Small Intestinal Bacterial Overgrowth (SIBO)

မနက္အိပ္ရာထခ်ိန္မွာ ဗိုက္ခ်ပ္ေနေပမယ့္ ညအိပ္ယာဝင္ခ်ိန္မွာ ကိုယ္ဝန္ေဆာင္ဗိုက္ႏွင့္တူတဲ့ ကၽြန္ေတာ့္အျဖစ္ကို ကၽြန္ေတာ္မုန္းခဲ့ဖူးပါတယ္။
ဒီလို ဗိုက္ပူလာတာ အစားအမ်ားႀကီးစားတာေၾကာင့္ ျဖစ္တယ္လို႔ထင္ေကာင္း ထင္ခဲ့ဖူးပါတယ္။ အမွန္တကယ္ေတာ့ ဒီလိုျဖစ္ေနတာ ပုံမွန္မဟုတ္ပါ။ စားတဲ့ အစာႏွင့္ မတည့္တာေၾကာင့္ပဲျဖစ္ျဖစ္၊ အူလမ္းေၾကာင္းထဲ ပိုးဝင္ျခင္း ( SIBO )ေၾကာင့္ပဲျဖစ္ျဖစ္ အူလမ္းေၾကာင္းေရာင္ရမ္းေနလို႔ ဒီလိုမ်ိဳးၾကဳံတာပါ။

SIBO ဆိုတာဘာလဲ။

အူလမ္းေၾကာင္းမွာ ေနထိုင္တဲ့ ဘက္တီးရီယားပိုးေတြ မွ်ေျခပ်က္သြားတဲ့အခါ ေရာဂါျဖစ္ေစေသာ ပိုးေတြအဆမတန္ပြားလာတတ္ပါတယ္။အူမႀကီးမွာ ေနထိုင္တဲ့ ပိုးေတြ အူလမ္းေၾကာင္းရဲ႕ အေရွ႕ပိုင္းကိုေရာက္လာတဲ့အခါ တစ္ခ်ိဳ႕ပိုးေတြက အသင့္စားအစားအစာေတြမွာပါတဲ့ သၾကားကိုႏွစ္သက္စြာစားသုံးၿပီး ေလပြျခင္း ႏွင့္ ရင္ျပည့္ျခင္းကို ျဖစ္ေစပါတယ္။ တစ္ခ်ိဳ႕ပိုးမ်ားက ကိုယ္ခႏၶာက မသုံးခင္ bile salt ကို ေခ်ဖ်က္လိုက္တာေၾကာင့္ အဆီၿဖိဳခြဲျခင္း ႏွင့္ စုပ္ယူျခင္းကို ေကာင္းစြာ မလုပ္ျဖစ္ေတာ့ပါ။ ဒါဆို ဝမ္းသြားျခင္းႏွင့္ အဆီမွာ ေပ်ာ္ဝင္တဲ့ ဗိုက္တာမင္မ်ား ဆုံး႐ွဳံးခ်ိဳ႕တဲ့ျခင္းတို႔ ျဖစ္ႏိုင္ပါတယ္။ တစ္ခ်ိဳ႕ပိုးမ်ားက small intestine လို႔ေခၚတဲ့ အူလမ္းေၾကာင္းအေရွ႕ပိုင္းကို ဒဏ္ရာျဖစ္ေစၿပီး အစာအဟာရ စုပ္ယူျခင္းကို တားဆီးပါတယ္။

ဒါေၾကာင့္ SIBO ရွိတဲ့ လူေတြမွာ (၁) ေလပြျခင္း (၂ ) ရင္ျပည့္ျခင္း ( ၃ )ဝမ္းသြားျခင္း ( ၄ ) ဗိုက္နာျခင္း ( ၅ ) ဝမ္းခ်ဳပ္ျခင္း ( ၆) IBS သို႔ IBD ျဖစ္ေပၚလာျခင္း ( ၇ ) ဂ်ဳံ၊ ႏို႔၊ သၾကားစသည္တို႔ကို အရင္ကအတိုင္း မစားႏိုင္ေတာ့ျခင္း ( ၈ ) ေအာ္တိုအင္ျမဴးေရာဂါမ်ား၊ ႂကြက္သားႏွင့္ အာ႐ုံေၾကာေရာဂါမ်ား၊ ဆီးခ်ိဳေရာဂါ၊ အစရွိတဲ့ေရာဂါမ်ား ျဖစ္လာျခင္း ( ၉ ) ဗိုက္တာမင္ B 12 ႏွင့္ အျခားေသာ ဗိုက္တာမင္မ်ား ခ်ိဳ႕တဲ့ျခင္း ( ၁၀ )အဆီေကာင္းစြာ မစုပ္ယူႏိုင္ျခင္းတို႔ ျဖစ္ပါတယ္။

ကၽြန္ေတာ္တို႔ အစာစားလိုက္တဲ့အခါ အင္ဇိုင္းက အစာေခ်ေပးၿပီး ႂကြက္သား ႏွင့္ အာ႐ုံေၾကာေတြက အစာကို အစာအိမ္မွ small intestine ေနာက္ အူမႀကီးသို ပို႔ေဆာင္ေပးရပါတယ္။ အာ႐ုံေၾကာ ထိခိုက္သြားလို႔ အူလမ္းေၾကာင္းလုပ္ရွားမႈ ေႏွးသြားတဲ့အခါ အစားအစာေတြ small intestine မွာ အခ်ိန္ၾကာသြားလို႔ SIBO ျဖစ္ႏိုင္ေခ်မ်ားပါတယ္။ ဆီးခ်ိဳ ေရာဂါသည္မ်ား ႏွင့္ အေရးျပားထူေလးဖက္နာ ေရာဂါသည္ေတြမွာလည္း SIBO ျဖစ္ၾကတယ္။ အူလမ္းေၾကာင္း ခြဲစိတ္ထားတဲ့ ေနရာမွာ ျဖစ္ေသာ အနာရြတ္မ်ား၊ ႏွင့္ Diverticulum လို အူနံရံမွာ အိတ္ပိုေလးေတြပါေနလွ်င္လည္း SIBO ျဖစ္ပါတယ္။ ပိုးသတ္ေဆးမ်ား၊ ေလေဆးမ်ား၊ ႏွင့္ စတီး႐ိုက္ ေတြကလည္း SIBO ျဖစ္ေစပါတယ္။

SIBO ကို ေပ်ာက္ေစႏိုင္တာက Xifaxan လို႔ေခၚတဲ့ traveler’s diarrhea, မွာသုံးတဲ့ ပိုးသတ္ေဆးပါ။ Xifaxan ကို ကိုယ္ခႏၶာက မစုပ္ယူႏိုင္ပဲ အူလမ္းေၾကာင္းမွာပဲ ရွိေနတာေၾကာင့္ SIBO အတြက္ အဆင္ေျပတယ္ေျပာပါတယ္။ ေစ်းႀကီးတယ္လို႔ ေျပာပါတယ္။ ပိုးသတ္ေဆး မေသာက္ခ်င္ဖူးဆို 4R program သုံးလို႔ရပါတယ္။

A. Remove

SIBO ျဖစ္ေစေသာ အရက္၊ ေကာ္ဖီ၊ ဂ်ဳံ၊ ႏို႔၊ အသင့္စားအစာမ်ား ႏွင့္ ေျပာင္းထြက္အစားအစာေတြကို ေရွာင္ပါ။ေရာဂါကုခ်ိန္မွာ လုံးဝျဖတ္ထားပါ။မျဖစ္ေအာင္လည္း ေလ်ာ့စားပါ။

B. Replace

အစားထိုးပါ။ေရာဂါေပ်ာက္ေစတဲ့အစာေတြစားပါ။

* အ႐ိုးျပဳတ္ရည္ မွာ ေကာ္လဂ်င္(collagen)နဲ႔ အမိုင္ႏိုအက္ဆစ္ေတြျဖစ္တဲ့ proline နဲ႔ glycine ပါပါတယ္။အူနံရံကို ကုသေပးတယ္။

* အခ်ဥ္ေဖာက္ထားတဲ့ ႏို႔ထြက္ပစၥည္း မွာ ပ႐ိုဘိုင္အိုတစ္ နဲ႔ short chain fatty acid ဆိုတဲ့ ဆိုတဲ့ အဆီတစ္မ်ိဳးေၾကာင့္ အူတြင္းအနာေတြ အက်က္ျမန္ပါတယ္။အဓိက အစာေတြက ကီဖာ,ဒိန္ခ်ဥ္တို႔ျဖစ္ပါတယ္။

* ခ်ဥ္ဖတ္မွာ ေအာ္ဂဲနစ္အက္စစ္တစ္မ်ိဳးပါၿပီး အူလမ္းေၾကာင္းက pH ကို ထိန္းညွိပါတယ္။ပ႐ိုအိုင္အိုတစ္လည္းပါလို႔ေကာင္းပါတယ္။ကင္ခ်ီ၊ဂ်ာမန္ေဂၚဖီခ်ဥ္နဲ႔ ႐ုရွား ခ်ဥ္ဖတ္ေတြက ပိုေကာင္းပါတယ္။

* အုန္းသီးထြက္ပစၥည္းမ်ား မွာ medium chain fatty acid ေခၚတဲ့ အဆီတစ္မ်ိဳးပါပါတယ္။ထိုအဆီက အူအတြက္ေကာင္းပါတယ္။

C. Repair

* လူနာေတြဟာ အစာေခ်ဖို႔ခက္တာမို႔ အစာေျခ အင္ဇိုင္းေတြေသာက္ပါ။အစာမစားခင္ တစ္လုံး သို႔ ႏွစ္လုံးေသာက္ပါ။

* အ႐ိုးျပဳတ္က အူနံရံျပဳျပင္ၿပီး ေရာင္ရမ္းျခင္းလည္းက်လို႔ သိပ္ေကာင္းပါတယ္။အူဆဲလ္ေတြကို အေပၚက ဖုံးလႊမ္းေပးလို႔ အနာက်က္ျမန္ေစပါတယ္။

* HCL with pepsin ဆိုတဲ့ ျဖည့္စြက္စာေသာက္ဖို႔ အၾကံေပးပါတယ္။ သတိထားရမွာက ဆရာဝန္ၫႊန္ၾကားခ်က္လိုပါတယ္။

D. Rebalance

Gut dysbiosis အတြက္ probiotics ျပန္ျဖည့္ေသာက္ပါ။အေကာင္းဆုံးတံဆိပ္ဝယ္ပါ။တစ္ရက္ အနည္းဆုံး 25 – 100 billions ေသာက္ပါ။

အထူးေျပာခ်င္တာက SIBO က အႀကိမ္ႀကိမ္ျပန္ျဖစ္တတ္လို႔ အသင့္စားအစာေတြ တစ္သက္လုံးေလ်ာ့စားဖို႔ လိုပါလိမ့္မည္။

Dr. PHYO MAUNG

########################

Unicode

မနက်အိပ်ရာထချိန်မှာ ဗိုက်ချပ်နေပေမယ့် ညအိပ်ယာဝင်ချိန်မှာ ကိုယ်ဝန်ဆောင်ဗိုက်နှင့်တူတဲ့ ကျွန်တော့်အဖြစ်ကို ကျွန်တော်မုန်းခဲ့ဖူးပါတယ်။ ဒီလို ဗိုက်ပူလာတာ အစားအများကြီးစားတာကြောင့် ဖြစ်တယ်လို့ထင်ကောင်း ထင်ခဲ့ဖူးပါတယ်။ အမှန်တကယ်တော့ ဒီလိုဖြစ်နေတာ ပုံမှန်မဟုတ်ပါ။ စားတဲ့ အစာနှင့် မတည့်တာကြောင့်ပဲဖြစ်ဖြစ်၊ အူလမ်းကြောင်းထဲ ပိုးဝင်ခြင်း ( SIBO )ကြောင့်ပဲဖြစ်ဖြစ် အူလမ်းကြောင်းရောင်ရမ်းနေလို့ ဒီလိုမျိုးကြုံတာပါ။

SIBO ဆိုတာဘာလဲ။

အူလမ်းကြောင်းမှာ နေထိုင်တဲ့ ဘက်တီးရီယားပိုးတွေ မျှခြေပျက်သွားတဲ့အခါ ရောဂါဖြစ်စေသော ပိုးတွေအဆမတန်ပွားလာတတ်ပါတယ်။အူမကြီးမှာ နေထိုင်တဲ့ ပိုးတွေ အူလမ်းကြောင်းရဲ့ အရှေ့ပိုင်းကိုရောက်လာတဲ့အခါ တစ်ချို့ပိုးတွေက အသင့်စားအစားအစာတွေမှာပါတဲ့ သကြားကိုနှစ်သက်စွာစားသုံးပြီး လေပွခြင်း နှင့် ရင်ပြည့်ခြင်းကို ဖြစ်စေပါတယ်။ တစ်ချို့ပိုးများက ကိုယ်ခန္ဓာက မသုံးခင် bile salt ကို ချေဖျက်လိုက်တာကြောင့် အဆီဖြိုခွဲခြင်း နှင့် စုပ်ယူခြင်းကို ကောင်းစွာ မလုပ်ဖြစ်တော့ပါ။ ဒါဆို ဝမ်းသွားခြင်းနှင့် အဆီမှာ ပျော်ဝင်တဲ့ ဗိုက်တာမင်များ ဆုံးရှုံးချို့တဲ့ခြင်းတို့ ဖြစ်နိုင်ပါတယ်။ တစ်ချို့ပိုးများက small intestine လို့ခေါ်တဲ့ အူလမ်းကြောင်းအရှေ့ပိုင်းကို ဒဏ်ရာဖြစ်စေပြီး အစာအဟာရ စုပ်ယူခြင်းကို တားဆီးပါတယ်။

ဒါကြောင့် SIBO ရှိတဲ့ လူတွေမှာ (၁) လေပွခြင်း (၂ ) ရင်ပြည့်ခြင်း ( ၃ )ဝမ်းသွားခြင်း ( ၄ ) ဗိုက်နာခြင်း ( ၅ ) ဝမ်းချုပ်ခြင်း ( ၆) IBS သို့ IBD ဖြစ်ပေါ်လာခြင်း ( ၇ ) ဂျုံ၊ နို့၊ သကြားစသည်တို့ကို အရင်ကအတိုင်း မစားနိုင်တော့ခြင်း ( ၈ ) အော်တိုအင်မြူးရောဂါများ၊ ကြွက်သားနှင့် အာရုံကြောရောဂါများ၊ ဆီးချိုရောဂါ၊ အစရှိတဲ့ရောဂါများ ဖြစ်လာခြင်း ( ၉ ) ဗိုက်တာမင် B 12 နှင့် အခြားသော ဗိုက်တာမင်များ ချို့တဲ့ခြင်း ( ၁၀ )အဆီကောင်းစွာ မစုပ်ယူနိုင်ခြင်းတို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစာစားလိုက်တဲ့အခါ အင်ဇိုင်းက အစာချေပေးပြီး ကြွက်သား နှင့် အာရုံကြောတွေက အစာကို အစာအိမ်မှ small intestine နောက် အူမကြီးသို ပို့ဆောင်ပေးရပါတယ်။ အာရုံကြော ထိခိုက်သွားလို့ အူလမ်းကြောင်းလုပ်ရှားမှု နှေးသွားတဲ့အခါ အစားအစာတွေ small intestine မှာ အချိန်ကြာသွားလို့ SIBO ဖြစ်နိုင်ချေများပါတယ်။ ဆီးချို ရောဂါသည်များ နှင့် အရေးပြားထူလေးဖက်နာ ရောဂါသည်တွေမှာလည်း SIBO ဖြစ်ကြတယ်။ အူလမ်းကြောင်း ခွဲစိတ်ထားတဲ့ နေရာမှာ ဖြစ်သော အနာရွတ်များ၊ နှင့် Diverticulum လို အူနံရံမှာ အိတ်ပိုလေးတွေပါနေလျှင်လည်း SIBO ဖြစ်ပါတယ်။ ပိုးသတ်ဆေးများ၊ လေဆေးများ၊ နှင့် စတီးရိုက် တွေကလည်း SIBO ဖြစ်စေပါတယ်။

SIBO ကို ပျောက်စေနိုင်တာက Xifaxan လို့ခေါ်တဲ့ traveler’s diarrhea, မှာသုံးတဲ့ ပိုးသတ်ဆေးပါ။ Xifaxan ကို ကိုယ်ခန္ဓာက မစုပ်ယူနိုင်ပဲ အူလမ်းကြောင်းမှာပဲ ရှိနေတာကြောင့် SIBO အတွက် အဆင်ပြေတယ်ပြောပါတယ်။ ဈေးကြီးတယ်လို့ ပြောပါတယ်။ ပိုးသတ်ဆေး မသောက်ချင်ဖူးဆို 4R program သုံးလို့ရပါတယ်။

A. Remove

SIBO ဖြစ်စေသော အရက်၊ ကော်ဖီ၊ ဂျုံ၊ နို့၊ အသင့်စားအစာများ နှင့် ပြောင်းထွက်အစားအစာတွေကို ရှောင်ပါ။ရောဂါကုချိန်မှာ လုံးဝဖြတ်ထားပါ။မဖြစ်အောင်လည်း လျော့စားပါ။

B. Replace

အစားထိုးပါ။ရောဂါပျောက်စေတဲ့အစာတွေစားပါ။

* အရိုးပြုတ်ရည် မှာ ကော်လဂျင်(collagen)နဲ့ အမိုင်နိုအက်ဆစ်တွေဖြစ်တဲ့ proline နဲ့ glycine ပါပါတယ်။အူနံရံကို ကုသပေးတယ်။

* အချဉ်ဖောက်ထားတဲ့ နို့ထွက်ပစ္စည်း မှာ ပရိုဘိုင်အိုတစ် နဲ့ short chain fatty acid ဆိုတဲ့ ဆိုတဲ့ အဆီတစ်မျိုးကြောင့် အူတွင်းအနာတွေ အကျက်မြန်ပါတယ်။အဓိက အစာတွေက ကီဖာ,ဒိန်ချဉ်တို့ဖြစ်ပါတယ်။

* ချဉ်ဖတ်မှာ အော်ဂဲနစ်အက်စစ်တစ်မျိုးပါပြီး အူလမ်းကြောင်းက pH ကို ထိန်းညှိပါတယ်။ပရိုအိုင်အိုတစ်လည်းပါလို့ကောင်းပါတယ်။ကင်ချီ၊ဂျာမန်ဂေါ်ဖီချဉ်နဲ့ ရုရှား ချဉ်ဖတ်တွေက ပိုကောင်းပါတယ်။

* အုန်းသီးထွက်ပစ္စည်းများ မှာ medium chain fatty acid ခေါ်တဲ့ အဆီတစ်မျိုးပါပါတယ်။ထိုအဆီက အူအတွက်ကောင်းပါတယ်။

C. Repair

* လူနာတွေဟာ အစာချေဖို့ခက်တာမို့ အစာခြေ အင်ဇိုင်းတွေသောက်ပါ။အစာမစားခင် တစ်လုံး သို့ နှစ်လုံးသောက်ပါ။

* အရိုးပြုတ်က အူနံရံပြုပြင်ပြီး ရောင်ရမ်းခြင်းလည်းကျလို့ သိပ်ကောင်းပါတယ်။အူဆဲလ်တွေကို အပေါ်က ဖုံးလွှမ်းပေးလို့ အနာကျက်မြန်စေပါတယ်။

* HCL with pepsin ဆိုတဲ့ ဖြည့်စွက်စာသောက်ဖို့ အကြံပေးပါတယ်။ သတိထားရမှာက ဆရာဝန်ညွှန်ကြားချက်လိုပါတယ်။

D. Rebalance

Gut dysbiosis အတွက် probiotics ပြန်ဖြည့်သောက်ပါ။အကောင်းဆုံးတံဆိပ်ဝယ်ပါ။တစ်ရက် အနည်းဆုံး 25 – 100 billions သောက်ပါ။

အထူးပြောချင်တာက SIBO က အကြိမ်ကြိမ်ပြန်ဖြစ်တတ်လို့ အသင့်စားအစာတွေ တစ်သက်လုံးလျော့စားဖို့ လိုပါလိမ့်မည်။

PHYO MAUNG

2 thoughts on “Small Intestinal Bacterial Overgrowth (SIBO)

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest