ငါးအ႐ိုးျပဳတ္

ငါးအ႐ိုးျပဳတ္အေၾကာင္းက Dr. Axe ရဲ႕ Eat Dirt စာအုပ္ကို ျပန္ဖတ္ရင္း ထူးထူးျခားျခားေတြ႕တာေၾကာင့္ ငါးအ႐ိုးျပဳတ္အေၾကာင္းကို အျခားေသာ သုေသတနေတြ၊ ေဆာင္းပါးေတြကို reference လုပ္ၿပီး ျပန္ေရးေပးတာပါ။

သူတို႔ေျပာတဲ့ ငါးအ႐ိုးျပဳတ္ဆိုတာ ငါးေခါင္းကို အဓိကေျပာတာပါ။ ျမန္မာလိုေတာ့ ငါးေခါင္းဟင္းခ်ိဳေပါ့။ ငါးေခါင္းက ေစ်းေပါမည္ထင္ပါတယ္။ ဒါေပမယ့္ က်န္းမာေရးအတြက္အေတာ္ေကာင္းပါတယ္။ ငါးအ႐ိုးျပဳတ္က အရြယ္အစားေသးတာေၾကာင္း ျပဳတ္ရလြယ္ၿပီး အခ်ိန္ကုန္သက္သာတဲ့အျပင္ အ႐ိုးထဲက အဟာရလည္း အကုန္ထြက္လာေစတယ္လို႔ ဆိုပါတယ္

ငါးအ႐ိုးျပဳတ္မွာ အိုင္အိုဒင္းဆား ပါပါတယ္။ အိုင္အိုဒင္းဆား က ကုန္းသတၳဝါေတြရဲ႕ အ႐ိုးမွာမပါပါ။ ဒါေၾကာင့္ ငါးအ႐ိုးျပဳတ္ က hypothyroid ကိုကာကြယ္ေပးႏိုင္ပါတယ္။ သိုင္းရြိဳက္က်န္းမာေရးအတြက္လည္း ေကာင္းပါတယ္။ 

သုေသတနေတြအရ အိုင္အိုဒင္း ႂကြယ္ဝတဲ့ အစာေတြစားလွ်င္ သိုင္းရြိဳက္ကင္ဆာ ကို ကာကြယ္တယ္လို႔ ေလ့လာထားတဲ့ သုေသတနရွိပါတယ္။ ဖတ္လို႔ရေအာင္ reference လည္းထည့္ေပးထားပါတယ္။ ငါးအ႐ိုးျပဳတ္မွာ အိုင္အိုဒင္း ႂကြယ္ဝစြာပါတာေၾကာင့္ သိုင္းရြိဳက္ကင္ဆာကို ကာကြယ္ႏိုင္တယ္လို႔ဆိုရပါမည္။ အိုင္အိုဒင္း ႂကြယ္ဝစြာပါတာေၾကာင့္ Hyperthyroid သမားေတြေတာ့ မေသာက္သင့္ပါ။

ငါးအ႐ိုးမွာ ကယ္ဆီယမ္ပါတာေၾကာင့္ အ႐ိုးကို သန္မာေစတယ္။အ႐ိုးပြေရာဂါအတြက္ေကာင္းပါတယ္။ ေနာက္တစ္ခ်က္က ငါးအ႐ိုးျပဳတ္မွာ collagen ေတြပါတာေၾကာင့္ အ႐ိုးအဆစ္ေတြ အားျပည့္ေစတယ္။ အစာေၾကလြယ္ၿပီး အူလမ္းေၾကာင္းအတြက္လည္း ေကာင္းပါတယ္။ 

အားကစားသမားေတြအတြက္ အေတာ္ေကာင္းတယ္လို႔ေရးပါတယ္။ အားကစားလုပ္ၿပီး အ႐ိုးျပဳတ္ေသာက္လွ်င္ ကုန္ဆုံးသြားတဲ့ သတၳဳဓာတ္ေတြ ျပန္ရၿပီး ပ႐ိုတိန္းပါတာေၾကာင့္ ႂကြက္သားႀကီးထြားေစပါတယ္။ ကယ္ဆီယမ္လည္းပါလို႔ workout အတြက္ အဆင္ေျပပါတယ္။

ငါးအ႐ိုးျပဳတ္မွာ ပ႐ိုတိန္း၊ ေကာင္းမြန္ေသာအဆီ ႏွင့္ ဗိုက္တာမင္ေတြ မ်ားစြာပါဝင္တာေၾကာင့္  ဦးေႏွာက္ကို အက်ိဳးျပဳပါတယ္။ အ႐ိုးအဆစ္သန္မာၿပီး ဦးေႏွာက္လည္း အက်ိဳးျပဳတာမို႔ ဆယ္ေက်ာ္သက္ေတြ ေသာက္သင့္ပါတယ္။ 

အဟာရႂကြယ္ဝၿပီး ကိုယ္ခံအားကို ျမင့္ေစတာေၾကာင့္ ေနမေကာင္းျဖစ္ေနခ်ိန္မွာ ေသာက္သင့္ပါတယ္။  

သတိထားေစခ်င္တာက ငါးအမ်ိဳးအစားေပၚမူတည္ၿပီး အက်ိဳးရလဒ္ကြဲျပားသြားႏိုင္ပါတယ္။ အဆီမ်ားတဲ့ ငါးေတြမခ်က္သင့္ဘူးဆိုပါတယ္။ ေမြးျမဴေရးငါးထက္ သဘာဝအတိုင္းဖမ္းတဲ့ငါးက ပိုေကာင္းတယ္ေျပာပါတယ္။ လတ္ဆတ္တဲ့  ေရငန္ငါးက ပိုေကာင္းပါတယ္။ တစ္ခ်ိဳ႕က ငါးေတြမွာ ျပဒါးပါဝင္မွာ သိပ္ေၾကာက္ၾကတယ္။

Probiotics ေသာက္ထားလွ်င္ ျပဒါးအဆိပ္ကို ကာကြယ္ေပးႏိုင္တယ္လို႔ Egyptian Journal of Environmental Research ကဆိုပါတယ္။ Probiotics က ျပဒါးသာမက Heavy Metals အဆိပ္ေတာ္ေတာ္မ်ားမ်ားကို ကာကြယ္ရာမွာ အသုံးဝင္ပါတယ္။ ျမန္မာျပည္မွာ ကီဖာ ႏွင့္ probiotics ယဥ္ေက်းမႈ ထြန္းကားေနၿပီမို႔ ျပဒါးဆိပ္သင့္မွာအတြက္ စိတ္ပူစရာလိုမည္ေတာ့မထင္ပါ။ ဒီအေၾကာင္းအရာနဲ႔ ပတ္သတ္တဲ့ reference လည္းထည့္ေပးထားပါတယ္။

Dr. PHYO MAUNG

Unicode>>>

ငါးအရိုးပြုတ်အကြောင်းက Dr. Axe ရဲ့ Eat Dirt စာအုပ်ကို ပြန်ဖတ်ရင်း ထူးထူးခြားခြားတွေ့တာကြောင့် ငါးအရိုးပြုတ်အကြောင်းကို အခြားသော သုသေတနတွေ၊ ဆောင်းပါးတွေကို reference လုပ်ပြီး ပြန်ရေးပေးတာပါ။

သူတို့ပြောတဲ့ ငါးအရိုးပြုတ်ဆိုတာ ငါးခေါင်းကို အဓိကပြောတာပါ။ မြန်မာလိုတော့ ငါးခေါင်းဟင်းချိုပေါ့။ ငါးခေါင်းက ဈေးပေါမည်ထင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက်အတော်ကောင်းပါတယ်။ ငါးအရိုးပြုတ်က အရွယ်အစားသေးတာကြောင်း ပြုတ်ရလွယ်ပြီး အချိန်ကုန်သက်သာတဲ့အပြင် အရိုးထဲက အဟာရလည်း အကုန်ထွက်လာစေတယ်လို့ ဆိုပါတယ်

ငါးအရိုးပြုတ်မှာ အိုင်အိုဒင်းဆား ပါပါတယ်။ အိုင်အိုဒင်းဆား က ကုန်းသတ္ထဝါတွေရဲ့ အရိုးမှာမပါပါ။ ဒါကြောင့် ငါးအရိုးပြုတ် က hypothyroid ကိုကာကွယ်ပေးနိုင်ပါတယ်။ သိုင်းရွိုက်ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ 

သုသေတနတွေအရ အိုင်အိုဒင်း ကြွယ်ဝတဲ့ အစာတွေစားလျှင် သိုင်းရွိုက်ကင်ဆာ ကို ကာကွယ်တယ်လို့ လေ့လာထားတဲ့ သုသေတနရှိပါတယ်။ ဖတ်လို့ရအောင် reference လည်းထည့်ပေးထားပါတယ်။ ငါးအရိုးပြုတ်မှာ အိုင်အိုဒင်း ကြွယ်ဝစွာပါတာကြောင့် သိုင်းရွိုက်ကင်ဆာကို ကာကွယ်နိုင်တယ်လို့ဆိုရပါမည်။ အိုင်အိုဒင်း ကြွယ်ဝစွာပါတာကြောင့် Hyperthyroid သမားတွေတော့ မသောက်သင့်ပါ။

ငါးအရိုးမှာ ကယ်ဆီယမ်ပါတာကြောင့် အရိုးကို သန်မာစေတယ်။အရိုးပွရောဂါအတွက်ကောင်းပါတယ်။ နောက်တစ်ချက်က ငါးအရိုးပြုတ်မှာ collagen တွေပါတာကြောင့် အရိုးအဆစ်တွေ အားပြည့်စေတယ်။ အစာကြေလွယ်ပြီး အူလမ်းကြောင်းအတွက်လည်း ကောင်းပါတယ်။ 

အားကစားသမားတွေအတွက် အတော်ကောင်းတယ်လို့ရေးပါတယ်။ အားကစားလုပ်ပြီး အရိုးပြုတ်သောက်လျှင် ကုန်ဆုံးသွားတဲ့ သတ္ထုဓာတ်တွေ ပြန်ရပြီး ပရိုတိန်းပါတာကြောင့် ကြွက်သားကြီးထွားစေပါတယ်။ ကယ်ဆီယမ်လည်းပါလို့ workout အတွက် အဆင်ပြေပါတယ်။

ငါးအရိုးပြုတ်မှာ ပရိုတိန်း၊ ကောင်းမွန်သောအဆီ နှင့် ဗိုက်တာမင်တွေ များစွာပါဝင်တာကြောင့်  ဦးနှောက်ကို အကျိုးပြုပါတယ်။ အရိုးအဆစ်သန်မာပြီး ဦးနှောက်လည်း အကျိုးပြုတာမို့ ဆယ်ကျော်သက်တွေ သောက်သင့်ပါတယ်။ 

အဟာရကြွယ်ဝပြီး ကိုယ်ခံအားကို မြင့်စေတာကြောင့် နေမကောင်းဖြစ်နေချိန်မှာ သောက်သင့်ပါတယ်။  

သတိထားစေချင်တာက ငါးအမျိုးအစားပေါ်မူတည်ပြီး အကျိုးရလဒ်ကွဲပြားသွားနိုင်ပါတယ်။ အဆီများတဲ့ ငါးတွေမချက်သင့်ဘူးဆိုပါတယ်။ မွေးမြူရေးငါးထက် သဘာဝအတိုင်းဖမ်းတဲ့ငါးက ပိုကောင်းတယ်ပြောပါတယ်။ လတ်ဆတ်တဲ့  ရေငန်ငါးက ပိုကောင်းပါတယ်။ တစ်ချို့က ငါးတွေမှာ ပြဒါးပါဝင်မှာ သိပ်ကြောက်ကြတယ်။

Probiotics သောက်ထားလျှင် ပြဒါးအဆိပ်ကို ကာကွယ်ပေးနိုင်တယ်လို့ Egyptian Journal of Environmental Research ကဆိုပါတယ်။ Probiotics က ပြဒါးသာမက Heavy Metals အဆိပ်တော်တော်များများကို ကာကွယ်ရာမှာ အသုံးဝင်ပါတယ်။ မြန်မာပြည်မှာ ကီဖာ နှင့် probiotics ယဉ်ကျေးမှု ထွန်းကားနေပြီမို့ ပြဒါးဆိပ်သင့်မှာအတွက် စိတ်ပူစရာလိုမည်တော့မထင်ပါ။ ဒီအကြောင်းအရာနဲ့ ပတ်သတ်တဲ့ reference လည်းထည့်ပေးထားပါတယ်။

Dr. PHYO MAUNG

References

https://www.natren.com/blog/can-probiotic-bacteria-help-clear-heavy-metals-body/

https://www.ncbi.nlm.nih.gov/pubmed/28084611

https://www.drkellyann.com/recipe/fish-bone-broth/

https://www.wisechoicemarket.com/blog/10-hidden-health-benefits-of-fish-broth/

https://www.ncbi.nlm.nih.gov/pmc/articles/PMC5440127/

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest