အ႐ိုးျပဳတ္ရည္

အူလမ္းေၾကာင္း က်န္းမာေရးအတြက္ အ႐ိုးျပဳတ္ေသာက္တာ အေတာ္ေကာင္းပါတယ္။ အ႐ိုးျပဳတ္ရည္ မွာ မ်ားစြာေသာ သတၳဳဓာတ္ေတြ ၊ ဗိုက္တာမင္ေတြ ႏွင့္ အမိုင္ႏိုအက္ဆစ္ေတြပါတယ္။ ေ႐ွးတုန္းက အ႐ိုးျပဳတ္ရည္ေသာက္တာက အ႐ိုးျပဳတ္မွာပါတဲ့ calcium ေၾကာင့္ပါ။ ႏို႔မတည့္တဲ့သူေတြ အ႐ိုးသန္မာေအာင္ေသာက္ခိုင္းတာပါ။ အ႐ိုးျပဳတ္ရည္မွာပါတဲ့ calcium ႏွင့္ အျခားေသာ သတၳဳဓာတ္ေတြက သြား ႏွင့္ အ႐ိုးကို သန္မာေစတယ္။ ႏွလုံး ႏွင့္ ႂကြက္သားက်န္းမာေစတယ္။အာ႐ုံေၾကာ ေကာင္းေစတယ္။ ဟိုမုန္းမ်ွတေစတယ္။ အ႐ိုးျပဳတ္ရည္မွာ glycine ႏွင့္  proline လို႔ေခၚတဲ့ အမိုင္ႏိုအက္ဆစ္ေတြပါတယ္။ ဒီ အမိုင္ႏိုအက္ဆစ္ေတြက က်န္းမာေရးအတြက္ အေတာ္ေကာင္းပါတယ္။ Leaky gut ႏွင့္ ကိုယ္ခႏၶာေရာင္ရမ္းျခင္းသည္ ေအာ္တိုအင္ျမဴးေရာဂါမ်ားႏွင့္ ဆက္စပ္ေနပါသည္။ အမိုင္ႏိုအက္ဆစ္ ခ်ိဳ႕တဲ့ျခင္းသည္ ကိုယ္ခံစြမ္းအားကိုက်ဆင္းေစသျဖင့္ ကူးစက္ေရာဂါျဖစ္ႏိုင္ေခ် ျမင့္လာၿပီး ေရာင္ရမ္းျခင္းျဖစ္ေစပါတယ္။ ဒါေၾကာင့္သဘာဝ ကုထုံးပညာ႐ွင္ေတြက ေအာ္တိုအင္ျမဴးေရာဂါသည္မ်ားကို အ႐ိုးျပဳတ္ရည္ေသာက္ဖို႔ ၫႊန္ၾကားေလ့ရိွပါတယ္။

အ႐ိုးျပဳတ္ရည္ ၏ ေကာင္းက်ိဳးမ်ား 

  1. အမိုင္ႏိုအက္ဆစ္ glycine အမ်ားႀကီးပါတာေၾကာင့္ ကိုယ္ခႏၶာစြမ္းအားကို ထိန္းညိွၿပီး ေရာင္ရမ္းျခင္းကို သက္သာေစပါ။ ဒါေၾကာင့္ ေရာဂါျဖစ္ျခင္းမွ လ်င္ျမန္စြာ သက္သာေစပါတယ္။
  2. Glycine က သည္းေျခအရည္ ႏွင့္ အစာေျခ အရည္ ထုတ္လုပ္မႈကို ကူညီေပးတာေၾကာင့္ အူလမ္းေၾကာင္းက်န္းမာေရးအတြက္ေကာင္းပါတယ္။ 
  3. Glycine က ဓာတ္တိုးဆန္႔က်င္ ပစၥည္းတစ္ခုျဖစ္တဲ့ glutathione, ထုတ္လုပ္မႈကို အားေပးၿပီး oxidative stress ကို သက္သာပါေစပါတယ္။
  4. Glycine ေကာင္းေကာင္းအိပ္ေပ်ာ္ေစပါတယ္။ စိတ္တက္ႂကြေစၿပီး မွတ္ဥာဏ္ေကာင္းေစတယ္။
  5. အ႐ိုးျပဳတ္ရည္မွာပါတဲ့ အမိုင္ႏိုအက္ဆစ္က လ်င္ျမန္စြာစုပ္ယူႏုိင္တဲ့အျပင္ အူနံရံျပဳျပင္ေပးၿပီး leaky gut သက္သာေစပါတယ္။
  6. သိုင္း႐ိုက္ ဂလင္း ကို က်န္းမာေစပါတယ္။ Thyroid Gut Connection နာမည္ ႏွင့္ ဒီအေၾကာင္း ေဆာင္းပါးေရးပါအုန္းမည္။
  7. အ႐ိုးျပဳတ္ရည္ေသာက္သုံးျခင္းသည္ ေရဓာတ္ျပည္လည္ျဖည့္တင္းေပးတာေၾကာင့္ အစာေျခ စနစ္ ႏွင့္ ေက်ာက္ကပ္ကို အက်ိဳးျပဳပါတယ္။

Dr. PHYO MAUNG

Unicode >>>>

အူလမ်းကြောင်း ကျန်းမာရေးအတွက် အရိုးပြုတ်သောက်တာ အတော်ကောင်းပါတယ်။ အရိုးပြုတ်ရည် မှာ များစွာသော သတ္ထုဓာတ်တွေ ၊ ဗိုက်တာမင်တွေ နှင့် အမိုင်နိုအက်ဆစ်တွေပါတယ်။ ရှေးတုန်းက အရိုးပြုတ်ရည်သောက်တာက အရိုးပြုတ်မှာပါတဲ့ calcium ကြောင့်ပါ။ နို့မတည့်တဲ့သူတွေ အရိုးသန်မာအောင်သောက်ခိုင်းတာပါ။ အရိုးပြုတ်ရည်မှာပါတဲ့ calcium နှင့် အခြားသော သတ္ထုဓာတ်တွေက သွား နှင့် အရိုးကို သန်မာစေတယ်။ နှလုံး နှင့် ကြွက်သားကျန်းမာစေတယ်။အာရုံကြော ကောင်းစေတယ်။ ဟိုမုန်းမျှတစေတယ်။ အရိုးပြုတ်ရည်မှာ glycine နှင့်  proline လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တွေပါတယ်။ ဒီ အမိုင်နိုအက်ဆစ်တွေက ကျန်းမာရေးအတွက် အတော်ကောင်းပါတယ်။ Leaky gut နှင့် ကိုယ်ခန္ဓာရောင်ရမ်းခြင်းသည် အော်တိုအင်မြူးရောဂါများနှင့် ဆက်စပ်နေပါသည်။ အမိုင်နိုအက်ဆစ် ချို့တဲ့ခြင်းသည် ကိုယ်ခံစွမ်းအားကိုကျဆင်းစေသဖြင့် ကူးစက်ရောဂါဖြစ်နိုင်ချေ မြင့်လာပြီး ရောင်ရမ်းခြင်းဖြစ်စေပါတယ်။ ဒါကြောင့်သဘာဝ ကုထုံးပညာရှင်တွေက အော်တိုအင်မြူးရောဂါသည်များကို အရိုးပြုတ်ရည်သောက်ဖို့ ညွှန်ကြားလေ့ရှိပါတယ်။

အရိုးပြုတ်ရည် ၏ ကောင်းကျိုးများ 

1. အမိုင်နိုအက်ဆစ် glycine အများကြီးပါတာကြောင့် ကိုယ်ခန္ဓာစွမ်းအားကို ထိန်းညှိပြီး ရောင်ရမ်းခြင်းကို သက်သာစေပါ။ ဒါကြောင့် ရောဂါဖြစ်ခြင်းမှ လျင်မြန်စွာ သက်သာစေပါတယ်။

2. Glycine က သည်းခြေအရည် နှင့် အစာခြေ အရည် ထုတ်လုပ်မှုကို ကူညီပေးတာကြောင့် အူလမ်းကြောင်းကျန်းမာရေးအတွက်ကောင်းပါတယ်။ 

3. Glycine က ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်ခုဖြစ်တဲ့ glutathione, ထုတ်လုပ်မှုကို အားပေးပြီး oxidative stress ကို သက်သာပါစေပါတယ်။

4. Glycine ကောင်းကောင်းအိပ်ပျော်စေပါတယ်။ စိတ်တက်ကြွစေပြီး မှတ်ဉာဏ်ကောင်းစေတယ်။

5. အရိုးပြုတ်ရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်က လျင်မြန်စွာစုပ်ယူနိုင်တဲ့အပြင် အူနံရံပြုပြင်ပေးပြီး leaky gut သက်သာစေပါတယ်။

6. သိုင်းရိုက် ဂလင်း ကို ကျန်းမာစေပါတယ်။ Thyroid Gut Connection နာမည် နှင့် ဒီအကြောင်း ဆောင်းပါးရေးပါအုန်းမည်။

7. အရိုးပြုတ်ရည်သောက်သုံးခြင်းသည် ရေဓာတ်ပြည်လည်ဖြည့်တင်းပေးတာကြောင့် အစာခြေ စနစ် နှင့် ကျောက်ကပ်ကို အကျိုးပြုပါတယ်။

Dr. PHYO MAUNG

Reference:

1http://www.ncbi.nlm.nih.gov/pmc/articles/PMC4337919/

2http://www.ncbi.nlm.nih.gov/pubmedhealth/PMHT0022775/

3http://www.ncbi.nlm.nih.gov/pubmed/12589194

4http://www.ncbi.nlm.nih.gov/pmc/articles/PMC3750756/

5http://www.ncbi.nlm.nih.gov/pubmed/274936

6http://www.ncbi.nlm.nih.gov/pubmed/23742196

7http://www.ncbi.nlm.nih.gov/pubmed/10587285

8http://www.ncbi.nlm.nih.gov/pmc/articles/PMC3328957/

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest