Magnesium Supplements side-effects

​”” Magnesium Malate 500 mg ကို​ေသာက္​​ေနတာ တစ္​ႏွစ္​႐ွိပါၿပီ

​ေသြး​ေဖာက္​စစ္​​ေတာ့လဲ Magnesium Level ေကာင္​း​ေနပါတယ္​သိခ်င္​​ေနတာကMagnesium level မ်ားသြား ရင္​ျဖစ္​​​​ေပၚလာမဲ့ ​ေကာင္​းက်ိဳး၊ ဆိုးက်ိဳးမ်ား႐ွိရင္​ ေက်းဇူးျပဳ၍သိခ်င္​ပါတယ္​ “”

ေျဖ ။ ။ ေသြးေဖာက္စစ္တယ္ဆိုေတာ့ တိုင္းလို႔ရတဲ့ ပမာဏဟာ ဆဲလ္အျပင္ ေသြးထဲမွာရွိတဲ့ magnesium ပမာဏပါ။ေသြးထဲမွာ လုံေလာက္ေနေပမယ့္ ဆဲလ္ထဲက အေျခအေနကိုေတာ့ မသိႏိုင္ပါဘူး။ ဒါကို ဘာလို႔ေျပာရလဲဆိုေတာ့ magnesium ရဲ႕ ဇာတိက ဆဲလ္အတြင္းမွာပါ။သူကို intracellular cations လို႔ေခၚပါတယ္။

Magnesium ေသာက္သင့္တဲ့ ပမာဏက အမ်ိဳးသားမ်ားမွာ 400-420 mg ျဖစ္ၿပီး။အမ်ိဳးသမီးမ်ားမွာ 310 -320 mg ေလာက္လိုပါတယ္။ေခါင္းတစ္ျခမ္းကိုက္တာအတြက္ 350 mg ေန႔စဥ္ေသာက္ႏိုင္ပါတယ္။ 500 mg ေလာက္ဆိုလွ်င္ မ်ားတယ္လို႔ထင္ရေပမယ့္ အဆိပ္သင့္တဲ့သေဘာ မေတြ႕ရေသးတာ ျဖစ္ႏိုင္တဲ့ အေၾကာင္းေတြက serving size ေသခ်ာ မဖတ္တတ္လို႔ 500 mg အျပည့္မေသာက္ပဲ ေသာက္တယ္ထင္ေနတာလည္း ျဖစ္ႏိုင္တယ္။ဆဲလ္ထဲမွာ အေတာ္နည္းေနလို႔လည္း ျဖစ္ႏိုင္တယ္။ေနာက္တစ္ခ်က္က ပိုတဲ့ magnesium ကို စြန္႔ထုတ္ဖို႔ ေက်ာက္ကပ္ေကာင္းလို႔လည္း ျဖစ္မည္။

Magnesium မ်ားလွ်င္ျဖစ္ႏိုင္တာက 

၁။ပ်ိဳ႕အန္မည္။ဝမ္းသြားမည္။

၂။ႏႈန္းခ်ိေနမည္။

၃။ေသြးေပါင္က်မည္။

၄။အသက္ရႈရခက္မည္။

၅။ဆီးမသြားႏိုင္ေတာ့ဘူး။

၆။ႏွလုံးရပ္ၿပီး ေသႏိုင္တယ္။

overdose ကေတြ႕ရခဲပါတယ္။အဓိက ျဖစ္တတ္တဲ့လူေတြက ေက်ာက္ကပ္မေကာင္းတဲ့သူေတြပါ။သာမန္လူေတြမွာ ေတြ႕ရခဲပါတယ္။သတ္မွတ္တဲ့ အတိုင္းေသာက္ႏိုင္လွ်င္ အႏၲရာယ္ကင္းပါတယ္။

Dr. PHYO MAUNG

UNICODE >>>>

“” Magnesium Malate 500 mg ကိုသောက်နေတာ တစ်နှစ်ရှိပါပြီ

သွေးဖောက်စစ်တော့လဲ Magnesium Level ကောင်းနေပါတယ်သိချင်နေတာကMagnesium level များသွား ရင်ဖြစ်ပေါ်လာမဲ့ ကောင်းကျိုး၊ ဆိုးကျိုးများရှိရင် ကျေးဇူးပြု၍သိချင်ပါတယ် “”

ဖြေ ။ ။ သွေးဖောက်စစ်တယ်ဆိုတော့ တိုင်းလို့ရတဲ့ ပမာဏဟာ ဆဲလ်အပြင် သွေးထဲမှာရှိတဲ့ magnesium ပမာဏပါ။သွေးထဲမှာ လုံလောက်နေပေမယ့် ဆဲလ်ထဲက အခြေအနေကိုတော့ မသိနိုင်ပါဘူး။ ဒါကို ဘာလို့ပြောရလဲဆိုတော့ magnesium ရဲ့ ဇာတိက ဆဲလ်အတွင်းမှာပါ။သူကို intracellular cations လို့ခေါ်ပါတယ်။

Magnesium သောက်သင့်တဲ့ ပမာဏက အမျိုးသားများမှာ 400-420 mg ဖြစ်ပြီး။အမျိုးသမီးများမှာ 310 -320 mg လောက်လိုပါတယ်။ခေါင်းတစ်ခြမ်းကိုက်တာအတွက် 350 mg နေ့စဉ်သောက်နိုင်ပါတယ်။ 500 mg လောက်ဆိုလျှင် များတယ်လို့ထင်ရပေမယ့် အဆိပ်သင့်တဲ့သဘော မတွေ့ရသေးတာ ဖြစ်နိုင်တဲ့ အကြောင်းတွေက serving size သေချာ မဖတ်တတ်လို့ 500 mg အပြည့်မသောက်ပဲ သောက်တယ်ထင်နေတာလည်း ဖြစ်နိုင်တယ်။ဆဲလ်ထဲမှာ အတော်နည်းနေလို့လည်း ဖြစ်နိုင်တယ်။နောက်တစ်ချက်က ပိုတဲ့ magnesium ကို စွန့်ထုတ်ဖို့ ကျောက်ကပ်ကောင်းလို့လည်း ဖြစ်မည်။

Magnesium များလျှင်ဖြစ်နိုင်တာက 

၁။ပျို့အန်မည်။ဝမ်းသွားမည်။

၂။နှုန်းချိနေမည်။

၃။သွေးပေါင်ကျမည်။

၄။အသက်ရှုရခက်မည်။

၅။ဆီးမသွားနိုင်တော့ဘူး။

၆။နှလုံးရပ်ပြီး သေနိုင်တယ်။

overdose ကတွေ့ရခဲပါတယ်။အဓိက ဖြစ်တတ်တဲ့လူတွေက ကျောက်ကပ်မကောင်းတဲ့သူတွေပါ။သာမန်လူတွေမှာ တွေ့ရခဲပါတယ်။သတ်မှတ်တဲ့ အတိုင်းသောက်နိုင်လျှင် အန္တရာယ်ကင်းပါတယ်။

Dr. PHYO MAUNG

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest