Free radicals and antioxidants

ဖရီးရယ္ဒီကယ္(free radicals )ဆိုတာ ေဆးပညာႏွင့္ဆိုင္တဲ့ ေဆာင္းပါးအမ်ားစုမွာေတြ႕ေနျကျဖစ္ေပမည့္  ဆရာဝန္မဟုတ္သူေတြ အေတာ္နားလည္ဖို႔ခက္မည္လို႔ထင္ပါသည္။သည္ စာစုေလးကေတာ့ ကၽြန္ေတာ္နားလည္သေလာက္ေလးေရးေပးတာပါ။ျပည့္စုံသည့္ ေဆာင္းပါးျဖစ္ခ်င္မွ ျဖစ္ပါလိ္မ့္မည္။မွားခ်င္လည္း မွားႏိုင္ပါတယ္။ပညာရွင္မ်ားအေနႏွင့္ မွားေနတာေလး ေထာက္ေပးရင္ ကၽြန္ေတာ္ေက်းဇူးတင္ေနပါမည္။

ကၽြန္ေတာ္တို႔ အသက္ရႈတယ္ဆိုတာ ႐ိုး႐ိုးေလးစဥ္းစားရင္ အသက္ရွင္ဖို႔ပါ။ေနာက္တစ္ဆင့္ ျမႇင့္ေတြးၾကည့္လိုက္ရင္ စြမ္းအင္ရဖို႔ပါ။ရႈသြင္းလိုက္တဲ့ ေလထဲမွာပါတဲ့ ေအာက္ဆီဂ်င္(oxygen)ဟာ ကိုယ္ထဲမွာရွိသည့္ glucose ဆိုတဲ့ သၾကားနဲ႔ေပါင္းၿပီး စြမ္းအင္ထုတ္ေပးပါသည္။

သည္လိုoxygen ေပါင္းၿပီးစြမ္းအင္ထုတ္တဲ့ ျဖစ္စဥ္ကို ဓာတ္တိုးျခင္း(oxidation)လို႔ေခၚပါသည္။ဓာတ္တိုးျခင္းျဖစ္စဥ္ကို ဓာတုေဗဒနည္းနဲ႔ ေျပာတာက ပစၥည္းတစ္ခုက အႏႈတ္ေဆာင္အမႈန္ (electron)ဆုံးရႈံးသြားတယ္လို႔ေျပာရပါမည္။ထြက္သြားတဲ့ electron က အေဖာ္ကိုရွာသလို၊electron ထြက္သြားလို႔က်န္ခဲ့သည့္ ဘက္ပဲ့အက္တမ္ကလည္း ေနာက္ electron ကကိုရွာပါတယ္။မႈန္ယိုေနတဲ့ ဆင္လိုပဲ သည္ပစၥည္းမ်ားကလူကို သိပ္ဒုကၡေပးပါတယ္။

အေဖာ္မဲ့ electron နဲ႔ ဘက္ပဲ့အက္တမ္ႏွစ္ခုေပါင္းၿပီး free radicals လို႔ေခၚပါသည္။သူတို႔ကိုရွင္းလင္းေပးတဲ့ အရာမ်ားကို ဓာတ္တိုးဆန္႔က်င္ပၥည္း (antioxidants)လို႔ေခၚပါတယ္။

ပုံမွန္ ဇီဝကမၼျဖစ္စဥ္မ်ားေၾကာင့္ ထြက္တဲ့ free radicals ကို ရွင္းေပးဖို႔ ကိုယ္ခႏၶာကထုတ္ေပးသည့္ antioxidants ေတြရွိသလို စားလိုက္တဲ့အစာ ကပါတဲ့ antioxidants ေတြလည္းရွိပါတယ္။

ဒါေပမယ့္ free radicals အေျမာက္အမ်ားထြက္ေစသည့္ျဖစ္စဥ္ေတြ ျဖစ္သည့္ေရဒီယိုသတၱဳႂကြျခင္း၊ေဆးလိပ္ေသာက္ျခင္း၊အရက္ေသာက္ျခင္း၊ေရာဂါပိုးဝင္ျခင္း၊ပိုးသတ္ေဆးပါတဲ့ အစာေတြစားျခင္းေၾကာင့္ ထြက္လာတဲ့ free radicals မ်ားဟာ antioxidants အလုံအေလာက္မရွိရင္ ကင္ဆာကဲ့သို႔ေသာ နာတာရွည္ေရာဂါေတြျဖစ္ေလာက္သည္အထိ အႏၲာရာယ္ရွိပါတယ္။

ဒါေၾကာင့္ သည္လိုအေျခအေနႏွင့္ၾကဳံေနရသူေတြ အဖို႔ သည္ဒဏ္ကိုခံႏိုင္ရည္ရွိေအာင္ antioxidant မ်ားမ်ားပါတဲ့ အစာေတြစားပါ။မလုံေလာက္ရင္ antioxidant supplement ဝယ္ေသာက္ပါ။

လူသိမ်ားတဲ့ antioxidants ေတြက မုန္လာဥနီလို အသီးေတြမွာပါတဲ့ ဗီတာကယ္လိုတင္း၊ခရမ္းခ်ဥ္သီးမွာပါတဲ့ လိုက္ကိုပင္း၊ခ်ဥ္တဲ့အသီးေတြမွာပါတဲ့ ဗိုင္တာမင္စီ၊အခြံမာသီးေတြမွာပါတဲ့ ဗိုက္တာမင္အီး၊ေတြပါ။Selenium ပါတဲ့ပ႐ိုတိန္းေတြက antioxidants အစြမ္းရွိလို႔ selenium ကိုယ္တိုင္က antioxidants မဟုတ္ေပမည့္ သူကိုလည္း antioxidants အေနနဲ႔ေသာက္ႏိုင္ပါတယ္။

Dr. PHYO MAUNG

unicode >>>

ဖရီးရယ်ဒီကယ်(free radicals )ဆိုတာ ဆေးပညာနှင့်ဆိုင်တဲ့ ဆောင်းပါးအများစုမှာတွေ့နေကြဖြစ်ပေမည့်  ဆရာဝန်မဟုတ်သူတွေ အတော်နားလည်ဖို့ခက်မည်လို့ထင်ပါသည်။သည် စာစုလေးကတော့ ကျွန်တော်နားလည်သလောက်လေးရေးပေးတာပါ။ပြည့်စုံသည့် ဆောင်းပါးဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။မှားချင်လည်း မှားနိုင်ပါတယ်။ပညာရှင်များအနေနှင့် မှားနေတာလေး ထောက်ပေးရင် ကျွန်တော်ကျေးဇူးတင်နေပါမည်။

ကျွန်တော်တို့ အသက်ရှုတယ်ဆိုတာ ရိုးရိုးလေးစဉ်းစားရင် အသက်ရှင်ဖို့ပါ။နောက်တစ်ဆင့် မြှင့်တွေးကြည့်လိုက်ရင် စွမ်းအင်ရဖို့ပါ။ရှုသွင်းလိုက်တဲ့ လေထဲမှာပါတဲ့ အောက်ဆီဂျင်(oxygen)ဟာ ကိုယ်ထဲမှာရှိသည့် glucose ဆိုတဲ့ သကြားနဲ့ပေါင်းပြီး စွမ်းအင်ထုတ်ပေးပါသည်။

သည်လိုoxygen ပေါင်းပြီးစွမ်းအင်ထုတ်တဲ့ ဖြစ်စဉ်ကို ဓာတ်တိုးခြင်း(oxidation)လို့ခေါ်ပါသည်။ဓာတ်တိုးခြင်းဖြစ်စဉ်ကို ဓာတုဗေဒနည်းနဲ့ ပြောတာက ပစ္စည်းတစ်ခုက အနှုတ်ဆောင်အမှုန် (electron)ဆုံးရှုံးသွားတယ်လို့ပြောရပါမည်။ထွက်သွားတဲ့ electron က အဖော်ကိုရှာသလို၊electron ထွက်သွားလို့ကျန်ခဲ့သည့် ဘက်ပဲ့အက်တမ်ကလည်း နောက် electron ကကိုရှာပါတယ်။မှုန်ယိုနေတဲ့ ဆင်လိုပဲ သည်ပစ္စည်းများကလူကို သိပ်ဒုက္ခပေးပါတယ်။

အဖော်မဲ့ electron နဲ့ ဘက်ပဲ့အက်တမ်နှစ်ခုပေါင်းပြီး free radicals လို့ခေါ်ပါသည်။သူတို့ကိုရှင်းလင်းပေးတဲ့ အရာများကို ဓာတ်တိုးဆန့်ကျင်ပ္စည်း (antioxidants)လို့ခေါ်ပါတယ်။

ပုံမှန် ဇီဝကမ္မဖြစ်စဉ်များကြောင့် ထွက်တဲ့ free radicals ကို ရှင်းပေးဖို့ ကိုယ်ခန္ဓာကထုတ်ပေးသည့် antioxidants တွေရှိသလို စားလိုက်တဲ့အစာ ကပါတဲ့ antioxidants တွေလည်းရှိပါတယ်။

ဒါပေမယ့် free radicals အမြောက်အများထွက်စေသည့်ဖြစ်စဉ်တွေ ဖြစ်သည့်ရေဒီယိုသတ္တုကြွခြင်း၊ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်း၊ရောဂါပိုးဝင်ခြင်း၊ပိုးသတ်ဆေးပါတဲ့ အစာတွေစားခြင်းကြောင့် ထွက်လာတဲ့ free radicals များဟာ antioxidants အလုံအလောက်မရှိရင် ကင်ဆာကဲ့သို့သော နာတာရှည်ရောဂါတွေဖြစ်လောက်သည်အထိ အန္တာရာယ်ရှိပါတယ်။

ဒါကြောင့် သည်လိုအခြေအနေနှင့်ကြုံနေရသူတွေ အဖို့ သည်ဒဏ်ကိုခံနိုင်ရည်ရှိအောင် antioxidant များများပါတဲ့ အစာတွေစားပါ။မလုံလောက်ရင် antioxidant supplement ဝယ်သောက်ပါ။

လူသိများတဲ့ antioxidants တွေက မုန်လာဥနီလို အသီးတွေမှာပါတဲ့ ဗီတာကယ်လိုတင်း၊ခရမ်းချဉ်သီးမှာပါတဲ့ လိုက်ကိုပင်း၊ချဉ်တဲ့အသီးတွေမှာပါတဲ့ ဗိုင်တာမင်စီ၊အခွံမာသီးတွေမှာပါတဲ့ ဗိုက်တာမင်အီး၊တွေပါ။Selenium ပါတဲ့ပရိုတိန်းတွေက antioxidants အစွမ်းရှိလို့ selenium ကိုယ်တိုင်က antioxidants မဟုတ်ပေမည့် သူကိုလည်း antioxidants အနေနဲ့သောက်နိုင်ပါတယ်။

Dr. PHYO MAUNG

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest