Magnesium

The Magnesium Miracle စာအုပ္ကိုေရးတာ Dr. Dean ပါ။ အေတာ္ေကာင္းတဲ့ စာအုပ္ပါ။ စာအုပ္မဝယ္ပဲ magnesium အေၾကာင္းေကာင္းေကာင္းသိခ်င္လွ်င္ Dr. Dean’s website, DrCarolynDean.com, မွာေလ့လာလို႔ရပါတယ္။ Dr.Dean ရဲ႕ facebook လည္းရွိပါတယ္။ 

ကိုယ္ခႏၶာထဲက magnesium ကိုေလ်ာ့နည္းသြားေစတာ စိတ္ဖိစီးမႈ ႏွင့္ ေဆးေတြေၾကာင့္လို႔ Dr. Dean, ေျပာပါတယ္။ ကံမေကာင္းတာက conventional medical approach  လို႔ေခၚတဲ့ ဆရာဝန္မ်ားရဲ႕ကုသခ်က္က အေျခအေနေကာင္းမြန္မလာဘဲ ပိုဆိုးသြားေစတယ္လို႔ Dr. Dean ကဆက္ေျပာပါတယ္။

ရွင္းျပတာေလးကို မွတ္မိသေလာက္ျပန္ေရးေပးပါ့မည္။

” စိတ္ဖိစီးမႈ အေတာ္ျပင္းထန္တဲ့အခါ ကိုယ္ထဲက adrenal glands ပို အလုပ္လုပ္ရတာေၾကာင့္ ကိုယ္ထဲက magnesium ေတြကုန္သြားပါတယ္။ Magnesium ကို ျပန္မျဖည့္ထားဘူးဆိုလွ်င္ ေသြးေၾကာေတြက်ဳံ႕လာၿပီး ေသြးတိုးလာပါတယ္။ ဒါဆိုဆရာဝန္က ဆီးေဆးေပးၿပီး ေသြးတိုးက်ေစတယ္။ ဒါဆို magnesium ေတြ ပိုနည္းသြားၿပီး ေသြးတိုးတာ ပိုဆိုးကုန္ပါတယ္။  ဒါေၾကာင့္ ဆရာဝန္က CCB လို႔ေခၚတဲ့ ေသြးေၾကာထဲ ကယ္ဆီယမ္ ဝင္တာကို တားတဲ့ေဆးထပ္ေပးလိုက္တဲ့အခါ ေဆးရဲ႕ဆိုးက်ိဳးကို ပိုခံရတာ လူနာေတြပါ။

Magnesium ေလ်ာ့နည္းျခင္းက ကိုလက္စထေရာရဲ႕ ဇီဝလုပ္ငန္းေတြ ေႏွာက္ယွက္လိုက္ၿပီး ကိုလက္စထေရာ ျမင့္တက္သြားေစပါတယ္။ ကိုလက္စထေရာ ျမင့္လာလွ်င္ statins ေတြကို ဆရာဝန္ေတြက ၫႊန္းေတာ့တာပဲ။ ”

ဒီျဖစ္စဥ္က ကၽြန္ေတာ္တို႔ ေတြ႕ေနၾကပါ။ ဒါေပမယ့္ ဒါဟာ magnesium ေၾကာင့္လို႔ ျမင္တဲ့သူရွားပါတယ္။ မသိတာေၾကာင့္ ပိုဆိုးတဲ့ လမ္းကို ေလွ်ာက္ၾကတာပါ။ သိသြားလွ်င္ အေျခအေနမဆိုးခင္ ျပန္ျပင္ႏိုင္ေအာင္ magnesium အေၾကာင္းေရးေပးလိုက္ပါတယ္။

Magnesium က adenosine triphosphate (ATP), ကိုဖန္တီးၿပီး စြမ္းအင္ေထာက္ပံ့ပါတယ္။ အင္ဇိုင္းအမ်ိဳးအစား ၃၀၀ ေလာက္နဲ႔ ဗိုက္တာမင္ B1 ရဲ႕ လုပ္ငန္းမွာလည္း အက်ိဳးေဆာင္ပါေသးတယ္။ဆဲလ္ထဲက စြမ္းအင္ထုတ္ေပးတဲ့ mitochondria လုပ္ငန္းမွာ magnesium ပါပါတယ္။ ဆီးခ်ိဳ အမွတ္ ၂ မျဖစ္ေအာင္ ကာကြယ္ေပးတယ္။ ေသြးတိုးက်ေစတယ္။ ဆဲလ္တြင္း glutathione ျမင့္တက္ေစၿပီး ကိုယ္တြင္းသန္႔စင္ေစတယ္။ ႂကြက္သား ႏွင့္ အာ႐ုံေၾကာအတြက္ေကာင္းတယ္။ ႂကြက္တက္တာ သက္သာေစတယ္။ ႂကြက္သားႀကီးထြားဖို႔ magnesium အမ်ားႀကီးလိုပါတယ္။ ကိုယ္တြင္း serotonin ထုတ္လုပ္မႈမ်ားေစၿပီး စိတ္ဖိစီးမႈသက္သာေစတယ္။ ေခါင္းတစ္ျခမ္း ကိုက္တာ သက္သာေစတယ္။ အိပ္ေပ်ာ္ေစတယ္။ 

ကြန္ျပဴတာ၊TV၊ဖုန္း၊wi-fi လႊင့္စက္၊bluetooth နားၾကပ္၊နဲ႔ microwave ကထြက္တဲ့ လွိဳင္းေတြက လူေတြရဲ႕ ဆဲလ္မ်က္ႏွာျပင္မွာရွိတဲ့ ကယ္ဆီယမ္ဝင္မည့္ တံခါးေတြ(voltage gated calcium channels )ကိုဖြင့္ေပးလိုက္တဲ့အခါ ဆဲလ္တြင္း ကယ္ဆီယမ္ပမာဏ မ်ားသြားေစၿပီး လိုတာထက္ပိုၿပီး ဝင္လာတဲ့ ကယ္ဆီယမ္က ဆဲလ္ေတြရဲ႕ ပုံမွန္အလုပ္ေတြကို အေႏွာက္အယွက္ေပးပါတယ္။ဒါေၾကာင့္ ဖုန္းသုံးမ်ားတဲ့သူဟာ ကယ္ဆီယမ္ တံခါးေတြအေျမာက္အျမားရွိတဲ့ ကိုယ္ခႏၶာအစိတ္အပိုင္းေတြမွာ ေရာဂါရလာၿပီး စိတ္က်ေရာဂါ၊ညဘက္အိပ္မေပ်ာ္ျခင္း၊ေအဇိုင္းမား၊၊ဦးေႏွာက္ကင္ဆာ၊ ေသြးတိုးေရာဂါ၊ႏွလုံးခုန္မမွန္ျခင္း၊ႏွလုံးေရာဂါ။ မ်ိဳးမေအာင္ျခင္း၊ေဝွးေစ့ကင္ဆာ။ အျခားကင္ဆာေရာဂါ ျဖစ္လာၾကပါတယ္။ ကယ္ဆီယမ္တံခါးေတြ အရမ္းဖြင့္မသြားေအာင္ ကယ္ဆီယမ္ကို ထိန္းေပးတာ magnesium ပါ။

Magnesium အေၾကာင္းေျပာမယ္ဆိုလွ်င္ calcium , vitamin K2 နဲ႔ vitamin D ကို ခ်န္ထားလို႔မရပါ။ Vitamin D က ကိုယ္တြင္း calcium ျမင့္လာေစတယ္။ Calcium မ်ားတာက လူအတြက္မေကာင္းပါ။ ဒါေၾကာင့္ ဆရာဝန္အမ်ားစုက Vitamin D ကို supplement အေနနဲ႔ ေပးရမွာ သိပ္ေၾကာက္တယ္။

၂၀၀၂ ခုႏွစ္ ဧၿပီမွာ  calcium ႏွင့္  ပတ္သတ္တဲ့ စာတမ္းတစ္ခုကို British Medical Journal ထုတ္ျပန္ခဲ့ပါတယ္။အေတာ္ေလးလည္း ပြဲဆူသြားပါသည္။ဧၿပီမွာထုတ္ျပန္တဲ့ စာတမ္းသည္ ပထမဆုံးထုတ္ျပန္ခ်က္မဟုတ္ပဲ တတိယအႀကိမ္ထုတ္ျပန္တာပါ။ ေလ့လာမႈ အဆိုအရ အ႐ိုးပါးကာကြယ္ဖို႔ calcium ပါတဲ့ေဆးေသာက္ေနတဲ့သူေတြမွာ မေသာက္တဲ့သူထက္ အ႐ိုးပါးကာကြယ္ႏိုင္တဲ့ပမာဏဟာ အေတာ္နည္းေပမယ့္၊ႏွလုံးေရာဂါရႏိုင္ေခ်၊ေလျဖတ္ႏိုင္ေခ်ရာႏႈန္း ပိုျမင့္လာပါသည္။ 

ဒါဆို ကယ္ဆီယမ္ မေသာက္သင့္ဘူးလား။အ႐ိုးပါးျခင္းေၾကာင့္ ရလာတဲ့ ေနာက္ဆက္တြဲ အ႐ိုးက်ိဳးျခင္းသည္ အေတာ္ဆိုးတဲ့အေျခအေနျဖစ္ၿပီး အိပ္ယာထဲမွာ နာတာရွည္ျဖစ္သြားႏိုင္ပါတယ္။ကယ္ဆီယမ္ေသာက္ရင္လည္း ေသြးေၾကာပိတ္ႏိုင္ၿပီး ေလျဖတ္ေရာဂါ ႏွင့္ ႏွလုံးေရာဂါေတြရႏိုင္ပါတယ္။တကယ္လိုတဲ့ အ႐ိုးထဲမွာ ကယ္ဆီယမ္နည္းေနၿပီး ကယ္ဆီယမ္မ်ားဖို႔မလိုတဲ့ေနရာျဖစ္တဲ့ အ႐ိုးျပင္ပေသြးေၾကာအတြင္း ကယ္ဆီယမ္စုပုံေနျခင္းကို ကယ္ဆီယမ္ဝိေရာဓိ(calcium paradox )လို႔ေခၚပါတယ္။သည္လိုအေျခအေနမွာ အေမးသင့္ဆုံးက အ႐ိုးထဲ ကယ္ဆီယမ္ဘယ္လိုပို႔မလဲ။

အေျဖက Vitamin K 2 ပါ။အ႐ိုးကို ကားနဲ႔တင္စားရင္ ေလာင္စာနဲ႔တူတဲ့ ကယ္ဆီယမ္ကို ကားထဲထည့္ဖို႔  ဗိုက္တာမင္ K2 ကို ပန္႔အေနနဲ႔ သုံးလို႔ရပါတယ္။vitamin K2 ဟာ အ႐ိုးသန္မာဖို႔ နဲ႔ ေသြးေၾကာမာေၾကာမႈကို ကာကြယ္ဖို႔ အေျဖပါ။ Vitamin D, K2 , calcium ႏွင့္ magnesium ေပါင္းေပးလိုက္တဲ့အခါ အ႐ိုးပြတာ အေတာ္သက္သာသြားပါတယ္။ Vitamin D ရဲ႕ အဆိပ္သင့္မႈကို လည္းသက္သာသြားေစပါတယ္။

Magnesium က chlorophyll လို႔ေခၚတဲ့ စိမ္းေရာင္ျခယ္ရဲ႕ အလယ္မွာရွိပါတယ္။ ကိုက္လန္၊ ဟင္းႏုႏြယ္၊ ေထာပတ္သီး၊ ဘယ္ရီသီး၊ အခြံမာသီး၊ ပန္းစိမ္း၊ ေဂၚဖီထုပ္၊ ကၫြတ္၊ေဆာ္မြန္ငါး၊တူနာငါး ႏွင့္ Chlorella powder ေတြမွာပါပါတယ္။

တစ္ေန႔ magnesium ပမာဏ 400 mg ေလာက္လိုပါတယ္။ တစ္ခ်ိဳ႕ ပညာရွင္ေတြက 600 -900 mg ေလာက္လိုတယ္ေျပာပါတယ္။ အရမ္းနည္းေနလွ်င္ 1000 – 2000 mg ေလာက္ေသာက္ဖို႔ေျပာပါတယ္။ Calcium ႏွင့္ magnesium အခ်ိဳးက ၁:၁ ျဖစ္ရပါမည္။ အားကစားသမားေတြဆို Calcium ႏွင့္ magnesium အခ်ိဳးက ၁:၂ ျဖစ္ရမည္။ သူတို႔က magnesium ပိုလိုပါတယ္။

Supplements ဝယ္ေသာက္ေနသူေတြကို ၫႊန္းရမည္ဆို

  • Magnesium glycinate က magnesium  ပမာဏ အမ်ားႀကီး စုပ္ယူႏိုင္ေအာင္လုပ္ေပးပါတယ္။အရမ္းနည္းေနသူအတြက္ အဆင္ေျပပါတယ္။ ေနာက္ collagen ေထာက္ပံ့လို႔ အ႐ိုးအဆစ္အတြက္ေကာင္းတယ္။
  • Magnesium Oxide က စုပ္ယူဖို႔သိပ္မလြယ္ပါဘူး။ ဝမ္းေပ်ာ့ေဆး အေနနဲ႔သုံးပါတယ္။
  • Magnesium chloride / Magnesium lactate မွာ magnesium ၁၂% ပဲပါပါတယ္။ Magnesium Oxide  ထက္ပိုေကာင္းပါတယ္။
  • Magnesium sulfate / Magnesium hydroxide (milk of magnesia) ကို MOM ေခၚပါတယ္။ ဝမ္းေပ်ာ့ေဆးပါ။ ဆိုးက်ိဳးမ်ားလို႔ ဆရာဝန္ မၫႊန္းလွ်င္ ကိုယ္သေဘာနဲ႔ကိုယ္ မေသာက္သင့္ပါ။
  • Magnesium carbonate, မွာ magnesium ၄၅% ပါပါတယ္။ antacid အေနနဲ႔သုံးပါတယ္။
  • Magnesium taurate က magnesium နဲ႔ အမိုင္ႏိုအက္ဆစ္ taurine ေပါင္းထားတာပါ။စိတ္ၿငိမ္ေစၿပီး အေၾကာေပ်ာ့ေစပါတယ္။
  • Magnesium Citrate က magnesium နဲ႔ citric acid ေပါင္းထားတာပါ။ ဝမ္းမွန္ဖို႔ အတြက္ေကာင္းပါတယ္။
  • Magnesium threonate က အသစ္ထြက္ထားတာပါ။  mitochondria ထိအက်ိဳးျပဳလို႔ အေတာ္ေကာင္းပါတယ္။ ေစ်းလည္းႀကီးပါတယ္။
  • magnesium malate  က malic acid  နဲ႔ေပါင္းထားၿပီး စြမ္းအင္ခ်က္ခ်င္းေထာက္ပံ့လို႔ သူလည္းလူသုံးမ်ားပါတယ္။

ကၽြန္ေတာ္ေသာက္ေနတာက Magnesium threonate ပါ။ 480 mg ေသာက္ပါတယ္။ တစ္ခါေသာက္ 160 mg တစ္ေန႔သုံးႀကိမ္ေသာက္ပါတယ္။

Dr. PHYO MAUNG 

#%#%#%#%#%#%#%#%#%#%#%#%#%#

unicode

The Magnesium Miracle စာအုပ်ကိုရေးတာ Dr. Dean ပါ။ အတော်ကောင်းတဲ့ စာအုပ်ပါ။ စာအုပ်မဝယ်ပဲ magnesium အကြောင်းကောင်းကောင်းသိချင်လျှင် Dr. Dean’s website, DrCarolynDean.com, မှာလေ့လာလို့ရပါတယ်။ Dr.Dean ရဲ့ facebook လည်းရှိပါတယ်။ 

ကိုယ်ခန္ဓာထဲက magnesium ကိုလျော့နည်းသွားစေတာ စိတ်ဖိစီးမှု နှင့် ဆေးတွေကြောင့်လို့ Dr. Dean, ပြောပါတယ်။ ကံမကောင်းတာက conventional medical approach  လို့ခေါ်တဲ့ ဆရာဝန်များရဲ့ကုသချက်က အခြေအနေကောင်းမွန်မလာဘဲ ပိုဆိုးသွားစေတယ်လို့ Dr. Dean ကဆက်ပြောပါတယ်။

ရှင်းပြတာလေးကို မှတ်မိသလောက်ပြန်ရေးပေးပါ့မည်။

” စိတ်ဖိစီးမှု အတော်ပြင်းထန်တဲ့အခါ ကိုယ်ထဲက adrenal glands ပို အလုပ်လုပ်ရတာကြောင့် ကိုယ်ထဲက magnesium တွေကုန်သွားပါတယ်။ Magnesium ကို ပြန်မဖြည့်ထားဘူးဆိုလျှင် သွေးကြောတွေကျုံ့လာပြီး သွေးတိုးလာပါတယ်။ ဒါဆိုဆရာဝန်က ဆီးဆေးပေးပြီး သွေးတိုးကျစေတယ်။ ဒါဆို magnesium တွေ ပိုနည်းသွားပြီး သွေးတိုးတာ ပိုဆိုးကုန်ပါတယ်။  ဒါကြောင့် ဆရာဝန်က CCB လို့ခေါ်တဲ့ သွေးကြောထဲ ကယ်ဆီယမ် ဝင်တာကို တားတဲ့ဆေးထပ်ပေးလိုက်တဲ့အခါ ဆေးရဲ့ဆိုးကျိုးကို ပိုခံရတာ လူနာတွေပါ။

Magnesium လျော့နည်းခြင်းက ကိုလက်စထရောရဲ့ ဇီဝလုပ်ငန်းတွေ နှောက်ယှက်လိုက်ပြီး ကိုလက်စထရော မြင့်တက်သွားစေပါတယ်။ ကိုလက်စထရော မြင့်လာလျှင် statins တွေကို ဆရာဝန်တွေက ညွှန်းတော့တာပဲ။ ”

ဒီဖြစ်စဉ်က ကျွန်တော်တို့ တွေ့နေကြပါ။ ဒါပေမယ့် ဒါဟာ magnesium ကြောင့်လို့ မြင်တဲ့သူရှားပါတယ်။ မသိတာကြောင့် ပိုဆိုးတဲ့ လမ်းကို လျှောက်ကြတာပါ။ သိသွားလျှင် အခြေအနေမဆိုးခင် ပြန်ပြင်နိုင်အောင် magnesium အကြောင်းရေးပေးလိုက်ပါတယ်။

Magnesium က adenosine triphosphate (ATP), ကိုဖန်တီးပြီး စွမ်းအင်ထောက်ပံ့ပါတယ်။ အင်ဇိုင်းအမျိုးအစား ၃၀၀ လောက်နဲ့ ဗိုက်တာမင် B1 ရဲ့ လုပ်ငန်းမှာလည်း အကျိုးဆောင်ပါသေးတယ်။ဆဲလ်ထဲက စွမ်းအင်ထုတ်ပေးတဲ့ mitochondria လုပ်ငန်းမှာ magnesium ပါပါတယ်။ ဆီးချို အမှတ် ၂ မဖြစ်အောင် ကာကွယ်ပေးတယ်။ သွေးတိုးကျစေတယ်။ ဆဲလ်တွင်း glutathione မြင့်တက်စေပြီး ကိုယ်တွင်းသန့်စင်စေတယ်။ ကြွက်သား နှင့် အာရုံကြောအတွက်ကောင်းတယ်။ ကြွက်တက်တာ သက်သာစေတယ်။ ကြွက်သားကြီးထွားဖို့ magnesium အများကြီးလိုပါတယ်။ ကိုယ်တွင်း serotonin ထုတ်လုပ်မှုများစေပြီး စိတ်ဖိစီးမှုသက်သာစေတယ်။ ခေါင်းတစ်ခြမ်း ကိုက်တာ သက်သာစေတယ်။ အိပ်ပျော်စေတယ်။ 

ကွန်ပြူတာ၊TV၊ဖုန်း၊wi-fi လွှင့်စက်၊bluetooth နားကြပ်၊နဲ့ microwave ကထွက်တဲ့ လှိုင်းတွေက လူတွေရဲ့ ဆဲလ်မျက်နှာပြင်မှာရှိတဲ့ ကယ်ဆီယမ်ဝင်မည့် တံခါးတွေ(voltage gated calcium channels )ကိုဖွင့်ပေးလိုက်တဲ့အခါ ဆဲလ်တွင်း ကယ်ဆီယမ်ပမာဏ များသွားစေပြီး လိုတာထက်ပိုပြီး ဝင်လာတဲ့ ကယ်ဆီယမ်က ဆဲလ်တွေရဲ့ ပုံမှန်အလုပ်တွေကို အနှောက်အယှက်ပေးပါတယ်။ဒါကြောင့် ဖုန်းသုံးများတဲ့သူဟာ ကယ်ဆီယမ် တံခါးတွေအမြောက်အမြားရှိတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေမှာ ရောဂါရလာပြီး စိတ်ကျရောဂါ၊ညဘက်အိပ်မပျော်ခြင်း၊အေဇိုင်းမား၊၊ဦးနှောက်ကင်ဆာ၊ သွေးတိုးရောဂါ၊နှလုံးခုန်မမှန်ခြင်း၊နှလုံးရောဂါ။ မျိုးမအောင်ခြင်း၊ဝှေးစေ့ကင်ဆာ။ အခြားကင်ဆာရောဂါ ဖြစ်လာကြပါတယ်။ ကယ်ဆီယမ်တံခါးတွေ အရမ်းဖွင့်မသွားအောင် ကယ်ဆီယမ်ကို ထိန်းပေးတာ magnesium ပါ။

Magnesium အကြောင်းပြောမယ်ဆိုလျှင် calcium , vitamin K2 နဲ့ vitamin D ကို ချန်ထားလို့မရပါ။ Vitamin D က ကိုယ်တွင်း calcium မြင့်လာစေတယ်။ Calcium များတာက လူအတွက်မကောင်းပါ။ ဒါကြောင့် ဆရာဝန်အများစုက Vitamin D ကို supplement အနေနဲ့ ပေးရမှာ သိပ်ကြောက်တယ်။

၂၀၀၂ ခုနှစ် ဧပြီမှာ  calcium နှင့်  ပတ်သတ်တဲ့ စာတမ်းတစ်ခုကို British Medical Journal ထုတ်ပြန်ခဲ့ပါတယ်။အတော်လေးလည်း ပွဲဆူသွားပါသည်။ဧပြီမှာထုတ်ပြန်တဲ့ စာတမ်းသည် ပထမဆုံးထုတ်ပြန်ချက်မဟုတ်ပဲ တတိယအကြိမ်ထုတ်ပြန်တာပါ။ လေ့လာမှု အဆိုအရ အရိုးပါးကာကွယ်ဖို့ calcium ပါတဲ့ဆေးသောက်နေတဲ့သူတွေမှာ မသောက်တဲ့သူထက် အရိုးပါးကာကွယ်နိုင်တဲ့ပမာဏဟာ အတော်နည်းပေမယ့်၊နှလုံးရောဂါရနိုင်ချေ၊လေဖြတ်နိုင်ချေရာနှုန်း ပိုမြင့်လာပါသည်။ 

ဒါဆို ကယ်ဆီယမ် မသောက်သင့်ဘူးလား။အရိုးပါးခြင်းကြောင့် ရလာတဲ့ နောက်ဆက်တွဲ အရိုးကျိုးခြင်းသည် အတော်ဆိုးတဲ့အခြေအနေဖြစ်ပြီး အိပ်ယာထဲမှာ နာတာရှည်ဖြစ်သွားနိုင်ပါတယ်။ကယ်ဆီယမ်သောက်ရင်လည်း သွေးကြောပိတ်နိုင်ပြီး လေဖြတ်ရောဂါ နှင့် နှလုံးရောဂါတွေရနိုင်ပါတယ်။တကယ်လိုတဲ့ အရိုးထဲမှာ ကယ်ဆီယမ်နည်းနေပြီး ကယ်ဆီယမ်များဖို့မလိုတဲ့နေရာဖြစ်တဲ့ အရိုးပြင်ပသွေးကြောအတွင်း ကယ်ဆီယမ်စုပုံနေခြင်းကို ကယ်ဆီယမ်ဝိရောဓိ(calcium paradox )လို့ခေါ်ပါတယ်။သည်လိုအခြေအနေမှာ အမေးသင့်ဆုံးက အရိုးထဲ ကယ်ဆီယမ်ဘယ်လိုပို့မလဲ။

အဖြေက Vitamin K 2 ပါ။အရိုးကို ကားနဲ့တင်စားရင် လောင်စာနဲ့တူတဲ့ ကယ်ဆီယမ်ကို ကားထဲထည့်ဖို့  ဗိုက်တာမင် K2 ကို ပန့်အနေနဲ့ သုံးလို့ရပါတယ်။vitamin K2 ဟာ အရိုးသန်မာဖို့ နဲ့ သွေးကြောမာကြောမှုကို ကာကွယ်ဖို့ အဖြေပါ။ Vitamin D, K2 , calcium နှင့် magnesium ပေါင်းပေးလိုက်တဲ့အခါ အရိုးပွတာ အတော်သက်သာသွားပါတယ်။ Vitamin D ရဲ့ အဆိပ်သင့်မှုကို လည်းသက်သာသွားစေပါတယ်။

Magnesium က chlorophyll လို့ခေါ်တဲ့ စိမ်းရောင်ခြယ်ရဲ့ အလယ်မှာရှိပါတယ်။ ကိုက်လန်၊ ဟင်းနုနွယ်၊ ထောပတ်သီး၊ ဘယ်ရီသီး၊ အခွံမာသီး၊ ပန်းစိမ်း၊ ဂေါ်ဖီထုပ်၊ ကညွတ်၊ဆော်မွန်ငါး၊တူနာငါး နှင့် Chlorella powder တွေမှာပါပါတယ်။

တစ်နေ့ magnesium ပမာဏ 400 mg လောက်လိုပါတယ်။ တစ်ချို့ ပညာရှင်တွေက 600 -900 mg လောက်လိုတယ်ပြောပါတယ်။ အရမ်းနည်းနေလျှင် 1000 – 2000 mg လောက်သောက်ဖို့ပြောပါတယ်။ Calcium နှင့် magnesium အချိုးက ၁:၁ ဖြစ်ရပါမည်။ အားကစားသမားတွေဆို Calcium နှင့် magnesium အချိုးက ၁:၂ ဖြစ်ရမည်။ သူတို့က magnesium ပိုလိုပါတယ်။

Supplements ဝယ်သောက်နေသူတွေကို ညွှန်းရမည်ဆို

* Magnesium glycinate က magnesium  ပမာဏ အများကြီး စုပ်ယူနိုင်အောင်လုပ်ပေးပါတယ်။အရမ်းနည်းနေသူအတွက် အဆင်ပြေပါတယ်။ နောက် collagen ထောက်ပံ့လို့ အရိုးအဆစ်အတွက်ကောင်းတယ်။

* Magnesium Oxide က စုပ်ယူဖို့သိပ်မလွယ်ပါဘူး။ ဝမ်းပျော့ဆေး အနေနဲ့သုံးပါတယ်။

* Magnesium chloride / Magnesium lactate မှာ magnesium ၁၂% ပဲပါပါတယ်။ Magnesium Oxide  ထက်ပိုကောင်းပါတယ်။

* Magnesium sulfate / Magnesium hydroxide (milk of magnesia) ကို MOM ခေါ်ပါတယ်။ ဝမ်းပျော့ဆေးပါ။ ဆိုးကျိုးများလို့ ဆရာဝန် မညွှန်းလျှင် ကိုယ်သဘောနဲ့ကိုယ် မသောက်သင့်ပါ။

* Magnesium carbonate, မှာ magnesium ၄၅% ပါပါတယ်။ antacid အနေနဲ့သုံးပါတယ်။

* Magnesium taurate က magnesium နဲ့ အမိုင်နိုအက်ဆစ် taurine ပေါင်းထားတာပါ။စိတ်ငြိမ်စေပြီး အကြောပျော့စေပါတယ်။

* Magnesium Citrate က magnesium နဲ့ citric acid ပေါင်းထားတာပါ။ ဝမ်းမှန်ဖို့ အတွက်ကောင်းပါတယ်။

* Magnesium threonate က အသစ်ထွက်ထားတာပါ။  mitochondria ထိအကျိုးပြုလို့ အတော်ကောင်းပါတယ်။ ဈေးလည်းကြီးပါတယ်။

* magnesium malate  က malic acid  နဲ့ပေါင်းထားပြီး စွမ်းအင်ချက်ချင်းထောက်ပံ့လို့ သူလည်းလူသုံးများပါတယ်။

ကျွန်တော်သောက်နေတာက Magnesium threonate ပါ။ 480 mg သောက်ပါတယ်။ တစ်ခါသောက် 160 mg တစ်နေ့သုံးကြိမ်သောက်ပါတယ်။

DR. PHYO MAUNG

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest