Plant Paradox – 2

ဖတ္ေနရင္း သိပ္စိတ္ဝင္စားဖို႔ေကာင္းလို႔ ကၽြန္ေတာ္နားလည္တဲ့ အတိုင္းျပန္ေရးေပးလိုက္ပါတယ္။ကၽြန္ေတာ္လည္း ဖတ္ေနတုန္းပါ။ဖတ္ၿပီးမွ ေရးေပးလွ်င္ ေျပာစရာေတြက်န္ခဲ့ႏိုင္လို႔ ဖတ္ေနရင္းေရးတာပါ။

စိုက္ပ်ိဳးေရးမစတင္မီ ကမ႓ာဦးေခတ္ရဲ႕ သဘာဝရာသီဥတုက ယေန႔ေခတ္နဲ႔ ျခားနားပါတယ္။ထိုေခတ္တုန္းက ေဆာင္းဦးကာလေတြမွာ အသီးေတြ သိပ္ေပါတယ္။အသီးေတြမွာ fructose သၾကားေတြသိပ္မ်ားၿပီး။စားလို႔မဝႏိုင္ အမ်ားႀကီးစားမိၿပီး ပိုလွ်ံတဲ့ သၾကားေတြကို အဆီအေနနဲ႔သိုေလွာင္လိုက္ပါတယ္။အသီးလွိုင္လွိုင္ေပါခ်ိန္ဆို ေမ်ာက္ကေလးေတြ ဝလာတာ ဒီျဖစ္စဥ္ပါပဲ။

ေဆာင္းတြင္းကာလ အသီးေတြမရွိေတာ့တဲ့အခါ အစာေရစာရွားသြားလွ်င္ ေဆာင္ဦးကသိုေလွာင္ထားတဲ့ အဆီေတြၿဖိဳခြဲအသုံးခ်ပါတယ္။တိရစၧာန္ေတြဆို ေဆာင္းတြင္းတစ္ခုလုံး အိပ္ေနတတ္တယ္။လူေတြဆို ေတာေကာင္ေလးေတြဖမ္းၿပီး ေဆာင္းဘက္ေပါက္တဲ့ အရြက္ေလးေတြစားၿပီး အစာျပတ္လတ္မႈကိုေတာင့္ခံၾကတယ္ ေဆာင္းဦးကာလတုန္းက ပိုေနတဲ့အဆီလည္း ေပ်ာက္သြားၿပီး ပုံမွန္ကိုယ္အေလးခ်ိန္ျပန္ရလာတယ္။

ဒီလို ျဖစ္စဥ္မ်ိဳးေတြ လူေတြရဲ႕ gene လို႔ေခၚတဲ့ ဆဲလ္ရဲ႕ မွတ္ဉာဏ္ေတြထဲသိမ္းလိုက္ၾကပါတယ္။Gene ကနားလည္တာက fructose သၾကားသိပ္စားၿပီး အဆီစုလာလွ်င္ ေဆာင္းလာေတာ့မည္(winter is comming)လို႔ပါ။

ယေန႔ေခတ္လူေတြက fructose သၾကားသိပ္စားတဲ့အခါ gene ေတြအတြက္ တစ္ခ်ိန္လုံးေဆာင္းတြင္းေရာက္ေနသလိုပါပဲ။ဆရာသုံးလိုက္တဲ့ အသုံးအႏႈန္းက ေသြးတြင္း fructose သၾကားေတြ အစဥ္အၿမဲျမင့္တက္ေနတဲ့အခါ killer gene ကိုနွိုးေဆာ္လိုက္သလိုျဖစ္သြားတယ္ဆိုပါတယ္။

ကၽြန္ေတာ္နားလည္တာက gene ေတြအတြက္ ေဆာင္ဦးေတြထပ္ခါထပ္ခါေရာက္ၿပီး gene ေတြက လူေတြအသက္ႀကီးသြားတယ္ထင္သြားပုံပါပဲ။ဒါေၾကာင့္ အသက္ပိုႀကီးေနတဲ့ gene က လူေတြကို သတ္ဖို႔ၾကံစည္ၿပီး သတ္ပစ္ဖို႔ အစီအစဥ္စပုံရပါတယ္။

မိန္းကေလးေတြ ေစာစီးစြာ ရာသီပန္း ေပၚလာတဲ့ျဖစ္စဥ္ေတြဟာ fructose သၾကားေၾကာင့္ gene ေတြျမန္ျမန္ႀကီးရင့္လာတာကို ျပေနတယ္လို႔ ဆရာကဆိုပါတယ္။ေနာက္တစ္ခုက fructose သၾကားသိပ္စားတဲ့သူဟာ ေရာဂါလည္း အလြန္ထူၿပီး အသက္လည္းတိုတာ killer gene ေတြေၾကာင့္လို႔ဆိုပါတယ္။ဆရာရဲ႕ အေရာင္းရဆုံးစာအုပ္ျဖစ္တဲ့ Gundry diet evolution မွာ ေရာဂါျဖစ္ေနသူေတြကို ပထမ ေျခာက္ပတ္ အခ်ိဳလုံးဝမေကၽြးပဲ အသား နဲ႔ အရြက္ပဲေကၽြးကုသတဲ့အခါ ခြဲစိတ္ရမဲ့သူေတြ ခြဲစရာမလိုေလာက္ေအာင္ သက္သာသြားၾကပါတယ္။

Dr. PHYO MAUNG

######################################

Unicode

ဖတ်နေရင်း သိပ်စိတ်ဝင်စားဖို့ကောင်းလို့ ကျွန်တော်နားလည်တဲ့ အတိုင်းပြန်ရေးပေးလိုက်ပါတယ်။ကျွန်တော်လည်း ဖတ်နေတုန်းပါ။ဖတ်ပြီးမှ ရေးပေးလျှင် ပြောစရာတွေကျန်ခဲ့နိုင်လို့ ဖတ်နေရင်းရေးတာပါ။

စိုက်ပျိုးရေးမစတင်မီ ကမ္ဘာဦးခေတ်ရဲ့ သဘာဝရာသီဥတုက ယနေ့ခေတ်နဲ့ ခြားနားပါတယ်။ထိုခေတ်တုန်းက ဆောင်းဦးကာလတွေမှာ အသီးတွေ သိပ်ပေါတယ်။အသီးတွေမှာ fructose သကြားတွေသိပ်များပြီး။စားလို့မဝနိုင် အများကြီးစားမိပြီး ပိုလျှံတဲ့ သကြားတွေကို အဆီအနေနဲ့သိုလှောင်လိုက်ပါတယ်။အသီးလှိုင်လှိုင်ပေါချိန်ဆို မျောက်ကလေးတွေ ဝလာတာ ဒီဖြစ်စဉ်ပါပဲ။

ဆောင်းတွင်းကာလ အသီးတွေမရှိတော့တဲ့အခါ အစာရေစာရှားသွားလျှင် ဆောင်ဦးကသိုလှောင်ထားတဲ့ အဆီတွေဖြိုခွဲအသုံးချပါတယ်။တိရစ္ဆာန်တွေဆို ဆောင်းတွင်းတစ်ခုလုံး အိပ်နေတတ်တယ်။လူတွေဆို တောကောင်လေးတွေဖမ်းပြီး ဆောင်းဘက်ပေါက်တဲ့ အရွက်လေးတွေစားပြီး အစာပြတ်လတ်မှုကိုတောင့်ခံကြတယ် ဆောင်းဦးကာလတုန်းက ပိုနေတဲ့အဆီလည်း ပျောက်သွားပြီး ပုံမှန်ကိုယ်အလေးချိန်ပြန်ရလာတယ်။

ဒီလို ဖြစ်စဉ်မျိုးတွေ လူတွေရဲ့ gene လို့ခေါ်တဲ့ ဆဲလ်ရဲ့ မှတ်ဉာဏ်တွေထဲသိမ်းလိုက်ကြပါတယ်။Gene ကနားလည်တာက fructose သကြားသိပ်စားပြီး အဆီစုလာလျှင် ဆောင်းလာတော့မည်(winter is comming)လို့ပါ။

ယနေ့ခေတ်လူတွေက fructose သကြားသိပ်စားတဲ့အခါ gene တွေအတွက် တစ်ချိန်လုံးဆောင်းတွင်းရောက်နေသလိုပါပဲ။ဆရာသုံးလိုက်တဲ့ အသုံးအနှုန်းက သွေးတွင်း fructose သကြားတွေ အစဉ်အမြဲမြင့်တက်နေတဲ့အခါ killer gene ကိုနှိုးဆော်လိုက်သလိုဖြစ်သွားတယ်ဆိုပါတယ်။

ကျွန်တော်နားလည်တာက gene တွေအတွက် ဆောင်ဦးတွေထပ်ခါထပ်ခါရောက်ပြီး gene တွေက လူတွေအသက်ကြီးသွားတယ်ထင်သွားပုံပါပဲ။ဒါကြောင့် အသက်ပိုကြီးနေတဲ့ gene က လူတွေကို သတ်ဖို့ကြံစည်ပြီး သတ်ပစ်ဖို့ အစီအစဉ်စပုံရပါတယ်။

မိန်းကလေးတွေ စောစီးစွာ ရာသီပန်း ပေါ်လာတဲ့ဖြစ်စဉ်တွေဟာ fructose သကြားကြောင့် gene တွေမြန်မြန်ကြီးရင့်လာတာကို ပြနေတယ်လို့ ဆရာကဆိုပါတယ်။နောက်တစ်ခုက fructose သကြားသိပ်စားတဲ့သူဟာ ရောဂါလည်း အလွန်ထူပြီး အသက်လည်းတိုတာ killer gene တွေကြောင့်လို့ဆိုပါတယ်။ဆရာရဲ့ အရောင်းရဆုံးစာအုပ်ဖြစ်တဲ့ Gundry diet evolution မှာ ရောဂါဖြစ်နေသူတွေကို ပထမ ခြောက်ပတ် အချိုလုံးဝမကျွေးပဲ အသား နဲ့ အရွက်ပဲကျွေးကုသတဲ့အခါ ခွဲစိတ်ရမဲ့သူတွေ ခွဲစရာမလိုလောက်အောင် သက်သာသွားကြပါတယ်။

Dr. PHYO MAUNG

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest