Plant paradox – 3

သဘာဝႀကီးက သိပ္အံ့ၾသဖို႔ေကာင္းပါတယ္ မစားသင့္ေသးတဲ့ အသီးဟာ အေရာင္အားျဖင့္ အပင္စားတဲ့ အေကာင္ေတြကို မေတြ႕ေအာင္လုပ္ထားတယ္။

အသီးတစ္ခုကို မစားသင့္ေသးဘူးဆို အေရာင္ကလည္းစိမ္းတယ္။အနံကလည္း မေမႊးဘူး။စားလိုက္လွ်င္လည္း သိပ္မေကာင္းလွဘူး။အရသာလည္း မေကာင္းသလို က်န္းမာေရးအတြက္လည္း မေကာင္းဘူး။မမွည့္ေသးတဲ့ အသီးေတြမွာ lectin ဆိုတဲ့ ပ႐ိုတိန္းတစ္မ်ိဳးရွိတယ္။သူက ဂလူတန္နဲ႔ အမႊာညီအစ္ကို ဆဲလ္ေတြထဲက ကဆီဓာတ္နဲ႔လုပ္ထားတဲ့ အရာေတြေပၚကပ္သြားၿပီး ေရာင္ရမ္းျခင္းကိုျဖစ္ေစတယ္။အသီးေတြ ရင့္မွည့္သြားလွ်င္ေတာ့ lectin ေတြ ေပ်ာက္သြားၿပီး အသီးက အေရာင္ ႏွင့္ အနံအရသာျပည့္လာတယ္။

ကမ႓ာမွာ သက္ရွိေတြ အေနနဲ႔ အပင္ေတြစေပါက္တယ္။ကမ႓ာဦးကာလက အပင္ေတြ အတြက္နိဗၺာန္ဘုံပါ။ေနာက္ေတာ့ အပင္စားတဲ့ အင္းဆက္ေတြေပၚလာတယ္။အင္းဆက္ေတြ ေပၚလာတည္းက တိရစၧာန္ နဲ႔ အပင္ေတြ ရန္ပြဲစလိုက္တာ။အခုကာလ အထိပဲ။အပင္ေတြက အေကာင္ေတြသူတို႔စားမွာကို ကာကြယ္ဖို႔ lectin ထုတ္ၿပီးကာကြယ္တယ္။lectin ဆိုတာ သဘာဝအားျဖင့္ အဟာရဆန္႔က်င္ပစၥည္းပါ။စားတဲ့ အင္းဆက္ေတြကို ဆိုးက်ိဳးျဖစ္ေစတယ္။လူေတြလည္း lectin စားရင္ က်န္းမာေရးထိခိုက္ပါတယ္။တစ္ခုဆိုးတာက အင္းဆက္ေတြက lectin ကို ယဥ္ပါးႏိုင္ေပမည့္ လူေတြရဲ႕ အစာေျခစနစ္က သည္လိုမ်ိဳးမလုပ္ႏိုင္ဘူး။ဒါေၾကာင့္ တစ္ခ်ိဳ႕ မမွည့္တဲ့ အသီးေတြစားလွ်င္ အစာမေၾကတာပါ။တညင္းသီး အစိမ္းစားတဲ့သူေတြ ေတာက္တယ္ဆိုတာ lectin နဲ႔ မတည့္တာပါ။အခုေခတ္မွာ လုပ္ထားတဲ့ GMO ဆိုတဲ့အသီးကို အင္းဆက္ေတာင္ ေၾကေအာင္မေခ်ႏိုင္တာ လူေတြအတြက္ဘယ္ေလာက္ဆိုးမလဲ စဥ္းစားၾကည့္ပါ။

ရင့္မွည့္ခ်ိန္ပဲျဖစ္ျဖစ္၊အခ်ဥ္ေဖာက္လိုက္လွ်င္ပဲျဖစ္ျဖစ္ lectin နည္းသြားပါတယ္။ဒါေပမယ့္ ethylene oxide ထည့္ၿပီးမွည့္ေစတာက lectin ကို မေလ်ာ့သြားေစပါ။ဒါေၾကာင့္ ေဆးစိမ္ၿပီး မွည့္ထားတဲ့ အသီးဟာ စိမ္းထားတဲ့ ေဆးရဲ႕ ဆိုးက်ိဳးအျပင္ lectin ဆိုးက်ိဳးပါပါေနလို႔ မစားသင့္ပါ။

lectin ကို ေလ်ာ့က်ေစတဲ့ ေနာက္တစ္နည္းက pressure cooker နဲ႔ခ်က္တာပါ။

မီးဖိုေပၚတင္ခ်က္တဲ့ pressure cooker နဲ႔ပဲခ်က္ခ်က္ လွ်ပ္စစ္နဲ႔ သုံးရတဲ့ pressure cooker နဲ႔ပဲခ်က္ခ်က္ အက်ဳိးရလဒ္ကအတူတူပါပဲ။ျမန္ျမန္ ခ်က္ျပဳတ္တဲ့ နည္းလည္းျဖစ္ပါတယ္။ေကာင္းေကာင္းလည္းက်က္သလို က်န္းမာေရးအတြက္လည္း အက်ိဳးရွိတယ္။ခပ္ျမန္ျမန္ခ်က္ႏိုင္လို႔ အသင့္စားေတြ ဝယ္စားမဲ့အစား pressure cooker  နဲ႔ခ်က္စားလွ်င္ က်န္းမာေရးအတြက္ပိုေကာင္းပါတယ္။

Pressure cooker နဲ႔ခ်က္တာက ျမန္ျမန္က်က္တဲ့အျပင္ က်န္းမာေရးအတြက္ေကာင္းတာက

၁။အသီးအရြက္ေတြကို pressure cooker  နဲ႔ခ်က္တာက အဟာရေတြ သိပ္မပ်က္သြားလို႔ က်န္းမာေရးအတြက္ေကာင္းတယ္။ျပဳတ္စားတာက အစာထဲက အဟာရဓာတ္ေတြ ျပဳတ္ထားတဲ့အရည္ထဲမွာ ဆုံးရႈးံသြားႏိုင္တယ္။အစာကို pressure cooker နဲ႔ခ်က္ျပဳတ္ျခင္းက အစာထဲမွာ antioxidant ပါဝင္မႈပိုသိပ္သည္းသြားတယ္။North Dakota ျပည္နယ္က တကၠသိုလ္တစ္ခုက ေရနဲ႔ျပဳတ္ခ်က္ျခင္း နဲ႔ ေရေႏြးေငြ႕နဲ႔ခ်က္ျပဳတ္ျခင္းသည္ အစာထဲက က်န္းမာေရးအတြက္ အသုံးဝင္တဲ့ phenolic ပမာဏနည္းသြားပါတယ္လို႔ 2008 စက္တင္ဘာလထုတ္ Food Chemistry, ဂ်ာနယ္မွာ ေရးခဲ့ပါတယ္။

2007  မတ္လထုတ္ Food Science,ဂ်ာနယ္မွာေဖာ္ျပတာက ပန္းစိမ္းကို pressure cooker ခ်က္စားလွ်င္ ပန္းစိမ္းမွာ ဗိုက္တာမင္ စီ ကိုးဆယ္ရာခိုင္ႏႈန္းေက်ာ္ က်န္ပါတယ္။ဒါျပင္ ပန္းစိမ္းရဲ႕ sulforaphane,ဓာတ္ေပါင္းလည္း မဆုံးရႈံးသြားပါ။sulforaphane ဟာ က်န္းမာေရးျမႇင့္တင္ေပးၿပီး ကင္ဆာကာကြယ္တဲ့ စြမ္းအားႀကီးေသာ အပင္ထြက္ ပစၥည္းတစ္ခုပါ။

၂။Acrylamide ဆိုတာ ေစးျပစ္တဲ့ အစာေတြကို ခ်က္ျပဳတ္လွ်င္ထြက္လာပါတယ္။သူကိုအမ်ားႀကီးစားမိလွ်င္ အႏၲရာယ္ရွိတယ္။ကင္ဆာေရာဂါ၊မ်ိဳးမေအာင္ျခင္း နဲ႔ အာရံုေျကာေရာဂါေတြ ျဖစ္တတ္တယ္။pressure cooker နဲ႔ခ်က္လိုက္လွ်င္ေတာ့ acrylamide ေတြ မပါသေလာက္နည္းသြားပါတယ္။အစာကို မီးဖုတ္စားတာပဲျဖစ္ျဖစ္ ကင္စားတာပဲျဖစ္ျဖစ္ acrylamide ပါဝင္မႈမ်ားလာၿပီး ကင္ဆာျဖစ္ေစပါတယ္။Bacon လို႔ေခၚတဲ့ ဝက္စားနယ္ေျခာက္ကို ကင္စားတာမ်ိဳးဟာ က်န္းမာေရးအတြက္ မသင့္ေတာ္ပါ။

၃။1996 ေမလထုတ္ Science of Food and Agriculture ဂ်ာနယ္အဆိုအရ pressure cooker နဲ႔ခ်က္စားျခင္းသည္ အခ်ဥ္ေဖာက္ျခင္းကဲ့သို႔ လူကို အႏၲရာယ္ေပးတဲ့ Lectins ကို ေလ်ာ့နည္းေစပါတယ္။

Dr. PHYO MAUNG

#%#%#%#%#%#%#%#%#%#%#%#%

Plant Paradox -3 

သဘာဝကြီးက သိပ်အံ့သြဖို့ကောင်းပါတယ် မစားသင့်သေးတဲ့ အသီးဟာ အရောင်အားဖြင့် အပင်စားတဲ့ အကောင်တွေကို မတွေ့အောင်လုပ်ထားတယ်။

အသီးတစ်ခုကို မစားသင့်သေးဘူးဆို အရောင်ကလည်းစိမ်းတယ်။အနံကလည်း မမွှေးဘူး။စားလိုက်လျှင်လည်း သိပ်မကောင်းလှဘူး။အရသာလည်း မကောင်းသလို ကျန်းမာရေးအတွက်လည်း မကောင်းဘူး။မမှည့်သေးတဲ့ အသီးတွေမှာ lectin ဆိုတဲ့ ပရိုတိန်းတစ်မျိုးရှိတယ်။သူက ဂလူတန်နဲ့ အမွှာညီအစ်ကို ဆဲလ်တွေထဲက ကဆီဓာတ်နဲ့လုပ်ထားတဲ့ အရာတွေပေါ်ကပ်သွားပြီး ရောင်ရမ်းခြင်းကိုဖြစ်စေတယ်။အသီးတွေ ရင့်မှည့်သွားလျှင်တော့ lectin တွေ ပျောက်သွားပြီး အသီးက အရောင် နှင့် အနံအရသာပြည့်လာတယ်။

ကမ္ဘာမှာ သက်ရှိတွေ အနေနဲ့ အပင်တွေစပေါက်တယ်။ကမ္ဘာဦးကာလက အပင်တွေ အတွက်နိဗ္ဗာန်ဘုံပါ။နောက်တော့ အပင်စားတဲ့ အင်းဆက်တွေပေါ်လာတယ်။အင်းဆက်တွေ ပေါ်လာတည်းက တိရစ္ဆာန် နဲ့ အပင်တွေ ရန်ပွဲစလိုက်တာ။အခုကာလ အထိပဲ။အပင်တွေက အကောင်တွေသူတို့စားမှာကို ကာကွယ်ဖို့ lectin ထုတ်ပြီးကာကွယ်တယ်။lectin ဆိုတာ သဘာဝအားဖြင့် အဟာရဆန့်ကျင်ပစ္စည်းပါ။စားတဲ့ အင်းဆက်တွေကို ဆိုးကျိုးဖြစ်စေတယ်။လူတွေလည်း lectin စားရင် ကျန်းမာရေးထိခိုက်ပါတယ်။တစ်ခုဆိုးတာက အင်းဆက်တွေက lectin ကို ယဉ်ပါးနိုင်ပေမည့် လူတွေရဲ့ အစာခြေစနစ်က သည်လိုမျိုးမလုပ်နိုင်ဘူး။ဒါကြောင့် တစ်ချို့ မမှည့်တဲ့ အသီးတွေစားလျှင် အစာမကြေတာပါ။တညင်းသီး အစိမ်းစားတဲ့သူတွေ တောက်တယ်ဆိုတာ lectin နဲ့ မတည့်တာပါ။အခုခေတ်မှာ လုပ်ထားတဲ့ GMO ဆိုတဲ့အသီးကို အင်းဆက်တောင် ကြေအောင်မချေနိုင်တာ လူတွေအတွက်ဘယ်လောက်ဆိုးမလဲ စဉ်းစားကြည့်ပါ။

ရင့်မှည့်ချိန်ပဲဖြစ်ဖြစ်၊အချဉ်ဖောက်လိုက်လျှင်ပဲဖြစ်ဖြစ် lectin နည်းသွားပါတယ်။ဒါပေမယ့် ethylene oxide ထည့်ပြီးမှည့်စေတာက lectin ကို မလျော့သွားစေပါ။ဒါကြောင့် ဆေးစိမ်ပြီး မှည့်ထားတဲ့ အသီးဟာ စိမ်းထားတဲ့ ဆေးရဲ့ ဆိုးကျိုးအပြင် lectin ဆိုးကျိုးပါပါနေလို့ မစားသင့်ပါ။

lectin ကို လျော့ကျစေတဲ့ နောက်တစ်နည်းက pressure cooker နဲ့ချက်တာပါ။

မီးဖိုပေါ်တင်ချက်တဲ့ pressure cooker နဲ့ပဲချက်ချက် လျှပ်စစ်နဲ့ သုံးရတဲ့ pressure cooker နဲ့ပဲချက်ချက် အကျိုးရလဒ်ကအတူတူပါပဲ။မြန်မြန် ချက်ပြုတ်တဲ့ နည်းလည်းဖြစ်ပါတယ်။ကောင်းကောင်းလည်းကျက်သလို ကျန်းမာရေးအတွက်လည်း အကျိုးရှိတယ်။ခပ်မြန်မြန်ချက်နိုင်လို့ အသင့်စားတွေ ဝယ်စားမဲ့အစား pressure cooker  နဲ့ချက်စားလျှင် ကျန်းမာရေးအတွက်ပိုကောင်းပါတယ်။

Pressure cooker နဲ့ချက်တာက မြန်မြန်ကျက်တဲ့အပြင် ကျန်းမာရေးအတွက်ကောင်းတာက

၁။အသီးအရွက်တွေကို pressure cooker  နဲ့ချက်တာက အဟာရတွေ သိပ်မပျက်သွားလို့ ကျန်းမာရေးအတွက်ကောင်းတယ်။ပြုတ်စားတာက အစာထဲက အဟာရဓာတ်တွေ ပြုတ်ထားတဲ့အရည်ထဲမှာ ဆုံးရှုးံသွားနိုင်တယ်။အစာကို pressure cooker နဲ့ချက်ပြုတ်ခြင်းက အစာထဲမှာ antioxidant ပါဝင်မှုပိုသိပ်သည်းသွားတယ်။North Dakota ပြည်နယ်က တက္ကသိုလ်တစ်ခုက ရေနဲ့ပြုတ်ချက်ခြင်း နဲ့ ရေနွေးငွေ့နဲ့ချက်ပြုတ်ခြင်းသည် အစာထဲက ကျန်းမာရေးအတွက် အသုံးဝင်တဲ့ phenolic ပမာဏနည်းသွားပါတယ်လို့ 2008 စက်တင်ဘာလထုတ် Food Chemistry, ဂျာနယ်မှာ ရေးခဲ့ပါတယ်။

2007  မတ်လထုတ် Food Science,ဂျာနယ်မှာဖော်ပြတာက ပန်းစိမ်းကို pressure cooker ချက်စားလျှင် ပန်းစိမ်းမှာ ဗိုက်တာမင် စီ ကိုးဆယ်ရာခိုင်နှုန်းကျော် ကျန်ပါတယ်။ဒါပြင် ပန်းစိမ်းရဲ့ sulforaphane,ဓာတ်ပေါင်းလည်း မဆုံးရှုံးသွားပါ။sulforaphane ဟာ ကျန်းမာရေးမြှင့်တင်ပေးပြီး ကင်ဆာကာကွယ်တဲ့ စွမ်းအားကြီးသော အပင်ထွက် ပစ္စည်းတစ်ခုပါ။

၂။Acrylamide ဆိုတာ စေးပြစ်တဲ့ အစာတွေကို ချက်ပြုတ်လျှင်ထွက်လာပါတယ်။သူကိုအများကြီးစားမိလျှင် အန္တရာယ်ရှိတယ်။ကင်ဆာရောဂါ၊မျိုးမအောင်ခြင်း နဲ့ အာရုံကြောရောဂါတွေ ဖြစ်တတ်တယ်။pressure cooker နဲ့ချက်လိုက်လျှင်တော့ acrylamide တွေ မပါသလောက်နည်းသွားပါတယ်။အစာကို မီးဖုတ်စားတာပဲဖြစ်ဖြစ် ကင်စားတာပဲဖြစ်ဖြစ် acrylamide ပါဝင်မှုများလာပြီး ကင်ဆာဖြစ်စေပါတယ်။Bacon လို့ခေါ်တဲ့ ဝက်စားနယ်ခြောက်ကို ကင်စားတာမျိုးဟာ ကျန်းမာရေးအတွက် မသင့်တော်ပါ။

၃။1996 မေလထုတ် Science of Food and Agriculture ဂျာနယ်အဆိုအရ pressure cooker နဲ့ချက်စားခြင်းသည် အချဉ်ဖောက်ခြင်းကဲ့သို့ လူကို အန္တရာယ်ပေးတဲ့ Lectins ကို လျော့နည်းစေပါတယ်။

Dr. PHYO MAUNG

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest