Leaky gut

Zawgyi

အူလမ္းေၾကာင္းနံရံနဲ႔ကပ္ၿပီး ဆံျခည္မွ်င္ေသြးေၾကာေလးေတြရွိပါတယ္။အူလမ္းေၾကာင္းအတြင္းက စားခဲ့သမွ် အစာေတြကို အေသးဆုံးအဟာရ(micronutrient)အျဖစ္ေခ်ဖ်က္ၿပီးမွ ထိုေသြးေၾကာအတြင္းသို႔ပို႔ေဆာင္ရပါတယ္။ထိုသို႔ပို႔ေဆာင္ႏိုင္ေအာင္လည္း အူလမ္းေၾကာင္းနံရံမွာ လြန္စြာေသးငယ္ေသာဇကာေပါက္ေလးေတြျပဳလုပ္ေပးထားပါတယ္။အစာေျခတဲ့ျဖစ္စဥ္မ်ားမွာလည္း ဇီဝအကူအညီျဖစ္တဲ့ ပ႐ိုဘိုင္အိုတစ္ အေျမာက္အမ်ားရွိပါတယ္။သူတို႔ဟာ ဇကာေပါက္ေလးေတြရဲ႕ဇီဝအကာအကြယ္လည္းျဖစ္ပါတယ္။

မ်ားစြာေသာ အေၾကာင္းအခ်က္မ်ားေၾကာင့္ ထိုဇကာေပါက္ေလးေတြပ်က္ဆီးသြားလို႔ အေပါက္က်ယ္သြားလွ်င္ မေၾကညက္ေသာ အစာမ်ား၊အဆိပ္မ်ား၊အစာနဲ႔အတူပါလာေသာ ေရာဂါပိုးမ်ားဟာ ထိုအေပါက္ကိုျဖတ္ၿပီး ေသြးေၾကာထဲသို႔ တိုက္႐ိုက္ဝင္ေရာက္ပါတယ္။ေသြးေၾကာအတြင္းက ခုခံစနစ္က ထိုအရာေတြကို အႏၲာရာယ္ရွိတယ္သတ္မွတ္ၿပီး ခုခံတိုက္ခိုက္တယ္။ေနာက္ဆက္တြဲအေနနဲ႔ ေရာင္ရမ္းျခင္းျဖစ္စဥ္စတင္ပါတယ္။ေရာင္ရမ္းမႈကို ထိထိေရာက္ေရာက္မကုသလွ်င္ေအာက္ပါေရာဂါေတြျဖစ္ႏိုင္ပါတယ္။

  • Gastric ulcers(အစာအိမ္ ျပည္တည္နာ)
  • Infectious diarrhea(ေရာဂါပိုးေၾကာင့္ ဝမ္းသြားျခင္း)
  • Irritable Bowel Syndrome (IBS)(အူလမ္းေၾကာင္းမူမမွန္လႈပ္ရွားမႈေၾကာင့္ျဖစ္ေသာေရာဂါ)
  • Inflammatory bowel diseases (Crohn’s, ulcerative colitis)(အူေရာင္ရမ္းမႈေၾကာင့္ျဖစ္ေသာေရာဂါမ်ား)
  • Celiac disease(ဂ်ဳံမတည့္ေသာ ေအာ္တိုအင္ျမဴးအူေရာင္ေရာဂါ)
  • Esophageal and colorectal cancer(အစာေရမ်ိဳကင္ဆာ ႏွင္ အူမႀကီးကင္ဆာ)
  • Allergies(ဓာတ္မတည့္ျခင္းမ်ား)
  • Respiratory infections(အသက္ရႈလမ္းေၾကာင္းဆိုင္ရာကူးစက္မႈမ်ား)
  • Acute inflammation conditions (sepsis, SIRS, multiple organ failure)(ေသြးဆိပ္သင့္ျခင္းကဲ့သို႔ေသာ ေရာင္ရမ္းျခင္းေၾကာင့္ျဖစ္ေသာေရာဂါမ်ား)
  • Arthritis (အဆစ္ေရာင္ေရာဂါ)
  • Obesity-related metabolic diseases (fatty liver, Type II diabetes, heart disease)(အဝလြန္းျခင္းႏွင့္ဆက္စပ္ေသာ အသည္းအဆီဖုံးျခင္း၊ဆီးခ်ိဳ ႏွင့္ႏွလုံးေရာဂါမ်ား)
  • Autoimmune disease (lupus, multiple sclerosis, Type I diabetes and more) (ေအာ္တို အင္ျမဴးေရာဂါမ်ား)
  • Parkinson’s disease(ပါကင္ဆန္ေရာဂါ)
  • Chronic Fatigue Syndrome(ကာလၾကာရွည္ ေမာပန္းမႈ ေရာဂါစု)
  • Obesity(အဝလြန္ျခင္း)

ဘာေတြေၾကာင့္ အူနံရံ ယိုစိမ့္ႏိုင္လဲ။

အဓိက အခ်က္ေလးခ်က္ရွိပါတယ္။

၁။အစားအစာ(poor diet)

In-sprouted grain ေတြျဖစ္တဲ့ ဆန္၊ဂ်ဳံ ႏွင့္ပဲေတြမွာပါတဲ့ phytate နဲ႔ lectins တို႔သည္ leaky gut ျဖစ္ေစေသာ အေၾကာင္းမ်ားျဖစ္ပါတယ္။lectin ဟာ အပင္ေတြပိုးမက်ဖို႔သိပ္အေရးပါေပမည့္ လူေတြအတြက္ အစာေၾကဖို႔သိပ္ခက္ပါတယ္။lectins အနည္းငယ္ဆို ကိစၥမရွိေပမည့္ မ်ားရင္ေတာ့ ျပသနာရွိပါတယ္။ေနာက္တစ္ခုက မ်ိဳး႐ိုးဗီဇျပဳျပင္ထားတဲ့အစာ(GMO)ပါ။သူတို႔ကို ပိုးမက်ေအာင္ျပဳျပင္ရင္း လူေတြအတြက္လည္း သူတို႔ကိုေၾကေအာင္မေခ်ႏိုင္တဲ့အတြက္ ေဘးထြက္ဆိုးက်ိဳးျဖစ္လာပါတယ္။ေနာက္တစ္ခုက ဂ်ဳံမွာပါတဲ့ ဂလူတန္ပါ။အူလမ္းေၾကာင္း ယိုစိမ့္တဲ့ေရာဂါရွိေနသူမွာ မေက်ႏိုင္ပါ။ေစ်းကြက္မွာေရာင္းတဲ့ ႏို႔ေတြမွာ A1 casein ပါပါတယ္။အစာေၾကဖို႔ခက္ပါတယ္။သၾကားေတြက အူလမ္းေၾကာင္းတစ္ေလွ်ာက္ေရာဂါပိုးေတြေပါက္ပြားေအာင္ကူညီပါတယ္။

၂။စိတ္ဖိစီးမႈ

ႏွစ္ရွည္စိတ္ဖိစီးမႈမ်ားျခင္းသည္ leaky gut ျဖစ္ေစေသာ အေၾကာင္းတစ္ခုျဖစ္ပါတယ္။ပိုအိပ္ပါ။တစ္ပတ္တစ္ရက္အားလပ္ရက္ထားပါ။တရားထိုင္ပါ။ေပ်ာ္ေအာင္ေနပါ။ဒါဆ္ိုလွ်င္ အေတာ္အတန္သက္သာႏိုင္ပါတယ္။

၃။အဆိပ္မ်ား

ႏွစ္စဥ္ အဆိပ္အမ်ိဳးအစား ရွစ္ေသာင္းေက်ာ္ေလာက္နဲ႔ထိေတြ႕ေနရပါတယ္။ပိုးသတ္ေဆးမ်ား၊ကလိုရင္းခတ္ထားေသာေရမ်ား၊အကိုက္အခဲေပ်ာက္ေဆးမ်ားသည္ အူနံရံယိုစိမ့္ေစေသာ အေၾကာင္းမ်ားပါ။

၄။အူလမ္းေၾကာင္းအတြင္း ဇီဝအကာအကြယ္ပ်က္စီးျခင္း

အူလမ္းေၾကာင္းယ္

အူလမ္းေၾကာင္း မေကာင္းလွ်င္ စိတ္ပိုင္းဆိုင္ရာေရာဂါေတြျဖစ္တဲ့ စိတ္ဖိစီးမႈ၊စိတ္ဓာတ္က်ျခင္း၊စိတ္မူမမွန္ျခင္းေတြျဖစ္တတ္တယ္။၂၀၁၇မွာလုပ္တဲ့ သုေသတနတစ္ခုမွာ စိတ္ဖိစီးမႈမ်ားတဲ့သူေတြကို Bifidobacterium longum အက်ိဳးျပဳပိုးပါတဲ့ ေဆးကိုေကၽြးတဲ့အခါ သက္သာေပ်ာက္ကင္းသြားတယ္ဆိုတယ္။

Leaky gut ကိုဘယ္လိုကုမလဲ။

Four R ကိုမွတ္ထားပါ။

Remove

ဖယ္ထုတ္ပါ။ျဖစ္ေစေသာ အစားအစာေတြကို ေရွာင္ပါ။ေရာဂါကုခ်ိန္မွာ လုံးဝျဖတ္ထားပါ။မျဖစ္ေအာင္လည္း ေလ်ာ့စားပါ။

Replace

အစားထိုးပါ။ေရာဂါေပ်ာက္ေစတဲ့အစာေတြစားပါ။

၁။အ႐ိုးျပဳတ္ရည္

သူ႔မွာ ေကာ္လဂ်င္(collagen)နဲ႔ အမိုင္ႏိုအက္ဆစ္ေတြျဖစ္တဲ့ proline  နဲ႔ glycine ပါပါတယ္။အူနံရံကို ကုသေပးတယ္။

၂။အခ်ဥ္ေဖာက္ထားတဲ့ ႏို႔ထြက္ပစၥည္း

ပ႐ိုဘိုင္အိုတစ္ နဲ႔ short chain fatty acid ဆိုတဲ့ ဆိုတဲ့ အဆီတစ္မ်ိဳးေၾကာင့္ အူတြင္းအနာေတြ အက်က္ျမန္ပါတယ္။အဓိက အစာေတြက ကီဖာ,ဒိန္ခ်ဥ္တို႔ျဖစ္ပါတယ္။

၃။ခ်ဥ္ဖတ္

ေအာ္ဂဲနစ္အက္စစ္တစ္မ်ိဳးပါၿပီး အူလမ္းေၾကာင္းက pH ကို ထိန္းညွိပါတယ္။ပ႐ိုအိုင္အိုတစ္လည္းပါလို႔ေကာင္းပါတယ္။ကင္ခ်ီ၊ဂ်ာမန္ေဂၚဖီခ်ဥ္နဲ႔ ႐ုရွား ခ်ဥ္ဖတ္ေတြက ပိုေကာင္းပါတယ္။

၄။အုနိးသီးထြက္ပစၥည္းမ်ား

Medium chain fatty acid ေခၚတဲ့ အဆီတစ္မ်ိဳးပါပါတယ္။ထိုအဆီက အူအတြက္ေကာင္းပါတယ္။အုန္းသီး ကီဖာဆို probiotic ပါပါလို႔ ပိုေကာင္းပါတယ္။

၅။chia အေစ့ နဲ႔ ႏွမ္းၾကတ္ေစ့က အူလမ္းေၾကာင္းအတြက္ေကာင္းပါတယ္။

Repair

ျပန္ျပင္ပါ။ျဖည့္စြက္စာေတြနဲ႔ျပန္ျပင္ပါ။

၁။အစာေျခ အင္ဇိုင္း

Leaky gut လူနာေတြဟာ အစာေခ်ဖို႔ခက္တာမို႔ အစာေျခ အင္ဇိုင္းေတြေသာက္ပါ။အစာမစားခင္ တစ္လုံး ႏွစ္လုံးေသာက္ပါ။

၂။L glutamine 

အူနံရံျပဳျပင္ၿပီး အေရာင္လည္းက်လို႔ သိပ္ေကာင္းပါတယ္။အူဆဲလ္ေတြကို အေပၚက ဖုံးလႊမ္းေပးလို႔ အနာက်က္ျမန္ေစပါတယ္။2g မွ 5g တစ္ရက္ ႏွစ္ႀကိမ္ေသာက္ပါ။

၃။ႏြယ္ခ်ိဳ

စိတ္ဖိစီးမႈေၾကာင္းျဖစ္တဲ့ အူနံရံယိုစိမ့္မႈအတြက္ေကာင္းပါတယ္။500mg တစ္ရက္ ႏွစ္ႀကိမ္လိုပါတယ္၊

၄။Quercetin ျဖည့္စြက္စာ

အပင္ေတြရဲ႕ ေရာင္ျခယ္ေတြကိုစုေပါင္းထုတ္ထားတာပါ။အူနံရံ အေပါက္ေလးေတြကို ျပန္ေကာင္းလာေစတယ္။500mg တစ္ရက္သုံးႀကိမ္ေသာက္ပါ။

Rebalance 

ျပန္ျဖည့္ပါ။Gut dysbiosis အတြက္ probiotics ျပန္ျဖည့္ပါ။အေကာင္းဆုံးတံဆိပ္ဝယ္ပါ။တစ္ရက္ အနည္းဆုံး 50 billions ေသာက္ပါ။

(ကၽြန္ေတာ္ကိုယ္ေတြ႕ကေတာ့ probiotics 100 billions ႏွစ္လေသာက္ပါတယ္။l glutamine 5g တစ္လေသာက္ပါတယ္။ျဖစ္ေနတဲ့ IBS လုံးဝသက္သာသြားပါတယ္။)

သည္အခ်က္ေတြ လိုက္နာလွ်င္ leaky gut ေပ်ာက္သြားႏိုင္ပါတယ္။

#####################################################################

 

Unicode

အူလမ်းကြောင်းနံရံနဲ့ကပ်ပြီး ဆံခြည်မျှင်သွေးကြောလေးတွေရှိပါတယ်။အူလမ်းကြောင်းအတွင်းက စားခဲ့သမျှ အစာတွေကို အသေးဆုံးအဟာရ(micronutrient)အဖြစ်ချေဖျက်ပြီးမှ ထိုသွေးကြောအတွင်းသို့ပို့ဆောင်ရပါတယ်။ထိုသို့ပို့ဆောင်နိုင်အောင်လည်း အူလမ်းကြောင်းနံရံမှာ လွန်စွာသေးငယ်သောဇကာပေါက်လေးတွေပြုလုပ်ပေးထားပါတယ်။အစာခြေတဲ့ဖြစ်စဉ်များမှာလည်း ဇီဝအကူအညီဖြစ်တဲ့ ပရိုဘိုင်အိုတစ် အမြောက်အများရှိပါတယ်။သူတို့ဟာ ဇကာပေါက်လေးတွေရဲ့ဇီဝအကာအကွယ်လည်းဖြစ်ပါတယ်။

များစွာသော အကြောင်းအချက်များကြောင့် ထိုဇကာပေါက်လေးတွေပျက်ဆီးသွားလို့ အပေါက်ကျယ်သွားလျှင် မကြေညက်သော အစာများ၊အဆိပ်များ၊အစာနဲ့အတူပါလာသော ရောဂါပိုးများဟာ ထိုအပေါက်ကိုဖြတ်ပြီး သွေးကြောထဲသို့ တိုက်ရိုက်ဝင်ရောက်ပါတယ်။သွေးကြောအတွင်းက ခုခံစနစ်က ထိုအရာတွေကို အန္တာရာယ်ရှိတယ်သတ်မှတ်ပြီး ခုခံတိုက်ခိုက်တယ်။နောက်ဆက်တွဲအနေနဲ့ ရောင်ရမ်းခြင်းဖြစ်စဉ်စတင်ပါတယ်။ရောင်ရမ်းမှုကို ထိထိရောက်ရောက်မကုသလျှင်အောက်ပါရောဂါတွေဖြစ်နိုင်ပါတယ်။

*  Gastric ulcers(အစာအိမ် ပြည်တည်နာ)

* Infectious diarrhea(ရောဂါပိုးကြောင့် ဝမ်းသွားခြင်း)

* Irritable Bowel Syndrome (IBS)(အူလမ်းကြောင်းမူမမှန်လှုပ်ရှားမှုကြောင့်ဖြစ်သောရောဂါ)

* Inflammatory bowel diseases (Crohn’s, ulcerative colitis)(အူရောင်ရမ်းမှုကြောင့်ဖြစ်သောရောဂါများ)

* Celiac disease(ဂျုံမတည့်သော အော်တိုအင်မြူးအူရောင်ရောဂါ)

* Esophageal and colorectal cancer(အစာရေမျိုကင်ဆာ နှင် အူမကြီးကင်ဆာ)

* Allergies(ဓာတ်မတည့်ခြင်းများ)

* Respiratory infections(အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်မှုများ)

* Acute inflammation conditions (sepsis, SIRS, multiple organ failure)(သွေးဆိပ်သင့်ခြင်းကဲ့သို့သော ရောင်ရမ်းခြင်းကြောင့်ဖြစ်သောရောဂါများ)

* Arthritis (အဆစ်ရောင်ရောဂါ)

* Obesity-related metabolic diseases (fatty liver, Type II diabetes, heart disease)(အဝလွန်းခြင်းနှင့်ဆက်စပ်သော အသည်းအဆီဖုံးခြင်း၊ဆီးချို နှင့်နှလုံးရောဂါများ)

* Autoimmune disease (lupus, multiple sclerosis, Type I diabetes and more) (အော်တို အင်မြူးရောဂါများ)

* Parkinson’s disease(ပါကင်ဆန်ရောဂါ)

* Chronic Fatigue Syndrome(ကာလကြာရှည် မောပန်းမှု ရောဂါစု)

* Obesity(အဝလွန်ခြင်း)

ဘာတွေကြောင့် အူနံရံ ယိုစိမ့်နိုင်လဲ။

အဓိက အချက်လေးချက်ရှိပါတယ်။

၁။အစားအစာ(poor diet)

In-sprouted grain တွေဖြစ်တဲ့ ဆန်၊ဂျုံ နှင့်ပဲတွေမှာပါတဲ့ phytate နဲ့ lectins တို့သည် leaky gut ဖြစ်စေသော အကြောင်းများဖြစ်ပါတယ်။lectin ဟာ အပင်တွေပိုးမကျဖို့သိပ်အရေးပါပေမည့် လူတွေအတွက် အစာကြေဖို့သိပ်ခက်ပါတယ်။lectins အနည်းငယ်ဆို ကိစ္စမရှိပေမည့် များရင်တော့ ပြသနာရှိပါတယ်။နောက်တစ်ခုက မျိုးရိုးဗီဇပြုပြင်ထားတဲ့အစာ(GMO)ပါ။သူတို့ကို ပိုးမကျအောင်ပြုပြင်ရင်း လူတွေအတွက်လည်း သူတို့ကိုကြေအောင်မချေနိုင်တဲ့အတွက် ဘေးထွက်ဆိုးကျိုးဖြစ်လာပါတယ်။နောက်တစ်ခုက ဂျုံမှာပါတဲ့ ဂလူတန်ပါ။အူလမ်းကြောင်း ယိုစိမ့်တဲ့ရောဂါရှိနေသူမှာ မကျေနိုင်ပါ။ဈေးကွက်မှာရောင်းတဲ့ နို့တွေမှာ A1 casein ပါပါတယ်။အစာကြေဖို့ခက်ပါတယ်။သကြားတွေက အူလမ်းကြောင်းတစ်လျှောက်ရောဂါပိုးတွေပေါက်ပွားအောင်ကူညီပါတယ်။

၂။စိတ်ဖိစီးမှု

နှစ်ရှည်စိတ်ဖိစီးမှုများခြင်းသည် leaky gut ဖြစ်စေသော အကြောင်းတစ်ခုဖြစ်ပါတယ်။ပိုအိပ်ပါ။တစ်ပတ်တစ်ရက်အားလပ်ရက်ထားပါ။တရားထိုင်ပါ။ပျော်အောင်နေပါ။ဒါဆိုလျှင် အတော်အတန်သက်သာနိုင်ပါတယ်။

၃။အဆိပ်များ

နှစ်စဉ် အဆိပ်အမျိုးအစား ရှစ်သောင်းကျော်လောက်နဲ့ထိတွေ့နေရပါတယ်။ပိုးသတ်ဆေးများ၊ကလိုရင်းခတ်ထားသောရေများ၊အကိုက်အခဲပျောက်ဆေးများသည် အူနံရံယိုစိမ့်စေသော အကြောင်းများပါ။

၄။အူလမ်းကြောင်းအတွင်း ဇီဝအကာအကွယ်ပျက်စီးခြင်း

အူလမ်းကြောင်းယ်

အူလမ်းကြောင်း မကောင်းလျှင် စိတ်ပိုင်းဆိုင်ရာရောဂါတွေဖြစ်တဲ့ စိတ်ဖိစီးမှု၊စိတ်ဓာတ်ကျခြင်း၊စိတ်မူမမှန်ခြင်းတွေဖြစ်တတ်တယ်။၂၀၁၇မှာလုပ်တဲ့ သုသေတနတစ်ခုမှာ စိတ်ဖိစီးမှုများတဲ့သူတွေကို Bifidobacterium longum အကျိုးပြုပိုးပါတဲ့ ဆေးကိုကျွေးတဲ့အခါ သက်သာပျောက်ကင်းသွားတယ်ဆိုတယ်။

Leaky gut ကိုဘယ်လိုကုမလဲ။

Four R ကိုမှတ်ထားပါ။

Remove

ဖယ်ထုတ်ပါ။ဖြစ်စေသော အစားအစာတွေကို ရှောင်ပါ။ရောဂါကုချိန်မှာ လုံးဝဖြတ်ထားပါ။မဖြစ်အောင်လည်း လျော့စားပါ။

Replace

အစားထိုးပါ။ရောဂါပျောက်စေတဲ့အစာတွေစားပါ။

၁။အရိုးပြုတ်ရည်

သူ့မှာ ကော်လဂျင်(collagen)နဲ့ အမိုင်နိုအက်ဆစ်တွေဖြစ်တဲ့ proline  နဲ့ glycine ပါပါတယ်။အူနံရံကို ကုသပေးတယ်။

၂။အချဉ်ဖောက်ထားတဲ့ နို့ထွက်ပစ္စည်း

ပရိုဘိုင်အိုတစ် နဲ့ short chain fatty acid ဆိုတဲ့ ဆိုတဲ့ အဆီတစ်မျိုးကြောင့် အူတွင်းအနာတွေ အကျက်မြန်ပါတယ်။အဓိက အစာတွေက ကီဖာ,ဒိန်ချဉ်တို့ဖြစ်ပါတယ်။

၃။ချဉ်ဖတ်

အော်ဂဲနစ်အက်စစ်တစ်မျိုးပါပြီး အူလမ်းကြောင်းက pH ကို ထိန်းညှိပါတယ်။ပရိုအိုင်အိုတစ်လည်းပါလို့ကောင်းပါတယ်။ကင်ချီ၊ဂျာမန်ဂေါ်ဖီချဉ်နဲ့ ရုရှား ချဉ်ဖတ်တွေက ပိုကောင်းပါတယ်။

၄။အုနိးသီးထွက်ပစ္စည်းများ

Medium chain fatty acid ခေါ်တဲ့ အဆီတစ်မျိုးပါပါတယ်။ထိုအဆီက အူအတွက်ကောင်းပါတယ်။အုန်းသီး ကီဖာဆို probiotic ပါပါလို့ ပိုကောင်းပါတယ်။

၅။chia အစေ့ နဲ့ နှမ်းကြတ်စေ့က အူလမ်းကြောင်းအတွက်ကောင်းပါတယ်။

Repair

ပြန်ပြင်ပါ။ဖြည့်စွက်စာတွေနဲ့ပြန်ပြင်ပါ။

၁။အစာခြေ အင်ဇိုင်း

Leaky gut လူနာတွေဟာ အစာချေဖို့ခက်တာမို့ အစာခြေ အင်ဇိုင်းတွေသောက်ပါ။အစာမစားခင် တစ်လုံး နှစ်လုံးသောက်ပါ။

၂။L glutamine 

အူနံရံပြုပြင်ပြီး အရောင်လည်းကျလို့ သိပ်ကောင်းပါတယ်။အူဆဲလ်တွေကို အပေါ်က ဖုံးလွှမ်းပေးလို့ အနာကျက်မြန်စေပါတယ်။2g မှ 5g တစ်ရက် နှစ်ကြိမ်သောက်ပါ။

၃။နွယ်ချို

စိတ်ဖိစီးမှုကြောင်းဖြစ်တဲ့ အူနံရံယိုစိမ့်မှုအတွက်ကောင်းပါတယ်။500mg တစ်ရက် နှစ်ကြိမ်လိုပါတယ်၊

၄။Quercetin ဖြည့်စွက်စာ

အပင်တွေရဲ့ ရောင်ခြယ်တွေကိုစုပေါင်းထုတ်ထားတာပါ။အူနံရံ အပေါက်လေးတွေကို ပြန်ကောင်းလာစေတယ်။500mg တစ်ရက်သုံးကြိမ်သောက်ပါ။

Rebalance 

ပြန်ဖြည့်ပါ။Gut dysbiosis အတွက် probiotics ပြန်ဖြည့်ပါ။အကောင်းဆုံးတံဆိပ်ဝယ်ပါ။တစ်ရက် အနည်းဆုံး 50 billions သောက်ပါ။

(ကျွန်တော်ကိုယ်တွေ့ကတော့ probiotics 100 billions နှစ်လသောက်ပါတယ်။l glutamine 5g တစ်လသောက်ပါတယ်။ဖြစ်နေတဲ့ IBS လုံးဝသက်သာသွားပါတယ်။)

သည်အချက်တွေ လိုက်နာလျှင် leaky gut ပျောက်သွားနိုင်ပါတယ်။

Dr. PHYO MAUNG

2 thoughts on “Leaky gut

  1. ဆရာ Organic,Non GMO (အသားေတြက ေမြးျမဴေရးပဲစားႏိုင္)ေတြေရွာင္ႏိုင္ရင္ Leaky gut ကမေကာင္းေတု့ႏိုင္ေတာ့ဘူးလားဆရာ

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest