ေပါင္မုန္႔

Gluten ( ဂလူတန္ ) စားတာ မေကာင္းဘူးလို႔ စေျပာခဲ့တာ Dr. William Davis ႏွင့္ Dr. David Perlmutter ပါ။ဂလူတန္ထက္ဆိုးတာက WGA လို႔အတိုေျပာၾကတဲ့ wheat germ agglutinin အပင္ထြက္ပ႐ိုတိန္း တစ္မ်ိဳးပါ။ေပါင္မုန္႔ၾကမ္း ( whole wheat bread )မွာပါပါတယ္။WGA ကို ဖြဲႏုမွာလည္းေတြ႕ႏိုင္ပါတယ္။

Plant paradox ကိုဖတ္ေနရင္း ဒါေလးေတြ႕လိုက္လို႔ ေရးေပးလိုက္တာပါ။

WGA က အေတာ္ေသးတဲ့ ပ႐ိုတိန္းပါ။Lectin တို႔ထက္ပိုေသးပါတယ္။အူလမ္းေၾကာင္းေကာင္းလွ်င္ေတာင္ WGA က အူနံရံကိုေဖာက္ၿပီး ေသြးေၾကာထဲဝင္ႏိုင္ပါတယ္။

ေသြးထဲေရာက္တဲ့အခါ သူဇီဝလုပ္ငန္းေတြက

1. အင္ဆူလင္လို ျပဳမူၿပီး အဆီဆဲလ္ေတြထဲ သၾကားပို႔ေဆာင္ေပးပါတယ္။အဆီဆဲလ္ထဲမွာ သၾကားက အဆီအျဖစ္ေျပာင္းသြားၿပီး ဝလာတာေတြ၊ insulin resistance ေတြ ျဖစ္လာေစပါတယ္။

2. ႂကြက္သားအတြင္း သၾကားဝင္ေရာက္ျခင္းကို ရပ္တန္႔လိုက္ပါတယ္။ႂကြက္သား သန္စြမ္းဖို႔ ခက္ပါတယ္။

3. ပ႐ိုတိန္း ေျခဖ်က္တာကို ေႏွာက္ယွက္ေပးပါတယ္။

4. အူနံရံေတြကို ေရာင္ရမ္းေစပါတယ္။

5. အျခား ပ႐ိုတိန္းေတြနဲ႔ ဓာတ္ျပဳၿပီး ေအာ္တိုအင္ျမဴးေရာဂါေတြ ျဖစ္ေစပါတယ္။

6. ဦးေႏွာက္ထဲ ဝင္ေရာက္ႏိုင္လို႔ အာ႐ုံေၾကာဆိုင္ရာ ျပသနာေတြ ျဖစ္ေစပါတယ္။

7. ကင္ဆာ ဆဲလ္သာမက ပုံမွန္ဆဲလ္ေတြကို သတ္ပစ္ႏိုင္ပါတယ္။

8. DNA ပြားျခင္းကို ေႏွာက္ယွက္ေပးပါတယ္။

9. ေသြးေၾကာက်ဥ္းေစပါတယ္။

10. တုတ္ေကြး ႏွင့္ အျခား ဗိုင္းရပ္ပိုးမ်ား အူလမ္းေၾကာင္းကတစ္ဆင့္ ပိုမိုဝင္ေရာက္ေစပါတယ္။

11. ေက်ာက္ကပ္ေရာင္ရမ္းျခင္း ျဖစ္ေစပါတယ္။

ဒါေၾကာင့္ Gluten ေၾကာက္လို႔ ေပါင္မုန္႔မစားတာေကာင္းပါတယ္။ေပါင္မုန္႔စားလွ်င္ေတာင္ ေပါင္မုန္႔ျဖဴပဲစားပါ။whole-grain bread ေတြ၊ whole-grain products ေတြေရွာင္ပါ။

ေရွးလူႀကီးေတြ ဆန္ကို ျဖဴေအာင္ ဖြတ္စားခဲ့တာ အင္မတန္မွ ဉာဏ္ႀကီးခဲ့လို႔ Dr. Gundry က ေျပာခဲ့ပါတယ္။

Dr. PHYO MAUNG

#%#%#%#%#%#%#%#%#%#%#%#%

unicode

Gluten ( ဂလူတန် ) စားတာ မကောင်းဘူးလို့ စပြောခဲ့တာ Dr. William Davis နှင့် Dr. David Perlmutter ပါ။ဂလူတန်ထက်ဆိုးတာက WGA လို့အတိုပြောကြတဲ့ wheat germ agglutinin အပင်ထွက်ပရိုတိန်း တစ်မျိုးပါ။ပေါင်မုန့်ကြမ်း ( whole wheat bread )မှာပါပါတယ်။WGA ကို ဖွဲနုမှာလည်းတွေ့နိုင်ပါတယ်။

Plant paradox ကိုဖတ်နေရင်း ဒါလေးတွေ့လိုက်လို့ ရေးပေးလိုက်တာပါ။

WGA က အတော်သေးတဲ့ ပရိုတိန်းပါ။Lectin တို့ထက်ပိုသေးပါတယ်။အူလမ်းကြောင်းကောင်းလျှင်တောင် WGA က အူနံရံကိုဖောက်ပြီး သွေးကြောထဲဝင်နိုင်ပါတယ်။

သွေးထဲရောက်တဲ့အခါ သူဇီဝလုပ်ငန်းတွေက

1. အင်ဆူလင်လို ပြုမူပြီး အဆီဆဲလ်တွေထဲ သကြားပို့ဆောင်ပေးပါတယ်။အဆီဆဲလ်ထဲမှာ သကြားက အဆီအဖြစ်ပြောင်းသွားပြီး ဝလာတာတွေ၊ insulin resistance တွေ ဖြစ်လာစေပါတယ်။

2. ကြွက်သားအတွင်း သကြားဝင်ရောက်ခြင်းကို ရပ်တန့်လိုက်ပါတယ်။ကြွက်သား သန်စွမ်းဖို့ ခက်ပါတယ်။

3. ပရိုတိန်း ခြေဖျက်တာကို နှောက်ယှက်ပေးပါတယ်။

4. အူနံရံတွေကို ရောင်ရမ်းစေပါတယ်။

5. အခြား ပရိုတိန်းတွေနဲ့ ဓာတ်ပြုပြီး အော်တိုအင်မြူးရောဂါတွေ ဖြစ်စေပါတယ်။

6. ဦးနှောက်ထဲ ဝင်ရောက်နိုင်လို့ အာရုံကြောဆိုင်ရာ ပြသနာတွေ ဖြစ်စေပါတယ်။

7. ကင်ဆာ ဆဲလ်သာမက ပုံမှန်ဆဲလ်တွေကို သတ်ပစ်နိုင်ပါတယ်။

8. DNA ပွားခြင်းကို နှောက်ယှက်ပေးပါတယ်။

9. သွေးကြောကျဉ်းစေပါတယ်။

10. တုတ်ကွေး နှင့် အခြား ဗိုင်းရပ်ပိုးများ အူလမ်းကြောင်းကတစ်ဆင့် ပိုမိုဝင်ရောက်စေပါတယ်။

11. ကျောက်ကပ်ရောင်ရမ်းခြင်း ဖြစ်စေပါတယ်။

ဒါကြောင့် Gluten ကြောက်လို့ ပေါင်မုန့်မစားတာကောင်းပါတယ်။ပေါင်မုန့်စားလျှင်တောင် ပေါင်မုန့်ဖြူပဲစားပါ။whole-grain bread တွေ၊ whole-grain products တွေရှောင်ပါ။

ရှေးလူကြီးတွေ ဆန်ကို ဖြူအောင် ဖွတ်စားခဲ့တာ အင်မတန်မှ ဉာဏ်ကြီးခဲ့လို့ Dr. Gundry က ပြောခဲ့ပါတယ်။

Dr. PHYO MAUNG

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest