နႏြင္း

ဂ်င္းမ်ိဳးႏြယ္စုဝင္ နႏြင္းကို အေရွ႕အိႏၵိယ နဲ႔ အေရွ႕အလယ္ပိုင္းေဒသေတြမွာ သုံးလာတာၾကာပါၿပီ။ ေရွးေခတ္က နႏြင္းကို အေရာင္က်ေစတဲ့ ေဆးအေနနဲ႔ အသည္းေရာင္အသားဝါ၊ရာသီမမွန္ျခင္း၊ဆီးထဲေသြးပါျခင္း၊သြားကိုက္ျခင္း၊ရင္ဘတ္ေအာင့္ျခင္း၊ဗိုက္ေအာင့္ျခင္းေတြမွာ သုံးခဲ့ပါတယ္။နႏြင္းကို “turmeric” လို႔ေခၚပါတယ္။ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ တ႐ုတ္၊ ထိုင္ဝမ္၊ ဂ်ေမကာ နဲ႔ ေဟတီ တို႔မွာ ဟင္းခ်က္စရာအေနနဲ႔သုံးပါတယ္။

နႏြင္းကို ေဆးအျဖစ္သုံးႏိုင္တာအမ်ားအျပားရွိေပမည့္ လူသုံးမ်ားတဲ့ အခ်ိဳ႕ကိုေရးေပးလိုက္ပါတယ္။

၁။1980 မွာ လုပ္တဲ့ သုေသတနတစ္ခုမွာ နႏြင္းက ေသြးခဲျခင္း(vascular thrombosis)ကို သက္သာေစတယ္ဆိုပါတယ္။

၂။Phytotherapy Research ဂ်ာနယ္တစ္ခုမွာ ေဖာ္ျပခဲ့တာက နႏြင္းကို မျပင္းထန္တဲ့ စိတ္က်ေရာဂါ (mild depression) ကုသမႈမွာ အႏၲရာယ္မရွိပဲ အက်ိဳးရွိရွိသုံးႏိုင္ပါတယ္တဲ့။

၃။နႏြင္းမွာ အေရာင္က်ေစတဲ့ အစြမ္းရွိပါတယ္။Oncogene ဂ်ာနယ္ေရးတာက နႏြင္းဟာ ကမ႓ာေပၚမွာ အေကာင္းဆုံးေရာင္ရမ္းျခင္းကို ကုတဲ့အစားအစာပါ။ကင္ဆာ၊ျပည္တည္အူေရာင္ေရာဂါ၊အဆစ္ေရာင္ျခင္း၊ကိုလက္စေတာျမင့္တက္ျခင္းေတြမွာ အသုံးဝင္တယ္လို႔ဆိုပါတယ္။

၄။နႏြင္းရဲ႕ ဓာတ္တိုးဆန္႔က်င္ အစြမ္း ႏွင့္ အေရာင္က်ေစတဲ့အစြမ္းက အေရျပားအတြက္အေကာင္းပါတယ္။အနာက်က္ေစတယ္၊ဝက္ျခံအတြက္သာမက ဝက္ျခံေၾကာင့္ျဖစ္တဲ့ အနာရြတ္အတြက္ပါေကာင္းပါတယ္။နႏြင္းနဲ႔ တစ္ခ်ိဳ႕လူေတြရဲ႕ အေရျပားက မတည့္တတ္ပါ။ဒါေၾကာင့္ မ်က္ႏွာ မလိမ္းခင္ လက္ေမာင္းကို အရင္လိမ္းသင့္ပါတယ္။တစ္ရက္ေလာက္ တည့္မတည့္ၾကည့္ၿပီးမွ မ်က္ႏွာအတြက္သုံးပါ။

၅။နႏြင္းက ကင္ဆာဆဲလ္ကို သတ္ႏိုင္တယ္ဆိုတဲ့ ထင္ျမင္ယူဆခ်က္က
Cancer Research UK (အဂၤလန္ႏိုင္ငံ ကင္ဆာသုေသတန) အတြင္းမွာေတာင္ အေတာ္လူေျပာမ်ားေနပါၿပီ။ရင္သားကင္ဆာ၊အစာအိမ္အူလမ္းေၾကာင္းကင္ဆာ ႏွင့္ အေရျပားကင္ဆာေတြ အတြက္ေကာင္းပါတယ္။Baylor Scott & White Research Institute က 2017 ဇူလိုင္လမွာ သုေသတနတစ္ခု လုပ္ခဲ့ပါတယ္။ဒီသုေသတနမွာ ေတြ႕ရွိတာက နႏြင္းကို ကင္ဆာေဆးသြင္းကုသလို႔ မေအာင္ျမင္တဲ့ ပန္းကရိယတ္ (pancreas) ကင္ဆာေတြကို ကုႏိုင္တယ္ေျပာပါတယ္။

၆။နႏြင္းက အင္ဆူလင္ကို ဆဲလ္ေတြပိုႀကိဳက္ေအာင္လုပ္ေပးပါတယ္။ဒါေၾကာင့္ ဆီးခ်ိဳသမားေတြအတြက္အသုံးဝင္ပါတယ္။ဆီးခ်ိဳေၾကာင့္ ျဖစ္တဲ့ေနာက္ဆက္တြဲေရာဂါေတြကိုလည္း သက္သာေစပါတယ္။

၇။Biofactors ဂ်ာနယ္ကေရးတာ နႏြင္းက ဝိတ္က်ေစပါတယ္တဲ့။

၈။နႏြင္းမွာပါတဲ့ curcumin က အူလမ္းေၾကာင္းအနာကိုက်က္ေစတယ္။အက်ိဳးျပဳ probioticsကိုရွင္သန္ႀကီးထြားေစတယ္။ဒါေၾကာင့္ အူလမ္းေၾကာင္းေရာဂါကုတဲ့ေနရာမွာသုံးတယ္။

၉။ ကိုလက္စေတာ က်ေစတယ္။

၁၀။U.S. Army Institute of Surgical Research က မီးေလာင္အနာေတြကို နႏြင္းထည့္ေပးလို႔ ရတယ္လို႔ေရးပါတယ္။

နႏြင္းရဲ႕ေဘးထြက္ဆိုးက်ိဳးေတြက ပ်ိဳ႕အန္ျခင္း၊ဝမ္းသြားျခင္း၊ေသြးမတိတ္ျခင္း၊ေသြးေပါင္က်ျခင္း၊သည္းေျခေအာင့္ျခင္း၊ရာသီေသြးမ်ားျခင္းတို႔ျဖစ္ပါတယ္။

နႏြင္းေကာင္းက်ိဳးအမ်ားစုက နႏြင္းကို အစာအေနနဲ႔စားရင္းေတြ႕ခဲ့တာပါ။ဒါဟာ ဘီစီ ေလးရာစုေလာက္က ေဆးပညာရဲ႕ ဖခင္ႀကီး ဟစ္ပိုကေရးတီး ေျပာခဲ့တဲ့အတိုင္းပါပဲ။ကၽြန္ေတာ္အျမင္ကေတာ့ စားတတ္လွ်င္ အစာတိုင္းက ေဆးျဖစ္ေပမယ့္ မစားတတ္လွ်င္ ေသေစေလာက္ေသာ ေရာဂါရႏိုင္ပါတယ္။ဒါေၾကာင့္ စာဖတ္ပါ။ေလ့လာပါ။အစာကို ေဆးအေနနဲ႔သုံးၿပီး က်န္းမာေအာင္ေနၾကပါ။

Dr. PHYO MAUNG

Unicode >>>>>>>

ဂျင်းမျိုးနွယ်စုဝင် နနွင်းကို အရှေ့အိန္ဒိယ နဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ သုံးလာတာကြာပါပြီ။ရှေးခေတ်က နနွင်းကို အရောင်ကျစေတဲ့ ဆေးအနေနဲ့ အသည်းရောင်အသားဝါ၊ရာသီမမှန်ခြင်း၊ဆီးထဲသွေးပါခြင်း၊သွားကိုက်ခြင်း၊ရင်ဘတ်အောင့်ခြင်း၊ဗိုက်အောင့်ခြင်းတွေမှာ သုံးခဲ့ပါတယ်။နနွင်းကို “turmeric” လို့ခေါ်ပါတယ်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တရုတ်၊ ထိုင်ဝမ်၊ ဂျမေကာ နဲ့ ဟေတီ တို့မှာ ဟင်းချက်စရာအနေနဲ့သုံးပါတယ်။

နနွင်းကို ဆေးအဖြစ်သုံးနိုင်တာအများအပြားရှိပေမည့် လူသုံးများတဲ့ အချို့ကိုရေးပေးလိုက်ပါတယ်။

၁။1980 မှာ လုပ်တဲ့ သုသေတနတစ်ခုမှာ နနွင်းက သွေးခဲခြင်း(vascular thrombosis)ကို သက်သာစေတယ်ဆိုပါတယ်။

၂။Phytotherapy Research ဂျာနယ်တစ်ခုမှာ ဖော်ပြခဲ့တာက နနွင်းကို မပြင်းထန်တဲ့ စိတ်ကျရောဂါ (mild depression) ကုသမှုမှာ အန္တရာယ်မရှိပဲ အကျိုးရှိရှိသုံးနိုင်ပါတယ်တဲ့။

၃။နနွင်းမှာ အရောင်ကျစေတဲ့ အစွမ်းရှိပါတယ်။Oncogene ဂျာနယ်ရေးတာက နနွင်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးရောင်ရမ်းခြင်းကို ကုတဲ့အစားအစာပါ။ကင်ဆာ၊ပြည်တည်အူရောင်ရောဂါ၊အဆစ်ရောင်ခြင်း၊ကိုလက်စတောမြင့်တက်ခြင်းတွေမှာ အသုံးဝင်တယ်လို့ဆိုပါတယ်။

၄။နနွင်းရဲ့ ဓာတ်တိုးဆန့်ကျင် အစွမ်း နှင့် အရောင်ကျစေတဲ့အစွမ်းက အရေပြားအတွက်အကောင်းပါတယ်။အနာကျက်စေတယ်၊ဝက်ခြံအတွက်သာမက ဝက်ခြံကြောင့်ဖြစ်တဲ့ အနာရွတ်အတွက်ပါကောင်းပါတယ်။နနွင်းနဲ့ တစ်ချို့လူတွေရဲ့ အရေပြားက မတည့်တတ်ပါ။ဒါကြောင့် မျက်နှာ မလိမ်းခင် လက်မောင်းကို အရင်လိမ်းသင့်ပါတယ်။တစ်ရက်လောက် တည့်မတည့်ကြည့်ပြီးမှ မျက်နှာအတွက်သုံးပါ။

၅။နနွင်းက ကင်ဆာဆဲလ်ကို သတ်နိုင်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်က
Cancer Research UK (အင်္ဂလန်နိုင်ငံ ကင်ဆာသုသေတန) အတွင်းမှာတောင် အတော်လူပြောများနေပါပြီ။ရင်သားကင်ဆာ၊အစာအိမ်အူလမ်းကြောင်းကင်ဆာ နှင့် အရေပြားကင်ဆာတွေ အတွက်ကောင်းပါတယ်။Baylor Scott & White Research Institute က 2017 ဇူလိုင်လမှာ သုသေတနတစ်ခု လုပ်ခဲ့ပါတယ်။ဒီသုသေတနမှာ တွေ့ရှိတာက နနွင်းကို ကင်ဆာဆေးသွင်းကုသလို့ မအောင်မြင်တဲ့ ပန်းကရိယတ် (pancreas) ကင်ဆာတွေကို ကုနိုင်တယ်ပြောပါတယ်။

၆။နနွင်းက အင်ဆူလင်ကို ဆဲလ်တွေပိုကြိုက်အောင်လုပ်ပေးပါတယ်။ဒါကြောင့် ဆီးချိုသမားတွေအတွက်အသုံးဝင်ပါတယ်။ဆီးချိုကြောင့် ဖြစ်တဲ့နောက်ဆက်တွဲရောဂါတွေကိုလည်း သက်သာစေပါတယ်။

၇။Biofactors ဂျာနယ်ကရေးတာ နနွင်းက ဝိတ်ကျစေပါတယ်တဲ့။

၈။နနွင်းမှာပါတဲ့ curcumin က အူလမ်းကြောင်းအနာကိုကျက်စေတယ်။အကျိုးပြု probioticsကိုရှင်သန်ကြီးထွားစေတယ်။ဒါကြောင့် အူလမ်းကြောင်းရောဂါကုတဲ့နေရာမှာသုံးတယ်။

၉။ ကိုလက်စတော ကျစေတယ်။

၁၀။U.S. Army Institute of Surgical Research က မီးလောင်အနာတွေကို နနွင်းထည့်ပေးလို့ ရတယ်လို့ရေးပါတယ်။

နနွင်းရဲ့ဘေးထွက်ဆိုးကျိုးတွေက ပျို့အန်ခြင်း၊ဝမ်းသွားခြင်း၊သွေးမတိတ်ခြင်း၊သွေးပေါင်ကျခြင်း၊သည်းခြေအောင့်ခြင်း၊ရာသီသွေးများခြင်းတို့ဖြစ်ပါတယ်။

နနွင်းကောင်းကျိုးအများစုက နနွင်းကို အစာအနေနဲ့စားရင်းတွေ့ခဲ့တာပါ။ဒါဟာ ဘီစီ လေးရာစုလောက်က ဆေးပညာရဲ့ ဖခင်ကြီး ဟစ်ပိုကရေးတီး ပြောခဲ့တဲ့အတိုင်းပါပဲ။ကျွန်တော်အမြင်ကတော့ စားတတ်လျှင် အစာတိုင်းက ဆေးဖြစ်ပေမယ့် မစားတတ်လျှင် သေစေလောက်သော ရောဂါရနိုင်ပါတယ်။ဒါကြောင့် စာဖတ်ပါ။လေ့လာပါ။အစာကို ဆေးအနေနဲ့သုံးပြီး ကျန်းမာအောင်နေကြပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest