ဗိုက္တာမင္ D မွတ္စု

Vitamin >> ဗိုက္တာမင္ ကို ျမန္မာလို သက္ေစာင့္ဓာတ္လို႔ ေခၚမည္ထင္ပါတယ္။

Vitamin D >> ဗိုက္တာမင္ ဒီ က အဆီမွာေပ်ာ္တဲ့ ဗိုက္တာမင္ပါ။ လူရဲ႕ အဆီဆဲလ္ေတြထဲမွာ သိုေလွာင္ထားႏိုင္ပါတယ္။ ကမ႓ာဦးရဲ႕ ေႏြဦးကာလ ေနေရာင္ေပါေပါမ်ားမ်ားရခ်ိန္မွာ အသီးေတြေပါၿပီး တိရစၧာန္မွန္သမွ် အဆီပိုေတြစုၾကသလို ေနေရာင္က ရတဲ့ ဗိုက္တာမင္ ဒီလည္း အဆီဆဲလ္ေတြမွာ သိုေလွာင္ထားၾကပါတယ္။ ေဆာင္းရာသီ အသီးရွားၿပီး ေနေရာင္ သိပ္မေပါတဲ့ ကာလမွာ သိုေလွာင္ထားတဲ့ အဆီ ႏွင့္ ဗိုက္တာမင္ ဒီ ေတြကို ျပန္သုံးၾကပါတယ္။

Supplements >> ဗိုက္တာမင္ ဒီ ျဖည့္စြက္စာေတြ အေနႏွင့္ D2 ,D3 , activated D ဆိုၿပီး ေရာင္းပါတယ္။

D2 >> ဗိုက္တာမင္ D2 ကို Ergocalciferol လို႔ေခၚပါတယ္။ အပင္ကရပါတယ္။ သူကို ဗိုက္တာမင္ ဒီ ေကာင္စီက မေသာက္ေစခ်င္တာက အပင္ထြက္ ဗိုက္တာမင္ျဖစ္တာေၾကာင့္ ကိုယ္ခႏၶာအတြက္ သိပ္အဆင္ေျပဘူးလို႔ ေရးပါတယ္။

D3>> ဗိုက္တာမင္ D3 ကို cholecalciferol လို႔ ေခၚပါတယ္။ တိရစၧာန္က ရပါတယ္။ အမ်ားစုေသာက္ေနတဲ့ supplements ပါ။

Activated D >> ေက်ာက္ကပ္ ပ်က္စီးေနသူေတြမွာ ေသြးတြင္း ကယ္လ္စီယမ္ပမာဏ ထိန္းဖို႔ activated Vitamin D ေသာက္ႏိုင္တယ္လို႔ John Cannell က ေရးပါတယ္။

25 ( OH ) vitamin D >> ဗိုက္တာမင္ ဒီကို အသည္းက 25 ( OH ) vitamin D အေနနဲ႔ ေျပာင္းေပးပါတယ္။ သူက prohormone ပါ။ ကိုယ္ခႏၶာမွာ သိုေလွာင္ထားႏိုင္ပါတယ္။ လိုအပ္တဲ့ အခ်ိန္မွာ activated vitamin D အျဖစ္ေျပာင္းၿပီး သုံးရပါတယ္။ ဒါေၾကာင့္ ကိုယ္ခႏၶာမွာ လုံေလာက္ေအာင္ ရွိရပါမည္။ ဗိုက္တာမင္ ဒီေကာင္စီကေတာ့ 25 (OH ) vitamin D ပမာဏ 40 -70 ng/ml ရွိသင့္တယ္လို႔ ယူဆပါတယ္။

1, 25 ( OH ) vitamin D >> 1, 25 ( OH ) vitamin D ကို calcitriol လို႔ေခၚပါတယ္ ။သူက activated vitamin D လည္း ျဖစ္ပါတယ္။ ေက်ာက္ကပ္မွာ ျဖစ္လာတဲ့ activated vitamin D က ေသြးတြင္း ကယ္လ္စီယမ္ ထိန္းသိမ္းဖို႔ လုပ္ပါတယ္။ ေက်ာက္ကပ္ ျပင္ပ တစ္ျခား ဆဲလ္ေတြမွာ ျဖစ္လာတဲ့ activated vitamin D က ကိုယ္ခံအားညွိယူျခင္း ႏွင့္ ကင္ဆာကာကြယ္ျခင္းလုပ္ပါတယ္။ ကိုယ္ခံအားညွိယူျခင္း ႏွင့္ ကင္ဆာကာကြယ္ျခင္းလုပ္ဖို႔ activated vitamin D ပမာဏ 40 ng/ml အထက္ရွိရမည္လို႔ John  Cannell က ေရးပါတယ္။

Function >> ဗိုက္တာမင္ ဒီ ကို အ႐ိုးက်န္းမာေရးအတြက္ သုံးတယ္ဆိုတာ သက္ေသျပၿပီးျဖစ္ပါတယ္။ ကိုယ္ခံအားေကာင္းေစတယ္၊ ကင္ဆာအတြက္ ေကာင္းတယ္ဆိုတာ သက္ေသျပဆဲပါ။ ေအာ္တိုအင္ျမဴးေရာဂါ ႏွင့္  ေအာ္တဇင္ အတြက္ ေကာင္းတယ္ဆိုတာ စာတမ္းအေနနဲ႔ပဲရွိပါေသးတယ္။

Toxicity >> ဗိုက္တာမင္ ဒီ 200 ng/ml ေက်ာ္လာလွ်င္ ဗိုက္တာမင္ ဒီ အဆိပ္သင့္ႏိုင္ပါတယ္။ အဆိပ္သင့္ လကၡဏာေတြက ပ်ိဳ႕အန္တာ၊ ဆီးခဏခဏသြားတာ၊ အ႐ိုးေတြနာတာေတြပါ။ Vitamin D ေသာက္ေနတာ ရပ္လိုက္ၿပီး ကယ္လ္ဆီယမ္ ပါတဲ့ အစာေတြ ေလ်ာ့စားလိုက္လွ်င္ ရက္ ၄၀ ေလာက္ဆို ပုံမွန္ျပန္ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ကလည္း vitamin K ႏွင့္ magnesium supplement ေသာက္ခိုင္းပါတယ္။

Labs >> ဓာတ္ခြဲခန္းမွာ အမ်ားဆုံးစစ္တာ 25 ( OH ) vitamin D ပါ။ တစ္ခ်ိဳ႕ကလည္း 25 ( OH ) vitamin D သာမက 1, 25 ( OH ) vitamin D ပါထည့္စစ္ခိုင္းပါတယ္။ 1, 25 ( OH ) vitamin D စစ္တာကေစ်းႀကီးပါတယ္။ 25 ( OH ) vitamin D ကိုပဲ ဗိုက္တာမင္ ဒီ ေကာင္စီက စစ္ေစခ်င္တယ္။

nmol/ L & ng/ml >> ဓါတ္ခြဲခန္းက အေျဖကို nmol/l နဲ႔ အမ်ားဆုံးေဖာ္ျပပါတယ္။ nmol/l ကို ၀.၄ ႏွင့္ ေျမႇာက္လွ်င္ ng/ml ရပါမည္။ ng/ml ကို ၂.၅ ႏွင့္ ေျမႇာက္လွ်င္ nmol/l ရပါမည္။

Dr. PHYO MAUNG

#%#%#%#%#%#%#%#%#%#%#%#%

unicode

Vitamin >> ဗိုက်တာမင် ကို မြန်မာလို သက်စောင့်ဓာတ်လို့ ခေါ်မည်ထင်ပါတယ်။

Vitamin D >> ဗိုက်တာမင် ဒီ က အဆီမှာပျော်တဲ့ ဗိုက်တာမင်ပါ။ လူရဲ့ အဆီဆဲလ်တွေထဲမှာ သိုလှောင်ထားနိုင်ပါတယ်။ ကမ္ဘာဦးရဲ့ နွေဦးကာလ နေရောင်ပေါပေါများများရချိန်မှာ အသီးတွေပေါပြီး တိရစ္ဆာန်မှန်သမျှ အဆီပိုတွေစုကြသလို နေရောင်က ရတဲ့ ဗိုက်တာမင် ဒီလည်း အဆီဆဲလ်တွေမှာ သိုလှောင်ထားကြပါတယ်။ ဆောင်းရာသီ အသီးရှားပြီး နေရောင် သိပ်မပေါတဲ့ ကာလမှာ သိုလှောင်ထားတဲ့ အဆီ နှင့် ဗိုက်တာမင် ဒီ တွေကို ပြန်သုံးကြပါတယ်။

Supplements >> ဗိုက်တာမင် ဒီ ဖြည့်စွက်စာတွေ အနေနှင့် D2 ,D3 , activated D ဆိုပြီး ရောင်းပါတယ်။

D2 >> ဗိုက်တာမင် D2 ကို Ergocalciferol လို့ခေါ်ပါတယ်။ အပင်ကရပါတယ်။ သူကို ဗိုက်တာမင် ဒီ ကောင်စီက မသောက်စေချင်တာက အပင်ထွက် ဗိုက်တာမင်ဖြစ်တာကြောင့် ကိုယ်ခန္ဓာအတွက် သိပ်အဆင်ပြေဘူးလို့ ရေးပါတယ်။

D3>> ဗိုက်တာမင် D3 ကို cholecalciferol လို့ ခေါ်ပါတယ်။ တိရစ္ဆာန်က ရပါတယ်။ အများစုသောက်နေတဲ့ supplements ပါ။

Activated D >> ကျောက်ကပ် ပျက်စီးနေသူတွေမှာ သွေးတွင်း ကယ်လ်စီယမ်ပမာဏ ထိန်းဖို့ activated Vitamin D သောက်နိုင်တယ်လို့ John Cannell က ရေးပါတယ်။

25 ( OH ) vitamin D >> ဗိုက်တာမင် ဒီကို အသည်းက 25 ( OH ) vitamin D အနေနဲ့ ပြောင်းပေးပါတယ်။ သူက prohormone ပါ။ ကိုယ်ခန္ဓာမှာ သိုလှောင်ထားနိုင်ပါတယ်။ လိုအပ်တဲ့ အချိန်မှာ activated vitamin D အဖြစ်ပြောင်းပြီး သုံးရပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာမှာ လုံလောက်အောင် ရှိရပါမည်။ ဗိုက်တာမင် ဒီကောင်စီကတော့ 25 (OH ) vitamin D ပမာဏ 40 -70 ng/ml ရှိသင့်တယ်လို့ ယူဆပါတယ်။

1, 25 ( OH ) vitamin D >> 1, 25 ( OH ) vitamin D ကို calcitriol လို့ခေါ်ပါတယ် ။သူက activated vitamin D လည်း ဖြစ်ပါတယ်။ ကျောက်ကပ်မှာ ဖြစ်လာတဲ့ activated vitamin D က သွေးတွင်း ကယ်လ်စီယမ် ထိန်းသိမ်းဖို့ လုပ်ပါတယ်။ ကျောက်ကပ် ပြင်ပ တစ်ခြား ဆဲလ်တွေမှာ ဖြစ်လာတဲ့ activated vitamin D က ကိုယ်ခံအားညှိယူခြင်း နှင့် ကင်ဆာကာကွယ်ခြင်းလုပ်ပါတယ်။ ကိုယ်ခံအားညှိယူခြင်း နှင့် ကင်ဆာကာကွယ်ခြင်းလုပ်ဖို့ activated vitamin D ပမာဏ 40 ng/ml အထက်ရှိရမည်လို့ John  Cannell က ရေးပါတယ်။

Function >> ဗိုက်တာမင် ဒီ ကို အရိုးကျန်းမာရေးအတွက် သုံးတယ်ဆိုတာ သက်သေပြပြီးဖြစ်ပါတယ်။ ကိုယ်ခံအားကောင်းစေတယ်၊ ကင်ဆာအတွက် ကောင်းတယ်ဆိုတာ သက်သေပြဆဲပါ။ အော်တိုအင်မြူးရောဂါ နှင့်  အော်တဇင် အတွက် ကောင်းတယ်ဆိုတာ စာတမ်းအနေနဲ့ပဲရှိပါသေးတယ်။

Toxicity >> ဗိုက်တာမင် ဒီ 200 ng/ml ကျော်လာလျှင် ဗိုက်တာမင် ဒီ အဆိပ်သင့်နိုင်ပါတယ်။ အဆိပ်သင့် လက္ခဏာတွေက ပျို့အန်တာ၊ ဆီးခဏခဏသွားတာ၊ အရိုးတွေနာတာတွေပါ။ Vitamin D သောက်နေတာ ရပ်လိုက်ပြီး ကယ်လ်ဆီယမ် ပါတဲ့ အစာတွေ လျော့စားလိုက်လျှင် ရက် ၄၀ လောက်ဆို ပုံမှန်ပြန်ဖြစ်ပါတယ်။ တစ်ချို့ကလည်း vitamin K နှင့် magnesium supplement သောက်ခိုင်းပါတယ်။

Labs >> ဓာတ်ခွဲခန်းမှာ အများဆုံးစစ်တာ 25 ( OH ) vitamin D ပါ။ တစ်ချို့ကလည်း 25 ( OH ) vitamin D သာမက 1, 25 ( OH ) vitamin D ပါထည့်စစ်ခိုင်းပါတယ်။ 1, 25 ( OH ) vitamin D စစ်တာကဈေးကြီးပါတယ်။ 25 ( OH ) vitamin D ကိုပဲ ဗိုက်တာမင် ဒီ ကောင်စီက စစ်စေချင်တယ်။

nmol/ L & ng/ml >> ဓါတ်ခွဲခန်းက အဖြေကို nmol/l နဲ့ အများဆုံးဖော်ပြပါတယ်။ nmol/l ကို ဝ.၄ နှင့် မြှောက်လျှင် ng/ml ရပါမည်။ ng/ml ကို ၂.၅ နှင့် မြှောက်လျှင် nmol/l ရပါမည်။

Dr. PHYO MAUNG

References

Athlete’s Edge: Faster, Quicker, Stronger with Vitamin D by MD John Cannell 

https://www.vitamindcouncil.org/understanding-vitamin-d-analogue-studies/

https://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/expert-answers/vitamin-d-toxicity/faq-20058108

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest