သနပ္ခါး

သနပ္ခါးဆိုတာ သနပ္ခါးပင္ရဲ႕ အေခါက္ကိုေသြးလို႔ရတဲ့ အလွကုန္ပစၥည္းတစ္မ်ိဳးပါ။အခုရက္ပိုင္း ခရီးထြက္ရင္း အညာေရာက္တာမို႔ သနပ္ခါးေတြဝယ္မိပါတယ္။သနပ္ခါးလိမ္းလို႔ တစ္ပတ္ေက်ာ္ေက်ာ္မွာပဲ အသားအေရက သိသိသာသာေကာင္းလာတာမို႔ သနပ္ခါးအေၾကာင္းလိုက္ဖတ္ရင္း ေတြ႕မိသေလာက္ေရးလိုက္တာပါ။

သနပ္ခါးက အသားအေရကို အားျဖည့္ေပးတယ္။သန္႔ရွင္းေစတယ္။ေထာက္ေျပာင္ေစတယ္။အသားအေရအားလုံးနဲ႔ သင့္ေတာ္ၿပီး အျခားအလွျပင္ပစၥည္းေတြနဲ႔လည္းတြဲသုံးလို႔ရပါတယ္။သနပ္ခါးမွာ Vitamin E, ပါဝင္ၿပီး၊tyrosinase inhibitor လည္းျဖစ္တာမို႔ အသားအေရကို သန္႔ရွင္းၾကည္လင္ေစပါတယ္။

Vitmain E

Vitamin E က ဓာတ္တိုးဆန္႔က်င္ပစၥည္းတစ္မ်ိဳးပါ။ခရမ္းလြန္ေရာင္ျခည္ကာကြယ္တယ္။မသန္႔ရွင္းတဲ့ ေလထုမွာပါတဲ့ အညစ္အေၾကးကို ကာကြယ္တယ္။ရန္ကုန္ေလထုအတြက္ အေတာ္ေကာင္းပါတယ္။သူက အစြမ္းထက္ moisturizer တစ္ခုလည္းျဖစ္ပါတယ္။

Antibacterial

သဘာဝ သနပ္ခါးမွာ ေရာဂါပိုးသတ္ႏိုင္တဲ့  (antibacterial) အစြမ္းရွိတယ္။ေရာင္ရမ္းျခင္းကာကြယ္ႏိုင္တဲ့  anti-inflammatory activity လည္းရွိတယ္။ဒီအစြမ္းေတြက အမည္းစက္ နဲ႔ အဆီပိုေတြကို ဖယ္ရွားေပးပါတယ္။

Particles

သဘာဝ သနပ္ခါးမွာ  cleanser အေနနဲ႔သုံးႏိုင္တဲ့ အမႈန္ေလးေတြပါတယ္။ဆဲလ္ေသေတြ ဖယ္ေပးတယ္။ဒါေၾကာင့္ အသားအေရႏူးညံ့ေပ်ာ့ေျပာင္းေစတယ္။

Tyrosinase inhibitors

သဘာဝသနပ္ခါးမွာ အသားျဖဴေဆးေတြမွာရွိတဲ့ Tyrosinase ကို ဟန္႔တားေပးတဲ့ အစြမ္းရွိလို႔ ေနေလာင္ အမည္းစက္ျဖစ္တာကာကြယ္ေပးပါတယ္။

Pure Thanaka Powder လို႔ေခၚတဲ့ သဘာဝသနပ္ခါးကို ေက်ာ္ျပင္သန္႔သန္႔မွာ ေသြးလိမ္းတာ အေကာင္းဆုံးပါ။Report တစ္ခုမွာတင္ျပထားတာက အိနိၵယနယ္စပ္မွာ ေတြ႕တဲ့ သနပ္ခါးလိမ္းတဲ့ ျမန္မာအမ်ိဳးေတြရဲ႕ ေသြးကို ေဖာက္စစ္တဲ့အခါ ခဲဆိပ္ေတာ္ေတာ္မ်ားမ်ားေတြ႕လို႔ သနပ္ခါးက ခဲဆိပ္သင့္ေစသလားဆိုၿပီး အေတာ္ေဟာ့သြားပါေသးတယ္။ေနာက္ပိုင္းေတာ့ ဒီကိစၥနဲ႔ ပတ္သတ္လို႔ သိပ္မၾကားရေတာ့ပါဘူး။ျပဳျပင္ထုတ္ပိုးထားတဲ့ သနပ္ခါးေတြေၾကာင့္ ျဖစ္ႏိုင္တယ္ဆိုတဲ့ ယူဆခ်က္လည္း ရွိခဲ့ဖူးပါတယ္။amazon မွာေတာ့ ေဒၚလာရာခ်ီတဲ့ သနပ္ခါးထြက္ပစၥည္းေတြ လူႀကိဳက္မ်ားပါတယ္။သနပ္ခါးက ျမန္မာျပည္က ထြက္ေပမည့္ ေဒၚလာရာခီ်တန္တဲ့ ထုတ္ကုန္မ်ိဳးမထုတ္ႏိုင္တာ ဆုံးရႈံးမႈတစ္ခုပါ။

Dr. PHYO MAUNG

unicode >>>>

သနပ်ခါးဆိုတာ သနပ်ခါးပင်ရဲ့ အခေါက်ကိုသွေးလို့ရတဲ့ အလှကုန်ပစ္စည်းတစ်မျိုးပါ။အခုရက်ပိုင်း ခရီးထွက်ရင်း အညာရောက်တာမို့ သနပ်ခါးတွေဝယ်မိပါတယ်။သနပ်ခါးလိမ်းလို့ တစ်ပတ်ကျော်ကျော်မှာပဲ အသားအရေက သိသိသာသာကောင်းလာတာမို့ သနပ်ခါးအကြောင်းလိုက်ဖတ်ရင်း တွေ့မိသလောက်ရေးလိုက်တာပါ။

သနပ်ခါးက အသားအရေကို အားဖြည့်ပေးတယ်။သန့်ရှင်းစေတယ်။ထောက်ပြောင်စေတယ်။အသားအရေအားလုံးနဲ့ သင့်တော်ပြီး အခြားအလှပြင်ပစ္စည်းတွေနဲ့လည်းတွဲသုံးလို့ရပါတယ်။သနပ်ခါးမှာ Vitamin E, ပါဝင်ပြီး၊tyrosinase inhibitor လည်းဖြစ်တာမို့ အသားအရေကို သန့်ရှင်းကြည်လင်စေပါတယ်။

Vitmain E

Vitamin E က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးပါ။ခရမ်းလွန်ရောင်ခြည်ကာကွယ်တယ်။မသန့်ရှင်းတဲ့ လေထုမှာပါတဲ့ အညစ်အကြေးကို ကာကွယ်တယ်။ရန်ကုန်လေထုအတွက် အတော်ကောင်းပါတယ်။သူက အစွမ်းထက် moisturizer တစ်ခုလည်းဖြစ်ပါတယ်။

Antibacterial

သဘာဝ သနပ်ခါးမှာ ရောဂါပိုးသတ်နိုင်တဲ့  (antibacterial) အစွမ်းရှိတယ်။ရောင်ရမ်းခြင်းကာကွယ်နိုင်တဲ့  anti-inflammatory activity လည်းရှိတယ်။ဒီအစွမ်းတွေက အမည်းစက် နဲ့ အဆီပိုတွေကို ဖယ်ရှားပေးပါတယ်။

Particles

သဘာဝ သနပ်ခါးမှာ  cleanser အနေနဲ့သုံးနိုင်တဲ့ အမှုန်လေးတွေပါတယ်။ဆဲလ်သေတွေ ဖယ်ပေးတယ်။ဒါကြောင့် အသားအရေနူးညံ့ပျော့ပြောင်းစေတယ်။

Tyrosinase inhibitors

သဘာဝသနပ်ခါးမှာ အသားဖြူဆေးတွေမှာရှိတဲ့ Tyrosinase ကို ဟန့်တားပေးတဲ့ အစွမ်းရှိလို့ နေလောင် အမည်းစက်ဖြစ်တာကာကွယ်ပေးပါတယ်။

Pure Thanaka Powder လို့ခေါ်တဲ့ သဘာဝသနပ်ခါးကို ကျော်ပြင်သန့်သန့်မှာ သွေးလိမ်းတာ အကောင်းဆုံးပါ။Report တစ်ခုမှာတင်ပြထားတာက အိန္ဒိယနယ်စပ်မှာ တွေ့တဲ့ သနပ်ခါးလိမ်းတဲ့ မြန်မာအမျိုးတွေရဲ့ သွေးကို ဖောက်စစ်တဲ့အခါ ခဲဆိပ်တော်တော်များများတွေ့လို့ သနပ်ခါးက ခဲဆိပ်သင့်စေသလားဆိုပြီး အတော်ဟော့သွားပါသေးတယ်။နောက်ပိုင်းတော့ ဒီကိစ္စနဲ့ ပတ်သတ်လို့ သိပ်မကြားရတော့ပါဘူး။ပြုပြင်ထုတ်ပိုးထားတဲ့ သနပ်ခါးတွေကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်လည်း ရှိခဲ့ဖူးပါတယ်။amazon မှာတော့ ဒေါ်လာရာချီတဲ့ သနပ်ခါးထွက်ပစ္စည်းတွေ လူကြိုက်များပါတယ်။သနပ်ခါးက မြန်မာပြည်က ထွက်ပေမည့် ဒေါ်လာရာချီတန်တဲ့ ထုတ်ကုန်မျိုးမထုတ်နိုင်တာ ဆုံးရှုံးမှုတစ်ခုပါ။

Dr. PHYO MAUNG

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest