိုပါလိမ့်မည်။

3. Zinc

ဥအမျိုးမျိုး၊ ကြက်သား၊ ဆော်လမွန်ငါး ၊ အမဲသား၊ ဖရုံစေ့ နှင့် ဟင်းနုနွယ်တွေမှာ zinc ပါဝင်ပါတယ်။ သိုင်းရွိုက်ဟိုမုန်း ထုတ်လုပ်မှုမှာ zinc ပါဝင်ပြီး zinc ချိုတဲ့ တဲ့အခါ hypothyroidism ဝေဒနာ ခံစာရပြီး အရေပြားခြောက်သွေ့ခြင်း၊ ဆံပင် ကျွတ်ခြင်း ၊ အားနည်းခြင်း၊ အရသာပျက်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေ ဖြစ်နိုင်ပါတယ်။ Zinc supplement သောက်လိုက်လျှင် ရောဂါလက္ခဏာတွေ သက်သာသွားတတ်ပါတယ်။

4. အဆီမှာ ပျော်ဝင်သော ဗိုက်တာမင်များ

သိုင်းရွိုက်ဟိုမုန်း လုပ်ငန်းတွေမှာ ဗိုက်တာမင် A, E, D နှင့်  K2 က အတော်လေး အရေးပါပါတယ်။

သိုင်းရွိုက်ဟိုမုန်း တည်ဆောက်ခြင်း နှင့် ဖြန့်ဖြူးခြင်းမှာ ဗိုက်တာမင် A ပါဝင်လုပ်ကိုင်ရပါတယ်။ TSH ပမာဏကိုထိန်းပေးခြင်း နှင့် သိုင်းရွိုက်ဟိုမုန်း T4 ကို T3 ပြောင်းလဲပေးခြင်း မှာလည်း ဗိုက်တာမင် A ပါဝင်ပတ်သတ်ပါတယ်။ သိုင်းရွိုက်ဂရင်းက အိုင်အိုဒင်းစုပ်ယူမှုကို ဗိုက်တာမင် A က ကူညီပေးပါတယ်။ ဝါသော အသီး နှင့် စိမ်းသောအရွက်တွေမှာ ဗိုက်တာမင် A ကြွယ်ဝစွာပါဝင်ပါတယ်။

Hyperthyroid ကြောင့်ဖြစ်တဲ့ အရိုးပွခြင်းကို ဗိုက်တာမင် D နှင့် K2 က သက်သာပျောက်ကင်းစေပါတယ်။ 

ဗိုက်တာမင် E မှာ antioxidant အစွမ်းရှိပြီး အော်တိုအင်မြူး သိုင်းရွိုက်ရောဂါတွေအတွက်အကျိုးရှိပါတယ်။

5. Iron

rT3 လို့လူသိများတဲ့ reverse T3 များများမထွက်အောင် သံဓာတ်က တားဆီးပေးပါတယ်။ သံဓာတ်ချို့တဲ့ တဲ့ လူနာတွေမှာ T3, T4 အထွက်နည်းသွားသလို T4 ကနေ T3 လည်း သိပ်မပြောင်းနိုင်တော့ပါ။ဒါကြောင့် သံဓာတ်ချို့တဲ့ တဲ့ လူနာတွေမှာ hypothyroid  အဖြစ်များပါတယ်။

6. ဗိုက်တာမင် B-Complex

ဗိုက်တာမင် B6 က သိုင်းရွိုက်ဟိုမုန်း ထုတ်လုပ်ခြင်းကို ကူညီပေးပြီး hypothyroid ရောဂါကို သက်သာစေပါတယ်။ဗိုက်တာမင် B12 နှင့် B2 ချို့တဲ့မှုက သိုင်းရွိုက်ရောဂါတွေ ပိုဖြစ်စေတယ်ဆိုပါတယ်။

7. အမိုင်နိုအက်ဆစ် tyrosine

အမိုင်နိုအက်ဆစ် tyrosine ချို့တဲ့ တဲ့အခါ သိုင်းရွိုက်ဟိုမုန်း သာမက dopamine ပါနည်းသွားတတ်ပါတယ်။ သိပ်ပင်ပန်းတဲ့အခါ အမိုင်နိုအက်ဆစ် tyrosine ချို့တဲ့ တဲ့သူဟာ အာရုံစိုက်လို့မရတော့သလို လှုပ်ရှားမှုနှေးသွားပြီး ခန္ဓာကိုယ်ကျန်းမာရေးကျဆင်းလာတတ်ပါတယ်။ အမိုင်နိုအက်ဆစ် tyrosine ချို့တဲ့ တဲ့အခါ သိုင်းရွိုက်ကျန်းမာရေးပါ ကျဆင်းလာတတ်ပါတယ်။

8. ဗိုက်တာမင် C

ဗိုက်တာမင် C က သိုင်းရွိုက်ဟိုမုန်းများခြင်းကြောင့်ဖြစ်တဲ့ ဆဲလ်တွေရဲ့ ဒဏ်ရာကို ကုသပေးနိုင်တဲ့ အပြင် adrenal ဂရင်း ကျန်းမာရေးကို ကောင်းစေတယ်။ Adrenal  ဂရင်း ကျန်းမာရေးကောင်းလာလျှင် သိုင်းရွိုက်ဂရင်းပါကျန်းမာရေးကောင်းလာပါတယ်။ ဗိုက်တာမင် C ကို ခြောက်လလောက် သောက်ပေးလျှင် T3, T4 နှင့် TSH ပမာဏတွေ တိုးတက်လာတယ်ဆိုတဲ့ သုသေတနတစ်ခုရှိပါတယ်။ ( ref – https://www.ncbi.nlm.nih.gov/pubmed/24601693 )

9. Omega-3 

Omega 3 က ဆဲလ်နံရံတွေ ခိုင်မာစေလို့ အော်တိုအင်မြူးကြောင့် သိုင်းရွိုက်ဆဲလ်ပျက်စီးတာကို သက်သာစေတယ်ဆိုပါတယ်။

Dr. PHYO MAUNG

 References

https://www.ncbi.nlm.nih.gov/pmc/articles/PMC4049553/

https://www.ncbi.nlm.nih.gov/pmc/articles/PMC3746228/

https://www.ncbi.nlm.nih.gov/pmc/articles/PMC2647704/

https://www.ncbi.nlm.nih.gov/pmc/articles/PMC4276677/

https://ods.od.nih.gov/factsheets/Selenium-HealthProfessional/

https://www.ncbi.nlm.nih.gov/pubmed/17607078

https://www.ncbi.nlm.nih.gov/pubmed/16500878

https://www.ncbi.nlm.nih.gov/pmc/articles/PMC4798095/

https://www.ncbi.nlm.nih.gov/pmc/articles/PMC4798095/

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest